" ဘာဝယ်မှာမလို့ ဒီကိုခေါ်လာတာလဲ ပြီးတော့ ထယ်... "
ဂျူံးကုတစ်ယောက် ထယ်ဟျောင်း နားနားသို့ကပ်ကာ နှစ်ကိုယ်တည်းကြားနိုင်သော လေသံဖြင့် တီးတိုးပြောလိုက်သည်။
" ဒီက ဈေးကြီးတယ်မလား ငါတို့ ဘာမှဝယ်မှာလည်း မဟုတ်ပဲနဲ့ "
" ဘာဖြစ်လဲ ဒီတိုင်းပတ်ကြည့်တာပဲ သူများတွေလည်း ဒီလိုပဲ ကြည့်နေကြတာပဲ ကိစ္စမရှိပါဘူး လာ ဟိုဘက်သွားရအောင် ကု "
ယောကျာ်းဝတ် ကုတ်အင်္ကျီတွေ နေရာရောက်တော့ ထယ်ဟျောင်းလည်း အညိုရောင် long coat တစ်ထည်ကို ယူကြည့်လိုက်သည်။
" လှသားပဲ.. ကုကု မင်းကြိုက်လား လှတယ်မလား? "
" အင်း လှတယ် "
" မင်းဝတ်ကြည့်ပါလား ကု "
" ရတယ် မဝတ်တော့ဘူး "
" လုပ်ပါ ဝတ်ကြည့်ပါ ငါ မင်းနဲ့လိုက်မလိုက် ကြည့်ပေးမလို့ "
သူတို့နှစ်ယောက် ဘေးနားသို့ အရောင်းဝန်ထမ်း မိန်းကလေးလည်း ရောက်လာသည်။
" လူကြီးမင်းတို့ ဝတ်ကြည့်လို့ရပါတယ်ရှင့် "
" လုပ်ပါ ကုကု မင်းနဲ့ဆို အရမ်းလိုက်မှာ ငါဖက်ရှင် အမြင်ရှိရှိ ရွေးပေးထားတာနော် "
ဂျူံးကု လည်း မငြင်းတော့ပဲ ထယ်ဟျောင်း ဝတ်ခိုင်းသော long coat အားဝတ်လိုက်သည်။
မှန်ရှေ့တွင် ပေါ်နေသာ သူ့ပုံရိပ်က ထယ်ဟျောင်းပြောသလို ကြည့်ကောင်းသွားတာတော့ အမှန်ပင်။" ဝိုး ငါမပြောဘူးလား အရမ်း ခန့်ငြားသွားမှာဆို "
ဂျူံးကု ဝတ်ထားသော coat ကို ပြန်ချွတ်လိုက်ပြီး နေရာတွင် ပြန်ထားလိုက်သည်။
" ဈေးကြီးတယ် ဒီတိုင်း သွားရအောင် ထယ် "
" ငါဝယ်ပေးမယ် မင်းကြိုက်တယ်မလား? "
အရောင်းဝန်ထမ်း မိန်းကလေးကလည်း သူတို့၂ယောက် ငြင်းခုန်နေတာ သတိထားမိတယ် ထင်ပါရဲ့ အလိုက်အထိုက်လေး ပြန်ပြောပေးလေသည်။
" ခရစ္စမတ် promotion ရှိပါတယ်ရှင့် အခုဆို လူကြီးမင်းတို့ ရွေးထားတဲ့ long coat က 25% လျှော့ထားပါတယ် "
YOU ARE READING
With You
Romanceအချစ်က ချိုတယ် အချစ်က နူးညံ့တယ် အချစ်က နွေးထွေးတယ် တခါတလေကျတော့လည်း အချစ်က ရေအေးစီးကြောင်းလေးလို အေးချမ်းတယ် အချစ်က ချိူတယ် အချစ်က နူးညံ့တယ် အချစ်က နွေးထွေးတယ် တခါတလေကျတော့လည်း အချစ်က ရေအေးစီးကြောင်းလေးလို အေးချမ်းတယ် Subtitle - Myanmar 🇲🇲