<Unicode>
"တီ တီ တီ တီ....." ဆိုသောနိုးစက်နာရီ မြည်သံ
ကြောင့် ကာရံသွင်ရုတ်တရက်လန့်နိုးသွားတယ်။လန့်နိုးတယ်ဟုဆိုသော်လည်း မျက်လုံးကမပွင့်သေး ဘေးနားက တစ်စုံတစ်ယောက်ကိုစမ်းနေသော်လည်း ဘေးမှာလွတ်နေတဲ့ နေရာအေးအေးလေးတစ်ခု..... ရုတ်တရက် တွေးမိလိုက်တယ်။
သူ ဆေးရုံမှာလား ..? ဒါမှမဟုတ်.... အားယူကာ မျက်လုံးကို ဖွင့်လိုက်သည်နှင့်တပြိုင်နက် ထူးဆန်းနေတဲ့ မျက်နှာကျက်တစ်ခု.....
အမှန်တိုင်းပြောရရင် ဒီမျက်နှာကျက်ကို မစိမ်းလှသော်လည်း သူမမှတ်မိ။
ထိုစဥ်အခန်းခေါက်သံ ကြားလိုက်ရတယ် ။
မကြားရတာကြာပြီဖြစ်သော အသံတစ်ခုက
သူ့ရင်ကိုလှုပ်ခတ်သွားတယ်။"သွင်လေး ကျောင်းနောက်ကျမယ် " ဆိုတဲ့ မေမေ့ရဲ့
လာနှိုးတဲ့အသံပင်......။ဒါ အိမ်မက်လား.........
အိမ်ယာမှအတင်းထကာ ဘေးနားကို ဝေ့ဝှိုက်ကြည့်လိုက်တယ် ။ သေချာပါတယ် ဒါ သူ့အခန်း ....
အခန်းတစ်ခုလုံးကို သူကိုယ်တိုင် design ဆွဲပြီး
စိတ်ကြိုက် နေရာချထားတဲ့ သူ့အခန်း .သူ့ ချစ်သူနဲ့တူတူ လွတ်လွတ်လပ်လပ် နေနိုင်ဖို့
မထားချင်ဘဲထားခဲ့ရတဲ့သူ့အခန်းဟောင်းလေး ....ပြန်မရတော့ဘူးထင်ခဲ့တဲ့ အခန်းငယ်အငွေ့အသက်လေး
စာကြည့်စားပွဲ ပေါ်မှာ တင်ထားတဲ့စာအုပ်လေးကို
သူ ကြည့်လိုက်တယ် ။သိပ်မစိမ်းလှတဲ့လက်ရေးလေး နေသော်ကိုယ်တိုင်
ရေးပေးထားတဲ့ သူ့ နာမည်လေး"မောင်ကာရံသွင်
ဒသမတန်း (က)" ဟူ၍ ......ပြန်လည်ရှင်သန်ခြင်းဆိုတာ ဒါမျိုလား ??
ကျောင်းစိမ်းဝတ်စုံကို သေချာအကျအန ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းခဲ့လေတယ် ။သူ မှတ်မိသေးတာပေါ့ ။ သူ့ ဦးတည်ချက်တွေက ထမင်းစားဝိုင်းဘက်ကို လျှောက်သွားလိုက်တယ်
သူကျောင်းမသွားခင် မိသားစုဝင်အကုန် မနက်စာကို
တူတူ လက်ဆုံစားနေကြပဲဖြစ်ပြီး မိသားစုဝင်အကုန်ဟု ဆိုသော်လည်း အိမ်သားမများလှပေ။
YOU ARE READING
I fall in love with him again ! (Completed)U+Z