Part 23

4.2K 186 0
                                    

ပိုင်ရှင်
အပိုင်း (၂၃)
#ပိုင်ရှင်

“ဝိုင်း...”
“ဟော....နင် မအားဘူးဆိုပြီး...”
မာန်သွေး ခေါင်းညိတ်ပြီး အခန်းထဲ ရောက်တဲ့ အထိ၀င်သွားလိုက်တော့ ဝိုင်းက လုပ်လက်စတွေကို ချထားခဲ့ပြီး ထလာသည်..။
ဆိုဖာမှာ ပစ်ချထိုင်တော့ ဝိုင်း က မျက်ခုံးတွန့်ကြည့်ပြီး မေးငေါ့ ခါ မေးခွန်းထုတ်သည်..။
မာန်သွေး စကားတွေ မပြောခင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆိုဖာကနေ ကျောခွာခါ မတ်မတ်ပြင်ထိုင်လိုက်ရသည်..။
“ပုံ့ နဲ့ သူ့ ကောင်လေး အဆင်မပြေဘူးလား..”
“ဟမ်..”
၀ိုင်းက နားမလည်သလို နှုတ်ခမ်းခပ်ဟဟ ဖြစ်ခါ ငေးကြည့်နေတော့ မာန်သွေး စိတ်မရှည်စွာ မျက်ခုံးတွန့်တက်သွားရသည်..။
မေးတဲ့ မေးခွန်းက ဘယ်လောက် ဖြေရခက်နေလို့ ကြောင်တောင်တောင် တွေ လာလုပ်နေတာလည်း....။
“ကျစ်...ပြောလေဟာ..”
“နေပါဦး...အခု နင် က ဘာဖြစ်လာတာလည်း..”
“ဟူး...ပုံ့ ငိုသွားတယ်...သူတို့ ရန်ဖြစ်ထားတယ် ထင်တယ်...”
“ဟုတ်မယ်...ဟိုကောင်လေးလည်း သိပ်မတွေ့ဘူး....နင်က ဒါမေးဖို့အတွက် ငါ့ဆီကို လာတာလား...”
“အေးလေ...ငါ အခုတလော ပုံ့ ကို သိပ်ဂရုမစိုက်မိဘူး...သူ ဘာတွေ ဖြစ်နေလည်း မသိတော့ စိတ်ပူရတယ်ဟာ...”
“ဟဲ့....ပုံ့က ဆယ်နှစ်သမီး မဟုတ်ဘူး..”
၀ိုင်းရဲ့ ဘုကလန့် အဖြေ တစ်ခုကြောင့် မာန်သွေး မျက်ခုံးပင့်ခါ ပြန်စဉ်းစားနေရသည်..။
ကိုယ်က ပိုနေတယ်လို့ ပြောချင်တာလား...
ညီမ ကို တော်တော် ချစ်ပုံရတဲ့ တုနှိုင်းမဲ့ အစ်မတော်တစ်ယောက်ပါလားနော်...။
“နင် ဘယ်တော့ ဖွင့်ပြောမှာလည်း...”
“ဟမ်..ဘာလည်း..”
မာန်သွေး အလန့်တကြား မျက်လုံးပြူးပြီး ကြည့်လိုက်တော့ ဝိုင်းက ဟက်ကနဲ့ တစ်ချက်ရယ်ပြီး ရှေ့က ပန်းအိုးကို နေရာရွေ့နေပြန်ပြီ..။
ကိုယ့်မှာတော့ ဘာစကားမှန်း မသေချာခင် ရင်တွေက ခုန်နှုန်းမြန်နေရပြီ...။
“ငါ့ကို ဖေဖေ ပြောတယ်...နင် နဲ့ ပုံ့  က သံယောဇဉ် ပိုရှိတယ် ထင်တယ်တဲ့လေ...”
“ဟင်..”
“ငါပြောချင်တာ သဘောပေါက်လား..”
မာန်သွေး ခေါင်းရမ်းပြီး အဖြေပေးတော့ ဝိုင်းက ရယ်ပြန်ပြီ...။
မျက်နှာပိုး သေချာသတ်ပြီး နှုတ်ခမ်းကို ဖိကိုက်ခါ စကား မပြောနိုင်သေးတဲ့ ဝိုင်းကို ကြည့်ရင်း ဒေါသထွက်လာရသည်..။
“ဘာလည်းဟာ...”
“လူကြီးတွေတောင်နင့် စိတ်ကို ရိပ်မိတယ်လေ...နင့်ကိုနင် လုံလှပြီ ထင်နေတာလား...”
“ဟာ...”
“ဟား..ဟား...ဖြစ်သွားတဲ့ ရုပ်ကြီးကလည်း...”
မာန်သွေးရဲ့ မျက်လုံးပြူးနေတဲ့ ပုံကို ကြည့်ခါ ဝိုင်းက လက်ညိုးထိုးရယ်ပေမဲ့ ကိုယ့်မှာတော့ ပြုံးတောင် မပြဲုံးနိုင်ပါ...။
ဦးလေးကျော်တောင် သိနေရင် ဖေဖေ တို့ မေမေတို့ကော...ကိုကြီး....မဟုတ်မှ ပုံ့လည်း သိပြီး သူတို့ ချင်း အထင်လွဲ ပြသာနာတက်ကြတာလား..။
“ဝိုင်း..”
“ပြော...”
“ငါတို့ လက်ထပ်မှ ဖြစ်မယ်..”
“ဟောတော့...အကြောင်းပြချက်လေး ပေးပါဦးဟ...”
“ပုံ့ နဲ့ သူ့ ကောင်လေး ပြသာနာတက်နေတာ ငါ့ကြောင့် ထင်တယ်...ပုံ့ လည်း စိတ်ညစ်နေရတာ သနားဖို့ကောင်းတယ်...ငါ လက်ထပ်လိုက်ရင် အားလုံးရဲ့ သံသယတွေ ကင်းသွားမှာ မလား..”
“အမလေး...ချစ်သူရဲကောင်းကြီး....ကျွန်မကတော့ ရှင့်ကို အဖြည့်ခံ ပါရမီ မလုပ်ပေးဘူးနော်...လက်ထပ်တာ  လွယ်တာမှတ်လို့...အမလေး..မချစ်တဲ့ သူနဲ့ တစ်သက်လုံး လက်မထပ်နိုင်ဘူး...”
