Love is competition 18

4.5K 288 4
                                    

Love is competition (အချစ်တစ်ခုမွေးဖွားခြင်း)
Part-18
Unicode
ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့ လက်ထပ်ပြီးနောက် အိမ်ခွဲနေခဲ့ကြသည်။ခြောက်လဆိုတဲ့ အချိန်ကာလကြာပြီးနောက် ဝမ်ရိပေါ်မှာ ကုမ္ပဏီနှစ်ခု၏ လုပ်ငန်းများကို ဦးစီးနေရပြီဖြစ်သည်။ ရှောင်းကျန့်မှာ ကုမ္ပဏီလုပ်ငန်းများအား စိတ်မဝင်စားသည့်အလျောက် ဝမ်ပါပါး မင်္ဂလာလက်ဖွဲ့အဖြစ်ဝယ်ပေးထားတဲ့ GL မှာ ဦးစီးနေလေရဲ့၊ GL ဆိုင်လေးကသူတို့နှစ်ယောက် ကျောင်းသွားကျောင်းပြန် ထိုင်နေကျဆိုင်လေး
ဖြစ်သည်။ဝါသနာပါတဲ့ ပန်းချီဆွဲကာ  ဆိုင်ထဲတွင် အမျိုးစုံအောင်ချိတ်ဆွဲထားသောကြောင့်  လူအများ၏စိတ်ဝင်စားမှုခံနေရတဲ့ ဆိုင်လေးဖြစ်နေတော့သည်။
XZ : မောလိုက်တာ လူကမပြတ်တော့ဘူး ဟာနေလည်တောင်လွန်နေပြီ။
ဝမ်နင် နဲ့ ကျားချန် ဧည့်သည်တွေကို အဆင်ပြေ
အောင် လုပ်ပေးလိုက်တော့ငါကုမ္ပဏီသွားတော့မယ်။........................

