Unicode

3.8K 371 57
                                    

"စောစောပြန်လာရမယ်နော်
ပြီးတော့ တွေ့ရာလူနဲ့စကားမပြောနဲ့
အရေးအကြီးဆုံးက ပုဝါကိုမချွတ်ရဘူး
ကိုယ့်မျက်နှာကိုသူများမြင်လို့မဖြစ်ဘူး
အကယ်၍ ယောကျာ်းလေးတစ်ယောက်က
သူ့မျက်နှာဖုံးကိုချွတ်ပြလာရင်လဲ လုံးဝ
မျက်နှာကိုကြည့်လိုက်လို့မဖြစ်ဘူးနော်"

ခေါင်းကို တရစပ်ငြိမ့်။ ကြားတဲ့ဟာလည်း ကြား။ မကြားတဲ့ဟာလဲ မကြား။ အာရုံတွေက တောင်ပေါ်တန်းက ပွဲဈေးဆီမှာ။ ဟုတ်တယ် ဒီလပြည့်ပွဲကိုမှ မသွားရရင် Seoulကို မပြန်နိုင်ဘူး။

" လီဆွန်း! အဘွားပြောတာ ကြားရဲ့လား?"

Hanbok အပြာနုလေးရဲ့ ရင်ဘတ်ကြိုးစည်းလေးကို အဘွားက ကူချည်ပေးနေရင်းက ဟောက်တယ်။ အဟဲ။ သွားကလေးဖြဲလို့ မျက်နှာချိုသွေး၊ ခေါင်းကို ဆတ်ဆတ်ငြိမ့်ပြလိုက်တယ်။

၂၀၁၉ ပဲကုန်လို့ ၂၀၂၀ရောက်တော့မယ်။ ဂျပန်ခေတ်က ယုံတမ်းပုံပြင်တွေက အဘွားပြောသမျှပေါ့။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ။ ဘယ်နှယ့် 'လပြည့်ပွဲ'မှာ သူစိမ်း ယောကျာ်းလေးတစ်ယောက်မျက်နှာကို ကြည့်မိတာနဲ့ ကျိန်စာသင့်မှာတဲ့လား။ ပေါက်ကရ။

"၁၀နာရီမထိုးခင် ပြန်လာမယ်လေ
သမီးက ၂နှစ်သမီးကလေးမှမဟုတ်တာ ၂၁နှစ်သမီးပါ
ပြီးတော့ မနက်ဖြန်ပဲ Seoulကိုပြန်ရတော့မှာ ဒီတစ်ညပဲ လည်ရတော့မှာ
အဘွားကလည်း.."

အဘွားက သက်ပြင်းသဲ့သဲ့ချပြီး သခွားရောင်ပုဝါလေးကိုပဲ နှာခေါင်းအပေါ်က စည်းပေးတယ်။ ဒီပွဲကို သွားချင်ရင် ဒါတွေ လုပ်ကိုလုပ်ရမယ်ဆိုလို့သာပေါ့။ မဟုတ်ရင် Hoodieလေးကောက်စွပ် ဂျင်းဘောင်းဘီတစ်ထည်နဲ့ လီဆွန်းတို့ တောင်ပေါ်ပြေးတက်ပြီးပြီ။ ထားပါ။

"ကင်မရာ ယူမသွားနဲ့ မျက်လုံးနဲ့ပဲလေ့လာခဲ့"

"ဟာ..."

စောဒကတက်မယ့် ပါးစပ်က စကားနားမထောင်ရင် မသွားနဲ့ ဆိုတဲ့စကားမလာခင် ပိတ်ပစ်လိုက်ရတယ်။ အိုခေ ရတယ်။ အရေးကြီးတာက ပွဲကိုသွားရမယ်။ ဘာလို့လဲမသိပေမယ့် စိတ်ထဲကနေ အတင်းတွေသွားချင်နေတာမျိုး။

"အဘွားပြောတာတွေ မှတ်မိတယ်နော် ဆွန်းလေး
ဒီနေရာက seoulမဟုတ်ဘူးဆိုတာ သိတယ်နော်"

When The Night Comes [ One Shot ]Donde viven las historias. Descúbrelo ahora