“ကျစ်..”
“မာန်သွေး...”
“ဟင်..”
“နင် ဘာကို ကြောက်နေတာလည်း...ယောင်္ကျားလေး ဘက်က ဖွင့်ပြောမှ မိန်းကလေးဘက်က ခေါင်းညိတ်လို့ရမှာလေ...”
မာန်သွေး ရင်ထဲဆွေးသွားခါ သက်ပြင်းတစ်ချက် အရင် ရှိူက်လိုက်မိသည်။
“ပိုင်ရှင် ရှိပြီးသားသူကို ဖွင့်ပြောမယ်ဆိုရင် လူ့ကျင့်၀တ်တောင် နားမလည်တဲ့သူ ဖြစ်မှာပေါ့ဟာ...ပုံ့ လည်း ငါ့ကို မုန်းသွားလိမ့်မယ်...သူ လေးစားရတဲ့ အစ်ကိုတစ်ယောက် က သူ့ အပေါ် မရိုးသားတဲ့ စိတ်ထား ရှိနေတယ် ဆိုတာ သိရင် ဘယ်လို တုန့်ပြန်လာမလည်း ငါမတွေးရဲဘူး...”
“ဟူး...ဒါတော့ စိတ်နဲ့ ဆိုင်တယ်...အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူးတဲ့...နင်တို့ ညီအစ်ကို နှစ်ယောက်ကလေ..ငါတို့ ညီအစ်မ အတွက် မိစ္ဆာ ဆိုးပဲ...”
“ဟား..ဟား...နင် ကလည်း ကိုကြီး ဖွင့် ပြောလာမဲ့ နေ့ ကို မျှော်နေတယ်ပေါ့...”
“ဟုတ်တယ်...ရှန်ပိန် တစ်ပုလင်း ဆောင်ထားတယ်....ပွဲခံရမယ်..”
“ရှန်ပိန်က ဘာအတွက်လည်းကွ..”
ကိုကြီးက တံခါးက ၀င်လာရင်း မေးတော့ ဝိုင်း မျက်လုံးပြူးနေတာ ကြည့်ပြီး မာန်သွေး ခိုးရယ်မိသည်..။
“သြော်...ဒါလား...”
မာန်သွေး ပါးစပ်ပြင်နေတာတွေ့တော့ ဝိုင်းက ဘာပြောရမှန်းမသိခင်...ပျာပျာသလဲပုံစံဖြင့် လက်မောင်းကို ကုတ်ဆွဲတားခါ
“လက်ထပ်ပွဲ........အဲ....မင်္ဂလာဆောင် အတွက်  တိုင်ပင်နေတာပါ ကိုကြီး...အိပ်ခန်းပြင်ရင်  ရှန်ပိန်ပါ ထည့်ပေးရမယ်လို့...အဲဒါပါ..”
“သြော်...”
ကိုကြီး ရဲ့ တစ်ခုခု နင်နေတဲ့ သြော်သံ ကြီးကြောင့် မာန်သွေး တစ်ဖက်လှည့်ပြီး ရယ်မိသည်..။
ဘာမှမသိရှာတဲ့ ကိုကြီးကတော့ မျက်နှာပျက်နေပေမဲ့ ဆိုဖာ မှာ၀င်ထိုင်ရင်း အိနြေ္ဒဆယ်လိုက်သည်...။
“ပုံ့ ကျောင်းပြီးမှဆို လိုသေးတယ်မလား..”
“မဟုတ်ဘူး ကိုကြီးရဲ့ ညီတို့ နောက်လလောက် စီစဉ်ထားတယ်...”
“ဟင်..နောက်လ..”
“ဟုတ်တယ်လေ.....မြန်မြန်ပြီးတော့ အေးတာပဲ...”
“မဟုတ်ဘူးလေ...စီိစဉ်စရာ တွေ ရှိတယ်လေ...”
“ကိုကြီး ကသာ စီစဉ်နေ ဝိုင်းက ရှန်ပိန်တောင် ၀ယ်ထားပြီ..”
“ဟဲ့...”
“မင်္ဂ်လာဦးည အတွက်ပါ...ဟဲ..ဟဲ...သွားပြီ...ကိုကြီး ညီမ ကိုကြီးပဲပြန်ပို့ပေးလိုက်နော်...”
“ညီ..”
“ဟဲ့...”
နှစ်ယောက်စလုံးရဲ့ ခေါ်သံတွေကို ကျောခိုင်းပြီး ထွက်လာတာ မာန်သွေး အပြုံးတွေ ကားပေါ်ရောက်တာနဲ့ ပျောက်သွားရသည်..။
ပုံ့ကို သနားလွန်းလို့ ဘာတွေ လုပ်ပေးရမှန်းတောင် မတွေးတက်တော့ပါ...။
ဖုန်းခေါ်လိုက်ဖို့ စဉ်းစားမိပေမဲ့ လက်တွေက မရွေ့ရဲပဲ ရပ်တန့် နေပြန်သည်..။
သက်ပြင်းတစ်ချက် ရိ်ှုက်ရင်း ကားကို စက်နှိုးလိုက်ရပေမဲ့ ရင်ထဲမှာ မောနေရသည်..။
.
“သြော်...ဒီမှာ ကိုကြီး အကျီ င်္ ပြင်ပြီင်္းပြီ..”
“ဟင်...မြန်လိုက်တာ...ကိုယ်တိုင်းလည်း မယူဘူး..”
ဝိုင်း အင်္ကျီ အထပ်ကိုလှမ်းယူပေးလိုက်ရင်း ပြုံးခါ
“၀တ်ကြည့်လိုက်ပါ ..ဒီဇိုင်နာ ကိုယ်တိုင် ပြင်ပေးထားတာ...”
“ဟား..ဟား...ကျေးဇူးတင်ပါတယ်....ချုပ်ခ ဘယ်လောက်လည်း...”
“တစ်သောင်း နှစ်ထောင်..”
ကိုကြီး က အကျီ င်္ ကို သေချာ လိုက်ကြည့်ပြီး မှ ပေါင်ပေါ်တင်ခါ
“ဟောဗျာ....အကျီ င်္ တန်ဖိုး တစ်၀က်တောင် ဖြစ်နေပြီ စျေးလျော့ပေးပါလား...”