ဝမ်ရိပေါ်တစ်ယောက် နေ့လည်စာစားချိန်နောက်ကျနေသဖြင့် ဆူပုပ်နေခြင်းပင်။
Yibo : ဟွန့် သူ့စားသောက်ဆိုင်ကို လုပ်နေပြန်ပြီ။
သူ့ယောက်ျားဖြစ်တဲ့ ငါက ကုမ္ပဏီ နှစ်ခုကို ကြီးကြပ်နေရတာ အဲ့လောက်အလုပ်မများဘူး၊ဒီဟာလေးကတော့ ဗိုက်ဆာလို့သွားစားထားရင်လည်း စိတ်ကောက်တာကခံရအုန်းမယ်။နေ့လည်စာဘဲ အငတ်ခံ
မယ်။ညစာတော့ အငတ်မခံနိုင်ဘူးး။
ပြောရင်းဆိုရင်းပင်  ရှောင်းကျန့်တစ်ယောက် CEO
ရုံးခန်းထဲ ဝင်လာတော့ ဝမ်ရိပေါ် ဆူပုပ်ပုပ် ဖြစ်နေတဲ့မျက်နှာလေးကနေ ချက်ချင်းပင် ပျားရည်ဆမ်းထားသလို ချိုမြသွားတယ်။
ဝမ်ရိပေါ်ထိုင်နေရာကနေ ထလာပြီး လက်ထဲတွင်ပါလာသော ခြင်းကလေးယူသယ်ပေးလိုက်သည်။
Yibo : ချစ်ကလေးလာပြီလားး ကိုယ်လည်း ခုမှ အလုပ်တွေပြီးတာ နေ့လည်စာစားချိန်ရောက်နေမှန်းတောင်မသိဘူး။
XZ   : ဟုတ်လား ချစ်ကလေးက ဆိုင်မှာ ဧည့်သည်တွေနဲ့ပြည့်နေတော့ နည်းနည်းနောက်ကျပြီးမှ
ထွက်လာတာ လမ်းမှာ ဒါလင်များ ဗိုက်ဆာနေမလားဆိုပြီး စိတ်ပူနေတာ
Yibo : ဟုတ်လား အချစ်ကလေးရောစားပြီးပြီလား
XZ: မစားရသေးဘူး ဒီနေ့ ဒါလင်နဲ့ တူတူစားမလို့
Yibo  : ဟာ ဘာလို့မစားထားတာလည်း ကိုယ့်ချစ်ကလေး ပိန်သွားမှဖြင့်တော်ကြာယောက္ခမကြီးနဲ့ တွေ့ရင် ကိုယ်မျက်နှာပျက်ရတော့မယ် ၊လာလာစားရအောင်
ဝမ်ရိပေါ်ချိုင့်တွေဖွင့် ဇွန်းတွေတပ်ပေးပြီး ပြင်ဆင်ပေးနေလေသည်။ရှောင်းကျန့် အဖြစ်သည်းလှတဲ့ ဝမ်ရိပေါ်ကြောင့် ချွဲချင်စိတ်များဖြစ်ပေါ်လာတော့သည်။
XZ   : ဒါလင်...မစားချင်တော့ဘူး။
Yibo : ဘာလို့လဲ အချစ်ကလေးရဲ့
XZ. : ဘာလို့မှ မဟုတ်ပါဘူး၊စားရမှာပျင်းလို့
Yibo : အော် ကိုယ်သိပြီ၊ကိုယ့်အချစ်ကလေးက ကိုယ်ခွံ့ကျွေးတာ စားချင်တာမလား။
XZ. : ဟွန့် ခုမှသိတာလား၊အရိပ်ပြလို့အကောင်မထင်တဲ့ဒါလင် စားဝူးသွား
Yibo : အယ် စိတ်ဆိုးတာလား၊မဆိုးပါနဲ့ကွာ ကိုယ်ခွံ့ကျွေးမယ်လေ၊ဒါမှမဟုတ် ညကျရင်လျှောက်လည်ကြမလား၊ ကိုယ်လိုက်ပို့မယ်။
XZ : တကယ်လား
Yibo : အင်းတကယ်ပေါ့ ကိုယ့်အလုပ်တွေ အပြီးသတ်ပြီးတာနဲ့ စောစောလာကြိုမယ်။
XZ   : ရေးး ဒါမှဒါလင်ကွ ချစ်တယ်နော် မွ
Yibo : ကဲလာ ပါးစပ်ဟ အာ..........................
................................................................
XZ : ဒါလင် ချစ်ပြန်တော့မယ်နော် ဆိုင်ကို ဒီတိုင်းထားခဲ့တာ စိတ်မချဘူး။
Yibo : ဒါကြောင့်ပြောတာပေါ့ ကိုယ့်ကုမ္ပဏီက လူတစ်ယောက်ခေါ်ပြီး မန်နေဂျာ ခန့်ထားလိုက်ပါဆို အခုတော့ ချစ်ကလေးပြန်ရင် ကိုယ်တစ်ယောက်တည်းကျန်ခဲ့တော့မှာကြည့်
ဝမ်ရိပေါ် ရှောင်းကျန့်အား ကျီစယ်သလိုလေး ပြောလိုက်ပေမဲ့ ရှောင်းကျန့်တို့ဘာတွေအတွေးပေါက်မှန်းမသိ ဝမ်ရိပေါ်ပေါင်ပေါ် ထိုင်ချလိုက်ပြီး ငိုလေတော့သည်။
XZ  : မှန်မှန်ဖြေနော် ဒါလင်ကချစ်ကလေးကိုမချစ်တော့ဘူးမလား
Yibo : ဟင် ဘာဆိုင်လို့လဲ
XZ    : ခုနပြောတာကြည့်ပါ့လား ချစ်ကလေးပြန်ရင် တစ်ယောက်တည်းကျန်ခဲ့တော့မှာဆိုတော့ ဒါလင်က ဘယ်သူနဲ့ ကျန်ခဲ့ချင်လို့တုန်းးး
ဝမ်ရိပေါ် ရှောင်းကျန့်ရစ်နေပြီဆိုတာ ပြောစရာမလိုတော့ဘဲကို သိသွားပါပြီ။
Yibo  : အချစ်ကလေးကလည်း ဒါလင်က ကုမ္ပဏီအလုပ်တွေလုပ်ရင်းနဲ့ ဘေးနားက ချစ်ကလေးရဲ့ မျက်နှာကို ကြည့်ချင်လို့ပြောတာလေ၊ဒီကလေးလေး လျှောက်တွေးနေပြန်ပြီကြည့်အုန်း။
ပြောရင်းဆိုရင်း သူ့ပေါ် ထိုင်နေတဲ့ ရှောင်းကျန့် ရဲ့ခါးလေးကိုဖက်ထားလိုက်သည်။ဆူပုပ်ပုပ်လေးလုပ်ထားတဲ့နှုတ်ခမ်းလေးကိုနမ်းမလိုလုပ်တော့
ဒူ....ဒူ....ဒူ (ဖုန်းလာခြင်းပင်)
XZ : ဟဲလို ဝမ်နင် ဘာဖြစ်လို့လဲ
ဝမ်နင်: အကိုရေ မြန်မြန်လာမှဖြစ်မယ် ဒီမှာ
ပြဿနာတက်နေပြီ။
XZ  : အင်း ငါလာခဲ့မယ်၊ခဏစောင့်........

Love is competition  ( complete )Where stories live. Discover now