My Man.Eighteen(uni)

1.1K 67 2
                                    

'ငါသတိရနေတာ...Inne..'

'တော်...ပါ...တော့..'

Jong Inကိုဆွဲဆောင့်လွှတ်ပလိုက်သောSehun....

'ဟက်... '

Sehunသိပ်ပျော်နေခဲ့ရတာ...သူချစ်တဲ့သူကသူနားကိုဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာပြီ...

Jong Inကိုရုံးခန်းထဲလာခိုင်းပြီးအပျော်တွေကိုအောင့်အီးသည်းခံထားရသည်...

သို့ပေမဲ့.....

တွေ့တွေ့ချင်းတက်တက်ကြွကြွ
နှုတ်ဆက်နေပေမဲ့Sehunမျက်နှာ
ကိုမြင်လိုက်တဲ့အချိန်မှာ
ကြောက်လန့်ရွံရှာနေတဲ့ပုံစံနဲ့အလန့်တကြားဖြစ်နေသည်....

Oh Sehun၏အစိုးမရတဲ့ဒေါသကလည်းထောင်းခနဲ....
အ့လောက်တောင်ဖြစ်နေပြီလား
Kim Jong In?

မထင်မှတ်ထားတဲ့အချိန်စိတ်ထိန်းချိန်တောင်မရဘဲ.....နှုတ်ခမ်းတို့ကိုအားရပါးရချယ်လှယ်လိုက်သည်....

အနမ်းတို့ကြမ်းလာခဲ့သမျှJong Inနှုတ်ခမ်းဖူးဖူးတို့ကလည်းအရသာရှိလာသည်.....
အတင်းငြင်းဆန်နေပေမဲ့ နှစ်နှစ်ကြာအလွမ်းတွေကိုမဖြေသိမ့်ပေးနိုင်....

လွှတ်ပေးလိုက်တော့စိတ်ပျက်နေသောမျက်လုံးများနဲ့ကြည့်လာသည်...
နှုတ်ခမ်းများကိုဖိဆွဲပြီးသုတ်ပစ်နေသော
Jong In...

'ဘာလဲ...မင်းကငါကိုအ့လောက်တောင်ရွံနေတာလား?'

'......'

'ဪ....မင်းမိန်းမ အထင်လွဲသွားမှာဆိုးလို့လား?မင်းနှုတ်ခမ်းတစ်ခုခုဖြစ်သွားမှာအ့လောက်ကြောက်နေတာလား...
အ့လောက်တောင်အ့မိန်းမကိုချစ်နေခဲ့တာလား?'

'ဘာတွေပြောနေတာလဲSehun...'

'မင်းအကြောင်းကိုသိချင်လွန်းလို့ငါစုံးစမ်းနေခဲ့တာ....ငါသိလိုက်ရတဲ့အချိန်မှာမင်းကကိုယ်ပိုင်မိသားစုလေးနဲ့သိပ်ပျော်နေတယ်ပေါ့...
ငါမှာတော့ရင်တွေကွဲမတတ်ဘဲ
Kim Jong In'

Sehunပြောသောစကားအဓိပ္ပါယ်တွေကိုJong Inနားမလည်နိုင်ပါ...ဘာတွေပြောနေတာလဲ...မိန်းမ?မိသားစု?
ဘာတွေလဲSehunရာ.....

'မင်းအထင်မှားနေတာနေမယ်....
ဒါကြောင့်အဓိပ္ပါယ်မရှိတာတွေနားမထောင်နိုင်ဘူး.ငါသွားတော့မယ်... '

I'm Your Man(completed)Opowieści tętniące życiem. Odkryj je teraz