“လျော့ လို့ မရပါဘူး..ဒေါက်တာရယ်....ဒေါက်တာဆီမှာ ဆေးကုတဲ့သူတွေ စျေးလျော့ ခိုင်းလို့ ရလို့လား...”
“မတူဘူးလေကွယ်...”
“ဆေးတစ်လုံးဖိုးထက် အကျီ င်္ တစ်စုံ ချူပ်ခ က စျေးကြီးတာ မသိဘူးလား ဒေါက်တာ...”
ဝိုင်းက ခပ်စွာစွာလေး နှုတ်ခမ်းစူ ရန်တွေ့ ပြောတော့ အောင်သွေး ကြည်နူးစိတ် ဖြင့် ရယ်ရင်း
“အဟား....ကိုယ်တော့ ဆေးကျောင်းမတက်ခဲ့ပဲ စက်ချူပ်သင်တန်း တက်ခဲ့သင့်တာနော်..၀င်ငွေကောင်းတယ်...
ကိုယ်ပိုင်တိုက်နဲ့ ကားနဲ့....မိုက်တယ်...”
“သင်မလား...သင်တန်းဖွင့်ပေးမယ်...ကိုကြီး တက်မယ်ဆို သုံးဆယ် ရာခိုင်နှုန်း လျော့ပေးမယ်...”
“ဟား..ဟား....အခုမှတော့ တော်ပါပြီ...”
“မမူရေ....မင်္ဂလာ၀တ်စုံ လာယူတယ်...အနီရောင်မလား...”
“အင်း...ဟုတ်တယ်လေ....သြော်...စစ်ကြည့်ပြီးမှ ပေးနော် ..”
“ဟုတ်..”
“ကိုကြီး..ခဏ...”
ဆံပင်တွေကို နောက်ကျောကို တွန်းပို့ပြီး အကျီ င်္ ဆွဲချခါ ထွက်သွားတဲ့ ဝိုင်းကို လည်ပြန်မကြည့်မိပေမဲ့ မှန်ထဲက ပုံရိပ်ကို ငေးနေမိသည်..။
ဆံပင်ရှည်လေးတွေကို မြတ်နိုးပေမဲ့ ထိကိုင်ခွင့် မရသည့် အဖြစ်ကို စိတ်ကုန်လာပြီ...။
ကိုယ့် ညီနဲ့ လက်ထပ်ပွဲတောင် ပြင်ဆင်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လို ချစ်စကားပြောရမလည်း ....။
နောက်ကျသွားလား ဆိုတဲ့ အသိ က နောင်တနဲ့ အတူ နှလုံးသားကို ဆုပ်ခြေသလို ရှိသည်..။
.
“လက်ထပ်ဖို့ လောလှချည်လား သားငယ်ရယ်...”
“ကျွန်တော် ပြောတာ မရဘူး..အဲဒါ မေမေ့ သမီးကို မေမေ ပြောပေး..”
“အိုး...ကိုယ်တိုင်ပြောမှပေါ့...လိုချင်တာ ဘယ်သူတုန်း..”
“ပြောပေးပါ မေမေရာ...”
ပုံ့ အိမ်ရှေ့ ခန်းက နေ ဆက်မလျှောက်နိုင်လောက်အောင် ခြေလှမ်းတွေက လေးကန်နေပြီ..။
လက်ထဲမှာကိုင်ထားတဲ့ အုန်းနို့ သာကူ ပန်းကန်က နတ်၀င်သလို လှုပ်ခါနေပြီး နှုတ်ခမ်းတွေလည်း ခြောက်သွေ့လာသည်..။
ဘာဆိုင်လို့လည်း...ဘာဖြစ်လို့ ဒီစကားတွေက ပုံ့ ကို လာထိခိုက်နေတာလည်း...။
ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို စက်ဆုပ်သလို မရိုးသားတဲ့ နှလုံးသားကို မုန်းတီးမိသည်..။
“သြော်...သမီးငယ်..ဘာတွေလည်း..”
“အုန်းနို့ သာကူပါ မေမေကြည်..”
“အတော်ပဲ...သမီး..ကိုကို ကို ပေးလိုက်....”
ပုံ့ ပန်းကန်ကို ဇွန်းတပ်ပြီး ကိုကိုဆီ ကမ်းပေးတော့ အမှတ်တမဲ့ လက်ချင်းထိမိပြီး ရင်တွေ ခုန်ပြန်သည်..။
အကြည့်ချင်းဆုံ ပြန်တော့ မရိုးသားသူမို့ အကြည့်တွေကို ဆတ်ခနဲ့ လွဲပစ်ရသည်..။
ကိုကို နဲ့ တွေ့ရတိုင်း မသက်သာသည်မို့ တမင်ရှောင်နေတာကို မမ ကလည်း သွားပါချည်း တွန်းလွှတ်နေသည်။
အခုတော့ နေရခက်လိုက်တာ....။
“သမီးက သတိုးသမီး အရံ လုပ်ရမှာနော်..”
“ရှင်..”
“သမီး ကိုကို က နောက်လကို ပွဲလုပ်ချင်တယ်တဲ့လေ...အခုကတည်းက စီစဉ်မှပေါ့...”
“ဟုတ်...”
ရှေ့ ကြွေပန်းကန်မှာ မြှောက်လိုက် ချလိုက်ဖြစ်နေတဲ့ ကိုကို့ လက်ခုံဖြူဖြူက အကြောစိမ်းတွေကို ကြည့်ပြီး ငိုချင်လာပြန်ပြီ...။
ပုံ့ရဲ့ သိက္ခာ အိနြေ္ဒတွေတော့ တစ်စစီ ကျိုးပျက်လာမှာ တွေးမိပြီး မတ်တက်ရပ် လိုက်ရသည်..။
“ပုံ့ ပြန်တော့မယ်..မေမေကြည်...”
“ဟင်...”
“ဟို..စာမေးပွဲ အတွက် စာကြည့်မလို့ပါ..”
“သြော်...အင်း...အခုတလော အိမ်ဘက်ကို သိပ်မလာဘူးနော်...သမီးငယ် ဘာကို စိတ်ကောက်နေတာလည်း..”
