<Unicode>
ချောက် ချောက် ချောက် " နံရံမှာကပ်ထားတဲ့ နာရီအိုကြီးက ရင်ခုန်သံနဲ့ထပ်တူ မြည်ဟည်းနေတယ် ။မဟုတ်သေးဘူး ....ငါ့ ရင်ခုန်သံကပိုပြီး ကျယ်လောင်နေတာ ပိုပြီးဆူညံနေတာ ။
သူ ဒီလိုမျိုးထိုင်နေတာ နာရီပေါင်း ၇၂ နာရီ ရှိပြီ ။
အသေချာပြောရရင်သူ့နံဘေးက ဖိတ်စာရွှေရောင်လေး ရပြီးထဲကတော့ပေါ့.....ပါးထက်က ကျလာတဲ့ မျက်ရည်က အခုက လာပြီးပေါများနေလိုက်တာ ။
လမ်းခွဲတုန်းကတော့ မာနက ဒီမျက်ရည်တွေကို တိုက်စားသွားလိုက်တာအခုများတော့ သူ မဟုတ်တဲ့ အတိုင်းပဲ ။
ရုတ်တရက်ဆိုသလို ဒီလူက တစ်ခုခု လိုနေတယ် ။ အရမ်းလည်းပျံ့လွင့်လွန်းမနေတဲ့ ရေမွေးနံ့သင်းသင်းလေးတစ်ခု ပိုပြောရရင် အနားရောက်မှပိုပြီး ဆွတ်ပျံ့ ဖွယ်ကောင်းတဲ့ရနံ့တစ်ခုလွှမ်းခြုံထားတာမျိုး ဒါမှမဟုတ်ရင်ခပ်နွေးနွေးရင်ခွင်တစ်စုံနဲ့အတူအေးစက်စက် ရမက်မပါတဲ့ အနမ်းကို လိုချင်တာလား ??
ပြတင်းပေါက်ကနေဖြတ်ပြီး တိုးဝင်လာတဲ့လေက
ခပ်ဖျော့ဖျော့ပဲရှိတဲ့ အိမ်ထဲကလူငယ်လေးကို ရိုက်ခတ်သွားတယ် ။ခန်းစည်းစအပြာလေး လေမှာလွင့်နေတာက သူတို့ရဲ့ လက်ရှိပတ်သတ်မှုလိုပဲလျော့ရဲရဲ ။
အဲ့ဒီလူသာရှိရင် ပြတင်းပေါက်တံခါး မပိတ်လို့ ပွစိပွစိ လုပ်နေမယ့်ပုံကိုမြင်ပြီး လူငယ်လေးကခြောက်ကပ်ကပ် ပြုံးလိုက်သေးတယ် ။
ဝါရံတာဆီကိုထသွားဖို့လုပ်ပေမယ့် နာကျင်ပြီးထုံနေတဲ့ ခြေထောက်တွေကမလိုက်ချင်ဘူး ။
၆ ထပ်မြောက်လူငယ်အခန်းရဲ့ဝါရံတာလေးကနေ
လှမ်းကြည့်ရင်ဟိုဘက်ဒီဘက်ကို ဆက်သွယ်ထားတဲ့ တံတားရှည်ကြီးတစ်ခု ။လူသွားလူလာ သိပ်များတဲ့အရပ်ကို တမင်ရွေးချယ်ထားပေမယ့် ဒီနေ့တော့ တိတ်ဆိတ်ဖို့လိုအပ်နေတယ်
စီးကရက်ကို နှုတ်ခမ်းထက်မှာခဲပြီး မဲ့ပြုံးပြုံးလိုက်မိတယ်။
ESTÁS LEYENDO
I fall in love with him again ! (Completed)U+Z