Love is competition 8

5.7K 392 2
                                    

Love is competition
Part-8
Unicode
ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်အား ကျောင်းလိုက်ပို့ပေးပြီး ထိုင်နေကျ ကဖေးသို့ လာခဲ့သည်။
ကျင်းလင် : ဝမ်ရိပေါ်  ငါတို့ဒီမှာ
ရိပေါ် သူငယ်ချင်းနှစ်ယောက်ဘေးတွင် ဝင်ထိုင်လိုက်ပြီး တဟူးဟူးနဲ့ သက်ပျင်းတွေချလိုက်  ပြုံးလိုက်လုပ်နေသည်။
ကျိုးချန် : ဝမ်ရိပေါ် မင်းဘာလို့ပြုံးနေတာလဲ
Yibo :  ငါ ရှောင်းကျန့်ကို တကယ်ချစ်မိနေပြီထင်တယ်
ကျင်းလင် : ဝါး ဝမ်ရိပေါ် မင်းပေါ်တင်ကြီးကို ဝန်ခံလိုက်တာပါလား
Yibo : မင်းတို့နှစ်ကောင်မပြောလို့ငါက ဘယ်သူ့ပြောရမှာလဲ 
ကျင်းလင် : အေးပါကွာ ထားပါတော့
ကျိုးချန် : ဆိုစမ်းပါအုန်း ချစ်သွားရတဲ့အကြောင်းလေး
Yibo :  ငါလည်းမသိဘူး အရင်ရက်တွေတုန်းကတော့ သူ့ကို ငါ ပြိုင်ပွဲတစ်ခုရဲ့ target လို့သတ်မှတ်ထားတာ ဒါမဲ့ ငါလေ သူကားထဲမှာ မေ့သွားတယ်လို့ကြားတော့ ငါအရမ်းစိတ်ပူခဲ့တယ်၊သူ့နဖူးလေးပွန်းသွားရုံလေးကို ငါအရမ်းဒေါသထွက်ခဲ့တာ အဲ့အချိန်မှာ ငါသိလိုက်တာက ငါသူ့ကို စိတ်ဝင်စားနေပြီလို့ပြီးတော့ ဒီထက်ပိုသေချာတာ တစ်ခုရှိသေးတယ်။
ကျင်းလင် ဖုန်းထဲမှ အသံ recording မသိမသာနှိပ်လိုက်ပြီး
"ဘာကိုသေချာသွားတာလည်း ဝမ်ရိပေါ် "
ရိပေါ်နူးညံ့စွာ ပြုံးလိုက်ပြီး
" ဒီမနက် သူ့ရဲ့အမူအယာလေးတွေက ငါ့နှလုံးခုန်နှုန်းတွေကို မြန်စေတယ်။ သေချာတယ် ငါ့သူ့ကိုချစ်မိသွားပြီ "
ကျိုးချန် : မင်းခုနက ဘာပြောလိုက်တယ် ကားထဲမှာမေ့လဲသွားတယ် ပြီးတော့ ဒီမနက် သူ့ရဲ့အမူအယာ အဲ့တာကဘာတွေလဲ ပြောအုန်း
ကျင်းလင် : ဟုတ်တယ် ရိပေါ် ငါတို့ကို တန်းလန်းကြီး ပစ်မထားပါနဲ့ကွာ ရှင်းမဲ့ရှင်းအကုန်နားလည်အောင် ရှင်းမှပေါ့
ရိပေါ်အစအဆုံးရှင်းပြလိုက်သည်။ထိုအခါမှ ကျင်းလင်းက နားလည်သဘောပေါက်သွားဟန်ဖြင့် လက်ခုပ်တီးကာ
ကျင်းလင် : ကားနှစ်စီးကိုဖျက်စီးလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ။
ကျိုးချန်  :မိန်းကလေးတွေရဲ့ အသည်းကိုခွဲတဲ့ အသည်းခွဲဘုရင်ကြီး ချစ်ရတဲ့ သူကိုတွေ့သွားပါပြီ" ဂုဏ်ယူပါတယ်။

နှစ်ယောက်စလုံးက ဂုဏ်ယူသလိုလိုနဲ့ ရွဲ့ပြောနေကြသော်လည်း ဝမ်ရိပေါ်တစ်ယောက်ကတော့ ပြန်ပြော၍မအား မနက်က အိပ်ပုပ်လေးရဲ့ မျက်နှာသာပြန်မြင်ယောင်နေတော့သည်................
"ယုန်စုတ်လေး ငါ့ကို ပြုစားနေတာ မင်းကိုဒီလိုပုံစံနဲ့ နေ့တိုင်းတွေ့နေရရင် ငါ့နှလုံးသားလေးအရည်ပျော်ကျတော့မှာဘဲ"........

Love is competition  ( complete )Where stories live. Discover now