“မကောက်ပါဘူး..မေမေရဲ့...စာကျက်တယ်...နောက် ကွန်ပျူတာ သင်တန်းတက်ထားတာ မေ့မှာစိုးလို့ ပြန်နှိပ်နေတာ..”
“သြော်...လိမ်မာလိုက်တာ....သမီးကြီး ပြန်လာရင် လာပါဦးလို့...သတိုးသမီးက နောက်ရောက်နေတယ်...နည်းနည်းတွန်းပေးပါဦး သမီး..”
“ဟဲ..ဟဲ....ဟုတ်ကဲ့..”
ပုံ့ ခြေလှမ်းသွက်သွက် ထွက်လာတော့ ခြံတံခါး နားအရောက် လက်ကို ရုတ်တရက်  ဆွဲကိုင်ခံလိုက်ရသည်..။
အံသြတဲ့ မျက်၀န်း နှစ်စုံ ဆုံမိတော့ မျက်လုံးပြူးသွားရသည်..။
“ပုံ့...”
“ဟင့်အင်း...လွှတ်ပါကိုကို...”
“ဘာဖြစ်လို့လည်း ညီမလေး...ကိုကို့ ကို ပြောစမ်းပါ...”
ခေါင်းရမ်း ငြင်းဆန်နေပေမဲ့ စီးကျလက်စ မျက်ရည်တွေကို အသစ်သစ်သောမျက်ရည်တွေက တွဲခေါ်ရင်း ပါးပြင်တစ်လျှောက်လိမ့်ဆင်းသွားသည်..။
ကိုကိုက ရုန်းနေတဲ့ ပုံ့ လက်ကို ဖိဆုပ်ကိုင်ပြီး ဆွဲခါ ခြံတောင့်က ခုံဆီ ခေါ်သွားသည်..။
“ထိုင်ဦး..”
“ဟင့်အင်း...”
“ပုံ့...”
ပုံ့ ငြင်းဆန်နေပေမဲ့  ကိုကို့ ရဲ့ ခေါ်သံကြောင့် အလိုအလျောက် ထိုင်ချမိသွားတော့ သည်...။
ကိုကို က ပုံ့ မျက်နှာကို ကြည့်ရင်း ဘေးမှာ ထိုင်တော့ ပုံ့ ခေါင်းငုံ့ထားမိသည်..။
“ဘာဖြစ်လို့လည်း..ညီမလေး...ဟင်..တစ်ခုခု ဖြစ်နေတာမလား...”
“ဟင့်အင်း..”
ပုံ့ ခေါင်းငုံ့ထားရင်း ခေါင်းကိုသာ တွင်တွင်ရမ်းနေမိသည်..။
ရင်ဘတ်ထဲ စို့တက်လာတော့ မျက်ရည်မကျအောင် အသက်ကိုပင့်၇ှိုက်ရှုလိုက်ရသည်..။
“ညီမလေး တစ်ခုခု ဖြစ်နေတာ ကိုကို သိတယ်လေ....ပြောစမ်းပါကွာ...ကိုကို ရင်တွေ ပူလို့...ကိုကို က ပုံ့ ရဲ့ ဒိုင်ယာရီစာအုပ်လေးဆို.....ဟင်..”
ကိုကို့ စကားကြောင့် ပုံ့ မော့ကြည့်တော့ ကိုကို က မေးပင့်ပြီး ထပ်မေးပြန်ပြီ...။
ဘယ်အချိန်ထိလည်း ကိုကို....အချိန်ကာလ အပိုင်းအခြား တစ်ခု အတွင်း မပိုင်ဆိုင်တော့မဲ့ ဒိုင်ယာရီ လေး အတွက် ပုံ့ ၀မ်းနည်းမိတယ်...။
မရိုးသားဘူးလို့ စွပ်စွဲလာရင်လည်း ခံပါမယ်...ဟုတ်ပါတယ်...ပုံ့ နှလုံးသား မရိုးသားခဲ့ပါဘူး...။
ကိုကို ရဲ့ ဖြူစင်တဲ့ မျက်၀န်းတွေကို တွေ့ရတိုင်း...ကြင်နာတက်တဲ့ စကားသံတွေကို ကြားရတိုင်း ပုံ့ ငို ချင်တာပဲ သိတယ်..ကိုကိုရယ်....။
ပုံ့ ....ပုံ့...ပြောပြလို့မရတဲ့ ဝေဒနာတွေကို ဘယ်လို ဖွင့်ဟရမှာလည်း ကိုကို....။
ပုံ့ ၀န်ခံလိုက်ရင် ကိုကို အထင်သေးသွားမှာလေ...။
ြ့ပီးတော့...မမ...ဖေဖေ...အိုး...အားလုံးပဲ အထင်သေး အပြစ်တင်ကြတော့မှာ....
“အင့်..”
“ပုံ့ ပြောမှသိမယ်လေ....ပြောစမ်းပါ ပုံ့ရယ်..ကိုကို ရင်တွေပူလို့ပါ...”
“အင့် ...ဘာမှမဖြစ်ပါဘူး...”
“ဒီလောက်ငိုနေတာကို ဘာမှမဖြစ်ဘူးတဲ့လား...ဟင်...ပုံ့....”
“ဟုတ်တယ်...ကိုကို့ကြောင့်...”
ပုံ့ ရှိုက်သံကြားမှာ ထွက်သွားတဲ့ စကားတစ်ခွန်းကို ကိုကို က ကြားဖြစ်အောင် ကြားလိုက်သေးသည်။
ကိုကို့ ရဲ့ အံသြနေတဲ့ မျက်ဝန်းတွေကို ရုတ်တရက် မြင်လိုက်ရတော့ ပုံ ကြောက်ရွံခါ ခေါင်းငုံ့လိုက်သည်။
“ဘယ်လို...”
“ကိုကို့ ကြောင့် ငိုနေရတာ...”
“ဟိုကောင် ပြသာနာရှာလို့လား..”
