My Man.Fifteen(uni)

978 49 6
                                    

မျက်ရည်....သူမျက်နှာပေါ်ကမျက်ရည်တွေ...
Jong Inသုတ်ပေးချင်သည်...
သူချစ်ခဲ့ဖူးတဲ့မျက်နှာနုနုလေးထက်ကမျက်ရည်စတွေကိုတယုတယသုတ်ပေးချင်သည်....

မျက်ရည်တွေသာကျနေပေမဲ့...
ရှိုက်သံလေးတောင်မထွက်လာသောSehun...

မျက်ဝန်းနီနီတို့ထက်ကပုံရိပ်တွေကတော့Jong Inပေါ်မုန်းနေကြောင်းသိသာလွန်းသောနာကြည်းမှုတို့ကိုJong Inခံစားမိသည်....

Sehunဘယ်လောက်ခံစားနေရမလဲ? Jong Inသိသည်...ဒါပေမဲ့...Jong Inမသိနိုင်ပါ...သိပ်ချစ်ခြင်းကြောင့်လား?....
ချစ်ပါသည်....အရမ်းချစ်ပါသည်....အခုချိန်မှာSehunရင်ခွင်ထဲတိုးဝင်ပြီးကလေးတစ်ယောက်လိုငိုပစ်ချင်သည်....

အခုတော့ချစ်ရသူရဲ့နာကျင်နေသောအကြည့်စူးစူးတွေကိုသာအလူးအလဲကြည့်နေရသည်...

ခဏပါ...ဒါဟာ..ခဏတာပါ....ပြန်လာမည်...
Sehunရင်ထဲကိုမရမကပြန်လာမည်...

ခဏတာထားသွားမဲ့Sehunရဲ့အချစ်တွေကိုJong Inသာပြန်လည်သိမ်းပိုက်မည်.....

သို့သော်

စကားတစ်ခွန်း​မှမပြောဘဲ...
အချိန်တော်တော်ကြာတဲ့ထိသူမျက်နှာကို
တစ်စိမ့်စိမ့်ကြည့်နေသောSehun....

Jong Inကိုအရမ်းများမုန်းသွားပြီလား?
ဆက်ချစ်ပေးနေပမလား?
ချစ်နေပေးအုန်းမယ်မလား?ဆိုတဲ့
မိုက်ရူးရဲဆန်ဆန်တစ်ဖက်သက်ဆန်ဆန်အတွေးတွေကိုတွေးမိနေတဲ့Jong In....

Jong Inကိုအချိန်တော်တော်ကြာသည့်အထိစကားမပြောဘဲတစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိသည်....

အဓိပ္ပါယ်ဖော်လိုမရတဲ့Sehunရဲ့မျက်ဝန်းတို့ကJong Inကိုမုန်းနေသည်ဆိုတာသိသာလွန်းနေသည်....

🔒🔒🔒🔒🔒🔒🔒🔒🔒🔒

Jong Inတစ်ယောက်ထဲအချိန်တော်တော်ကြာသည့်အထိထိုင်နေမိသည်...

ခြေသံပြင်းပြင်းနဲ့ထသွားသောSehunနောက်ကျောပြင်ကျယ်ကျယ်ကိုပြေးဖက်ထားချင်ပေမဲ့....

Jong Inအနေနဲ့...Jong Inစိတ်ထဲမှာတော့Sehun သူကိုမမုန်းပါ...Sehunမျက်ဝန်းမှာနာကြည်းနေ​သောအရိပ်ယောင်ကိုတွေ့မိနေပေမဲ့....
သေချာပါသည်...Sehunသူကိုမမုန်းပါ...
Sehunကိုလည်းJong Inမမုန်းပါ....
သူတိုနှစ်ယောက်ရဲ့ကံကြမ္မာဆိုးဆိုးကိုမုန်းသည်...

I'm Your Man(completed)Where stories live. Discover now