[{မမသာလျှင်}]
[{Ep / 2}]
အိပ်ယာပေါ်. ပက်လက်အနေထားလေးနေပြီး အထက်က မျက်နှာကျက်ကို ကြည့်ရင်း နူတ်ခမ်းလေးကို လက်ညိုးလေးနှင့်မထိတထိ ကိုင်မိသည်။အရမ်းနူးညံ့ပြီးစိတ်လူပ်ရှားဖွယ်ကောင်းသော် အထိအတွေ့. နိုင်းဆုမြတ်ဆိုသော ကောင်မလေးနဲ့တွေ့မှ သူမခံစားဖူးသည် မဟုတ်လား။ အို..ခင်ပျိုက လိင်တူကို ရင်ခုန်စွဲလမ်းတတ်သည်တဲ့လား....ခင်ပျိုခုမှ သိရတာပါ။အရွယ်ရောက်တည်းက ယင်ဖိုတောင် မသမ်းခဲ့ဖူးသော သူမ။ခုတော့.......။ထိုကောင်မလေးအကြောင်း တွေးရင်း သူမ အိပ်မပျော်ပါ။မျက်လုံးဝိုင်းလေးများနဲ့ သူမကို စိုက်ကြည့်တတ်သည် အကြည့်များ...။ထိုအကြည့်တွေကြောင့် ခုလို ညသန်းခေါင်ယံအချိန်ထိ ခင်ပျို အိပ်မပျော်တာများလား...။နိုင်းရယ်....မမဘယ်လို ဖြစ်သွားတာလဲ။နိုင်းရော...မမလိုဘဲလား...။ထပ်လိုချင်ပါသည်။..အမှန်တိုင်းဝန်ခံရရင် နူးညံ့သော နိုင်းရဲ့နူတ်ခမ်းလေး အထိအတွေ့ကို..ခင်ပျိုထပ်လိုချင်မိပါငည်။ကိုယ့်အတွေးနဲ့ကိုယ် ရှက်သွားပြီးပြုံးကာ😅 စောင်လေးကိုခေါင်းမြှီခြုံလိုက်သည်။
######################
"မမ..နိုင်းကိုရှောင်နေတာလား...""မမ ဘယ်မှာ ရှောင်လို့လဲ...ခုရက်ပိုင်းအလုပ်များနေလို့ပါ..."
"မဟုတ်ဘူး...နိုင်းသိတယ် ရှောင်နေတာပါ..."
နိုင်းတကယ်ဝမ်းနည်းမိသည်။ဒီရက်ပိုင်း ခင်ပျိုကိုတွေ့ဖို့အကြိမ်ကြိမ်ကြိုးစားသော်လဲ အရိပ်အယောင်ပင် မတွေ့ရပါ။ခုတောင် ခင်ပျိုဒေါ်လေးဆီက သူမ ခွင့်တောင်း၍ အိမ်ထဲဝင်ခဲ့မှသာ အခန်းထဲတွင် စရင်းလုပ်နေသော သူမကိုတွေ့ရသည်။စကားသာ ပြန် ပြောတာ.. စရင်းလုပ်တာက မပြတ်။ နိုင်းကိုလဲ လှည့်မကြည့်ပါ။စိမ်းကားလိုက်တာ...။
"နိုင်းကို မခေါ်ချင်တော့ဘူးလား...နိုင်းက မမကိုတကယ်ခင်တာပါ.."
"မင်းက ခင်တာတောင်အရမ်းမျက်နှာလိုက်တာဘဲ.."
"ဟင်..."
"သမီးကြီးရေ..ဒေါ်လေး..အပြင်ခဏသွားမယ်နော်.."
"ဟုတ်ကဲ့.ဒေါ်လေး.."