ပုံ့ ရဲ့ အတိတ် အရိပ်တွေက ကိုကို့ အတွက် အထင်သေးစရာဖြစ်နေတာလား...။
ဟုတ်ပါတယ်...ချစ်သူနဲ့ နမ်းတာက အစ ကိုကို့ ကို ရင်ဖွင့်ခဲ့မိတာ...။
အခုချိန် ပုံ့ နှလုံးသားထဲ ကိုကို ရှိနေပါတယ်လို့ ၀န်ခံရင်တောင် ကိုကို  က အထင်သေးတော့မှာလေ...။
မျက်နှာများတဲ့ မိန်းကလေး စိတ်အပြောင်းအလဲ မြန်တဲ့ မိန်းကလေး ဖြစ်ပြီ...။
“ကိုကို လိုက်ရှင်းပြရမလားဟင်...”
“မဟုတ်ဘူး....ကိုကိုကြောင့် ...ကိုကို့ နဲ့ နီးနီးမှာ မနေချင်ဘူး...ကိုကို့ ကို မတွေ့ချင်ဘူး...ကိုကို့ ကို မုန်းတယ်...”
“ဟင်...ကိုကို့ ကို မုန်းတယ်..”
ကိုကို့ ကအံသြရိပ်နဲ့ သံယောင်ထပ်လိုက်ပြောတော့ ပုံ့ ဆတ်ခနဲ့ ခေါင်းညိတ်မိသည်။
“ဟုတ်တယ်....ပုံ့ အနားကို မလာပါနဲ့...စကားလည်း မပြောနဲ့ မေးလည်းမမေးပါနဲ့..ဟီး...”
ကိုကို က ခုံပေါ်မှာ ထိုင်နေရာက မတ်တက်ရပ်လိုက်ပြီး သက်ပြင်းချသည်..။
“ကောင်းပြီ....ကိုကို သဘောပေါက်သင့်တာ...ပုံ့ ဖွင့်ပြောမှ သိရတယ်..ဆောရီးပါကွာ....ကိုကို့ ကြောင့် ထပ်မငိုရတော့ဘူးနော်...တိတ်တော့...”
ပုံ့ အိမ်ဘက်ကို ပြန်ပြေးလာချိန် မျက်ရည်တွေကို မတားဆီးမိတော့ပါ...။
ပြောင်းလဲနေတဲ့ စိတ်တွေကို မုန်းလိုက်တာ...။
တကယ်ဆို မမ ရဲ့ မင်္ဂလာဆောင်အတွက် ကူရင်း ပျော်နေရမှာမဟုတ်လား..။
ပုံ့ ဆိုတာ ကလေး တစ်ယောက်လို လွတ်လပ်ပျော်ရွှင် တက်တဲ့သူ တစ်ယောက်...။
အခုတော့ မျက်ရည်တွေကိုချည်း အဖော်ပြုနေရတာ မောလှပါပြီ...။
.
“အမလေး နိုင်သူရယ်...ငါ့ သူငယ်ချင်းကို ငါက အကောင်းဆုံး လုပ်ပေးနေတာပါ....”
“သိပါတယ်ဟာ...တိုက်ပုံကတော့ ရပြီ ပုဆိုးက ခုချိန်ထိ မတိုက်ရသေးဘူး...”
“နင့် ဇနီးလောင်းက အရောင်ရွေးတုန်းလေ..ပိုက်ဆံ ချမ်းသာတော့လည်း သုံးလေးစုံ အေးဆေး၀ယ်လိုက်...မိုက်တယ်နော်....”
“ဟား..ဟား...နင်ကပဲ ပြောရသေး...အဲ ၀တ်စုံတွေကို ပိုင်ထားတဲ့သူ ဘယ်လောက်ချမ်းသာမလည်း တွေးကြည့်ရင်တောင် မမှီဘူး..”
“ကဲပါ များလိုက်တဲ့ စကား...”
တစ်ခါ ကိုယ်တိုင်းဖို့ အရေးလှည့်ပတ်ပြီး စကားများနေတဲ့ နိုင်သူ့ ပခုံးကို ရှေ့ကို ဆွဲလှည့်လိုက်တော့မှ ငြိမ်တော့သည်..။
“ပခုံး ရပြီ....လက်အရှည်ကကော ဘယ်အထိ ၀တ်တက်လည်း...”
“လက်ကောက်၀တ်ပဲ သူ့ထက်ရှည်ရင် မကြိုက်ဘူး...”
“အင်း..ဒီလောက်...”
“ဟုတ်တယ်...”
“ကျစ်...”
၀ိုင်း ဒီနေ့ အလုပ်မရှိလို့ ဆံပင်ကို မချည်ပဲ ဖါးလျားလေး ချထားတာ အခုတော့ လူလှုပ်တိုင်း ဆံပင်က ရှေ့ကို ရောက်ရောက်လာတော့ ဒေါသထွက်ရသည်..။
လက်တွေ နဲ့ နောက်ကို ပစ်ပို့လိုက်ပြီး နိုင်သူ့ ပခုံးပေါ် ပေကြိုး တင်ခါ ဆက်တိုင်းရသည်..။
“လုပ်ပြန်ပြီ..”
“အမလေး....မိစိတ်တိုရယ်...ဖယ်...ဖယ်...”
နိုင်သူက စိတ်တိုနေတဲ့ ဝိုင်းကို လှောင်ရယ်ပြီး ဆံပင်တွေကို နောက်ကို ခါ ထုတ်ပေးသည်..။
“ရပြီ...ကျေးဇူး...”
“ပုဆိုးအရောင်ကတော့ ငါ ဖုန်းဆက်လိုက်မယ်နော်..”
“အေး...”
“ဟင် ကိုကြီး..”
၀ိုင်း လက်ကို ကိုကြီးကဆွဲပြီး အလုပ်ခန်းထဲ ခေါ်လာတော့ ကြောင်စီစီ ဖြင့် လိုက်လာခဲ့ရသည်..။
“ငါ ပြန်ပြီ...”
“သြော်...အေး..”
အလုပ်ခန်းထဲက ပြန်အော်လိုက်ပြီး ရှေ့က ကိုကြီး မျက်နှာကို မော့ကြည့်တော့ မျက်မှောင်ကြုတ်ပြီး စူးဆိုက်ကြည့်နေသည်..။
“ဘာဖြစ်လို့လည်း..ကိုကြီး...”
“ဟင်း...”
ကိုကြီး ရဲ့ သက်ပြင်းချသံ ကြောင့် ဝိုင်း မျက်လုံးပင့်ခါ ထပ်ကြည့်မိပြန်သည်.။
“မင်း ဘယ်လိုလည်း ဝိုင်း..”
“ဘာကိုလည်း..”
“ယောင်္ကျား တကာနဲ့ အနေအထိုင်မတက် ပရောပရည် လုပ်နေတာကို ပြောတာ..”
“ဝိုင်း ဘယ်လို နေလို့လည်း....အကျီ င်္လာချုပ်လို့ ကိုယ်တိုင်းတာလေ...ဒါ ဝိုင်းရဲ့ အလုပ်ပဲ ကိုကြီး..”
“ဒီလို လုပ်ပြ ပြောပြ နေမှ အလုပ်ဆို...မင်း အလုပ်က ခေါင်းစဉ်ပြောင်းရတော့မယ်...”
“ကိုကြီးနော်...လွန်မလာနဲ့....”
၀ိုင်းလက်ကို ရုန်းရင်း  မျက်လုံးစုံမှိတ်အော်မိပေမဲ့ လက်ကို ပိုလို့ နာကျင်လာရသည်..။
လှည့်ရုန်းပေမဲ့ ဖိဆုပ်ထားတဲ့ ယောင်္ကျား တစ်ယောက်ရဲ့ အားကြောင့် စူးပြီးအောင့်လာပြီ.....။
“လွှတ်နော်..”
“မလွှတ်ဘူး...မင်း ကိုယ်တိုင်က ဒီလိုနေချင်နေတာမလား..”
“ဟုတ်တယ်...အဲလိုနေချင်လို့နေတာ..ကိုကြီး နဲ့ ဘာဆိုင်လည်း...ဘာလည်း မရီး ဖြစ်လာမဲ့ မိန်းမမို့လို့ လိုက်စောင့်ရှောက်ပေးချင်တာလား...လက်ထပ်မဲ့ ယောင်္ကျားတောင် ဘာမှမပြောဘူး...ကိုကြီးက ဘာမို့လို့ ၀င်ပြောနေရတာလည်း...”
“တောက်....”
“လွှတ်...”
“မင်း ချစ်တာ ညီ့ ကိုမဟုတ်ဘူး...”
“ဟင်..”
၀ိုင်း အလန့်တကြားမော့ကြည့်တော့ ကိုကြီး ကအနိုင်နဲ့ ပိုင်းပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးနေသည်..။
“မင်းချစ်တာ ငါလေ...”
“မဟုတ်ဘူး....လုံး၀ မဟုတ်ဘူး...ရှင် ဘာနဲ့ သေချာနေတာလည်း...”
ဝိုင်း အလန့်တကြား ခေါင်းတွင်တွင် ရမ်းခါ အော်ငြင်းမိသည်။
“မင်း မျက်လုံးတွေ ...ဟိုးအရင်ကတည်းက တည်ရှိနေတဲ့ မင်းရဲ့ အချစ်တွေက ဒီနေ့ အထိလည်း မပြောင်းလဲဘူး..”
“ဟွန့် အထင်ကြီးလွန်းနေပါပြီရှင်...”
“ဝိုင်း ကို ကိုယ်ချစ်တယ်...”
“ဘာ...”
“နောက်ကျနေပေမဲ့ ပြောချင်တယ်...ကိုယ်ချစ်တယ်..”
“ဟား..ဟား..ဟား....ကျွန်မ က ရှင့် မရီးလောင်းလေ...အိုး...ဘယ်လို ဖြစ်တာလည်း...ဒေါက်တာ...လူ့ကျင့်၀တ် လူ့သိက္ခာလေး ရှိပါအုံးလား....”
“မင်းနဲ့ ညီ ဘာအခြေအနေမှ မဟုတ်တာ ကိုယ်သိလို့ပြောနေတာပေါ့...
မင်းကို ကိုယ်ချစ်တယ်..ဝိုင်း..ကိုယ်ချစ်တဲ့ မင်းကို ယောင်္ကျားတကာတွေ ထိကိုင်နေခွင့်ရှိတာ ကိုယ်လုံး၀မကြိုက်ဘူး..”
“အဟက်...ကိုယ်အထင်မကြီးခဲ့တဲ့ မိန်းကလေး တစ်ယောက်ကို ချစ်ပါတယ်လို့ ပြောရတာ ရှက်စရာကောင်းပါတယ် ဒေါက်တာရယ်...နူးညံ့ သိမ့်မွေ့လွန်းတဲ့  အချစ်အကြောင်း မပြောခင် ကိုယ် မြတ်နိုးရတဲ့သူကို ဘယ်လို ပုံစံမျိုးနဲ့ အကြင်နာချစ်စကား ဖွင့်ပြောသင့်လည်း ဆိုတာ အရင်သင်ခဲ့ပါဦး ရှင်..”
၀ိုင်း အကြည့်တွေက လက်ဆီ စွေကြည့်လိုက်တော့ ကိုကြီးရဲ့လက်ကိုင်ထားတဲ့ အားတွေက လျော့သွားပေမဲ့ လွတ်မပေးသေးပဲ ကိုင်ထားဆဲပင်..။
“ချစ်ပါတယ် ဆိုတဲ့ စကားကိုအချိန်အတိုင်းအတာ တစ်ခုစောင့်ပြီး ဖွင့်ပြောရတာ လွယ်တယ်ထင်နေလား ဝိုင်း...ကိုယ် အများကြီး ထိန်းချုပ်မြိုသိပ်ခဲ့ရတယ်...ဘာကြောင့်လည်း သိလား..ကိုယ့် အချစ်တွေက တစ်ဘ၀လုံး အတွက် ရည်ရွယ်ခဲ့တာပါ ..ကိုယ့်ချစ်သူကို ထာ၀ရ ပိုင်ဆိုင်ချင်လို့ပါကွာ...”
“အဟား...ဒေါက်တာ က စကားအမျိုးမျိုးပြောတက် လိုက်တာနော်...စောစောကပဲ ဘယ်လို မိန်းမဆိုတဲ့ ဝေဖန်ချက်တွေ ပြောချခဲ့ပြီး အခုတော့ တစ်မျိုးပြောင်းပြန်ပြီ....”
“လှောင်ပါ ဝိုင်း..ပြောပါ...ကိုယ့် နှလုံးသားကိုတော့ မညှင်းဆဲပါနဲ့..”
“ကျွန်မ အလုပ် ကျွန်မ လုပ်တာပါ..အခုလက်ကိုလွှတ်ပါ..”
“နောက်ဆို အခုလို မနေပါဘူးလို့ ကတိပေးပါ..”
“ဘာဆိုင်လို့ ပေးရမှာလည်း...ကျွန်မ က ရှင်ထင်သလို  ဒီလို မိန်းမစားပဲ..လက်ကို လွှတ်..”
၀ိုင်း ဒေါသထွက်လာလို့ လက်ကို ဆွဲခါရင်း အော်ပစ်လိုက်သည်..။
မထင်ထားပဲ လက်ကို ဖိဆွဲလိုက်လို့ သူ့ရင်ခွင်ထဲ ပြိုကျသွားခဲ့ရသည်..။
“ဖယ်..”
၀ိုင်း အားနဲ့ ဆောင့်တွန်းလိုက်လို့ နောက်ကို တစ်ချက်ယိုင်သွားပေမဲ့ မျက်မှောင်ကြုတ်ပြီး ဆိုက်ကြည့်နေသည်..။
“မင်းက ဒီလို အထိအတွေ့မှာ သာယာတက်တဲ့ မိန်းကလေး မဟုတ်ဘူးလား...ဘာများ နစ်နာနေလို့လည်း..”
“အိုး..”
“ဖြန်း....”
အရာအားလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်ကျသွားပေမဲ့ ဝိုင်းဒေါသတွေက မရပ်တန့်ပဲ ဆူပွတ်လာနေဆဲပင်..
“ဖြန်း...”
လက်ဝါးကို ဆုပ်ဖျစ်လိုက်တော့ ကျိန်းစပ် နာကျင်မှုကြောင့် ပါးပြင်ကို အကြည့်ရောက်သွားရသည်..။
ညာဘက်ပါး ပန်းရောင်သမ်းနေတာ ကိုကြည့်ရင်း မျက်လုံးတွေကို အကြည့်မဆုံခင် ခေါင်းငုံ့ချလိုက်မိသည်..။
အမြဲတမ်း ရိုသေလေးစားခဲ့တဲ့သူကို စော်ကားမိပြီ ဆိုတဲ့နောင်တ စိတ်နဲ့
အထင်သေးတက်သူရဲ့ အပြောတွေကို  ပြန်တွေးမိချိန် နှလုံးသားက လှိုက်ခုန်ခါ တစ်ကိုယ်လုံး အားတွေ ဆုတ်ယုတ်သွားရသည်..။
“ဝိုင်း..”
အောင်သွေး ရှေ့က ဆိုဖာတွေကြားကို ခွေခေါက် ကျသွားတဲ့ ဝိုင်းကို ပြေးပွေ့လိုက်ရသည်..။
နဖူးဆံစပ်မှ ချွေးစို့နေပြီး လက်တွေ အေးစက်နေတော့ ကပျာကယာ ပွေ့ပြီး ဆိုဖာပေါ် တင်လိုက်သည်..။
လည်ပင်းကို ဆန့်ပြီး မေးကိုပင့်ပေးလိုက်ခါ မေးဖျားဆွဲလှုပ်နှိုးမိသည်...။
“ဝိုင်း..”
“....”
“ဝိုင်း...”
“.....”
“ဝိုင်း...”
မျက်လုံးလှုပ်ရှားလာတော့မှ လက်ကို ရပ်လိုက်ပြီး ဘေးမှာ ကပ်ထိုင်လိုက်သည်..။
“ရေသောက်မလား..”
မျက်လုံးတွေနဲ့ ပဲ အချက်ပြ  ငြင်းပယ်လိုက်တော့ မျက်နှာ တစ်ခြမ်းပေါ် ရောက်နေသည့် ဆံနွယ်ရှည်တွေကို တယုတယ သပ်တင်ပေးလိုက်သည်..။
မျက်၀န်းနှစ်ခု ဆုံချိန်မှာ အချိန်တော်တော်ကြာ နစ်မြော သွားပြီး မျက်ရည်လေးတွေ ပြည့်အိုင်လာတော့ အကြည့်လွဲမိသည်..။
“ဆောရီး ဝိုင်း..ကိုယ် မှားသွားတယ်...ဝိုင်း ကို ဟိုးအရင်ကတည်းက ကိုယ် ပိုင်တယ်လို့ ထင်ခဲ့တာပါ...ဝိုင်း လက်ကလေးတွေ ကို တစ်ယောက်ယောက် ဆုပ်ကိုင်ရင် ကိုယ့်ကို စော်ကားသလို ခံစားရတယ်...့ ဝိုင်း ဆံပင်တွေကို တစ်ယောက်ယောက် ထိကိုင်ရင် မြတ်နိုးလွန်းပေမဲ့ ကိုယ်တောင် ကိုင်ခွင့်မရတဲ့ ဘ၀ ကို ခံပြင်းတယ်...ဝိုင်း ကို ကိုယ်ပိုင်တယ်...ကိုယ်ပဲ ချစ်ချင်တဲ့ အတ္တတွေ ရှိတယ်.. ဝိုင်းမျက်လုံးထဲမှာ ကိုယ်ပဲ ရှိနေရမယ် ဆိုတဲ့ အတ္တတွေ ကိုယ့်ဆီမှာ စွဲကပ်နေတယ် ဝိုင်းရယ်...ဒါဟာ..အခု ချောချော လှလှလေး ဂုဏ်သရေရှိ  ဖြစ်သွားတဲ့ ဝိုင်းကို ချစ်တာ မဟုတ်ပါဘူး...ကလေးဘ၀ကတည်းက ဝိုင်းရဲ့ ဆံပင်ကောက်ကလေး ကို မြတ်နိုးတယ်..တန်ဖိုးထားတယ်..ဝိုင်း ဆံပင်ညှပ်တိုင်း ကိုယ်တားဆီးခဲ့တယ်လေ...အသားဖြူဖြူ နဲ့ ဝိုင်းကိုပဲ လိုက်အပြစ်ရှာနေတာ မဟုတ်ပါဘူး...နေလောင်ထားတဲ့ အသားညိုညစ်ညစ် နဲ့ ဒူးကျဘောင်းဘီ ၀တ်တက်တဲ့ ဝိုင်း မတော်မနန်း အလှပြင်ရင် ကိုယ် ဆူခဲ့တာပဲလေ....ကိုယ်မှ စိတ်မချတာ...ကိုယ် မှားသွားတယ်....တကယ်တော့ အတိတ်မှာ ကိုယ်ချစ်ခဲ့ပေမဲ့ ဝိုင်းဘက်က အတ္တကြီးတဲ့လူလို့ စွပ်စွဲချင်စရာ ဖြစ်သွားတယ်ကွာ....ဟင်း...ဝိုင်းက ကိုကြီးကို ချစ်တယ်လို့ တိုးတိုးလေး ခိုးပြောတိုင်း ကိုယ် စိတ်ကူးတွေနဲ့ ကြည်နူးခဲ့ရတယ်...ဝိုင်း စာပန်းချီ ဆွဲထားတဲ့ စာအုပ်ကို ကိုယ် အခုချိန်ထိ သိမ်းထားဆဲပဲ...တစ်ခါတလေ တွန်းအား တစ်ခု အနေနဲ့ ပြောဆိုခဲ့တာတွေက ဝိုင်းအတွက် နာကြည်းမုန်းတီး စရာတွေ ဖြစ်ခဲ့ရတာ ကိုယ် တောင်းပန်ပါတယ်.....ဝိုင်း စိတ်ထဲက ကိုကြီး ကို  မြေမြုပ်လိုက်ပါတော့နော်....ကိုယ့် ကို အသစ် တဖန် ကြိုးစားခွင့်ပေးပါ ကိုယ်လည်း ကိုယ်ပိုင်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ဝိုင်းကို စွန့်လိုက်တော့မယ်....ကိုယ်ချစ်ရတဲ့ မိန်းကလေး မူမူစိုးကို မြတ်နိုး တန်ဖိုးထားပြီး ကိုယ့် အချစ်တွေ သူ လက်ခံလာအောင် ကြိုးစားပါ့မယ်....ဒီအခွင့်အရေးလေးတော့ ပေးပါနော်...ဝိုင်း....”
၀ိုင်း အကြည့်တွေကို ဆိုဖာ တွေဆီ ရွေ့ထားပေမဲ့ ကိုကြီး ရဲ့ များပြား လှတဲ့ တယုတယ စကားတွေကြောင့် နောင်တရခါ ငိုချင်လာသည်..။
ဟိုအရင်ကတည်းက ချစ်နေတာဆို ဘာလို့ နာကျင်အောင် ပြောခဲ့တာလည်း  ကိုကြီးရယ်...။
ကိုကြီးရဲ့ စကားလုံး  တိုင်းကို ဝိုင်း မျက်ရည်တွေ နဲ့ လိုက်ခံစားခဲ့ရတာပါ...။
ချစ်ရတဲ့သူ အထင်ကြီးဖို့ အတွက် ချွေးတင် မဟုတ်ဘူး...လက်ဖျားက သွေးတောက်တောက် ကျအောင် ကြိုးစားခဲ့ရတာပါ ကိုကြီး...။
အရည်အချင်း မရှိတဲ့ ဝိုင်းကိုလက်မခံနိုင်လို့ပေါ့နော်...။
၀ိုင်း မျက်တောင်ဖျားလေးတွေ ဖိကပ် မှိတ်ပစ် လိုက်ပြီး ပြန်ဖွင့်ခါ ခပ်လွဲလွဲ ကြည့်မိသည်..။
ပါးက သိပ်မနီတော့ပေမဲ့ ပန်းနုရောင် သမ်းနေဆဲ...။
အိုး...ဝိုင်းတော့ ...ဝိုင်းမှားခဲ့ပြီလား....မေမေကြည့် မျက်နှာကို ဘယ်လို ကြည့်ရမလည်း...။
“မငိုပါနဲ့...မေ့လိုက်တော့နော်....ခဏနေမှ ထ...ကိုယ် သွားတော့မယ်...”
၀ိုင်း မျက်လုံးတွေ ဝိုင်းစက်သွားပြီး ကိုကြီး မျက်နှာ ကို  ေ၀၀ါးနေသည့်ကြားက မော့ကြည့်မိသည်..။
ဒီအပြုံးတွေ အောက်မှာ အကြိမ်ကြိမ် ကျဆုံးခဲ့ပါသည်..။
အခုလည်း ပြုံးပြပြီး နှုတ်ဆက်ထွက်သွားတာ ကျန်ခဲ့ရတဲ့သူ ရင်မှာ နာကျင်မှုနောင်တတွေ ပြည့်နှက်နေရသည်..။
ဘယ်လို များ ရင်ဆိုင်ရပါ့မလည်း ကိုကြီးရယ်...။
━━━━━━━☆☆━━━━━━━
ပိုင်ရှင်က အီလည်လည်ကြီး ဖြစ်နေတော့ မရေးပဲ နားထားရင် ကောင်းမလားလို့ တွေးမိသေးတယ် 😁
မနေနိုင်ပြန်ဘူး
သည်းခံဖတ်ပေးတာ ကျေးဇူးအထူးပါ
မိုးမြေရေလေပဲ ရှိတဲ့ ကမ္ဘာ ရောက်နေတော့ လက်မှာ စက် တပ်ရေးထားရတယ် ...😁
ခုရက်ပိုင်းကွန့်မန့်တွေ မပြန်နိုင်သေးတာလည်း ဆောရီးပါနော် 🙏
အဆင်မပြေတာ ရှိရင် ဆောရီးပါနော်
မတင်ရမနေနိုင်လို့ 😁
စောစောထတင်သွားတယ်နော်
အမြန်ရေးပြီး မစစ်ရလို့ ဖတ်မကောင်းရင် ခွင့်လွှတ်ပါ 🙏

တစ်ချိန်တည်း ရေးရတာ မဟုတ်ပဲ
ရေးလိုက်နားလိုက်နဲ့မို့ အဆက် မမိဘူး...

စာလုံးပေါင်းလည်းမမှန် အရေးအသားလည်းမကောင်း
သည်းခံပြီးဖတ်ပေးတဲ့ စာဖတ်သူတိုင်းကို ကျေးဇူးအထူးထူးတင်ပါတယ် ❤

Love u all ❤
#စပိုက်ကာ

ပိုင်ရှင်Nơi câu chuyện tồn tại. Hãy khám phá bây giờ