Snowman

8.7K 321 15
                                    

Christmasအခါသမကို ရှောင်းကျန့် သိတတ်စအရွယ်တည်းကသဘောမကျခဲ့...။

အကုန်လုံးမိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာဆင်နွှဲရမယ့်အချိန်မှာ သူ့ရဲ့ပါပါးနှင့်မာမားကိုဆုံးရှုံးခဲ့ရတယ်။

အဲ့အချိန်ကစလို့သူ့အတွက်Christmasဆိုတာ ဘာအဓိပ္ပါယ်မှမရှိတော့ဘူးဖြစ်ခဲ့တာ...။

ငယ်ငယ်တုံးကတော့ Christmasကျောင်းပိတ်ရက်တွေဆို ယောင်ချာချာနဲ့ဘာလုပ်ရမှန်းမသိ။ အမြဲတမ်းတစ်ယောက်တည်း။ လမ်းမပေါ်မှာ ပျော်ရွှင်နေတဲ့လူတွေနဲ့မသက်ဆိုင်သလို သူဟာတစ်ယောက်တည်း ဖြစ်နေခဲ့တယ်။ များသောအားဖြင့် အိမ်ပြတင်းပေါက်ကနေသာ ကျဆင်းနေတဲ့ ဆီးနှင်းတွေကို ငေးကြည့်ရင်း အချိန်ကုန်လွန်ခဲ့တယ်။

အလုပ်လုပ်ရုန်းကန်ရမယ့် အရွယ်ရောက်လာတော့လည်း သူဟာ Christmasကို အချိန်ပိုတွေဆင်းပြီး ဖြတ်သန်းခဲ့တယ်။

မဟုတ်လည်းChristmasညစာနှင့်အတူကြိုဆိုမယ့် မိသားစုဝင်မရှိတဲ့အိမ်ကို သူမပြန်ချင်ဘူးလေ။

တစ်ယောက်တည်းနေရတဲ့ အိမ်နှင့်ခြံဟာ နှင်းတွေကြားထဲမှာ ထီးထီးကြီး သူ့လိုပဲ တစ်ကိုယ်တည်း ဘယ်သူမှမရှိတာကို ပြနေသလို...

ဒါပေမယ့် ဒီခံစားချက်တွေကနေလွတ်မြောက်ခဲ့တာ ၅နှစ်ရှိပြီ။

အခုဆို ရှောင်းကျန့် Christmasရောက်မယ့်ရက်ကို လက်ချိုးရေနေမိတတ်တယ်။ သူရဲ့အလုပ်စားပွဲက ပြက္ခဒိန်မှာလည်း မှင်နီနဲ့ဝိုင်းပြီး မှတ်သားထားမိတယ်။ အလုပ်လည်းစောစောဆင်းပြီး ချောကလတ်ပူပူလေးတစ်ခွက်နဲ့ အလုပ်တာဝန်တွေပြီးတိုင်းသူ့အိမ်ကို ရောက်လာမယ့်လူတစ်ယောက်ကို စောင့်မျှော်နေတတ်ပြီ။

~~~~~~~~

သူတို့တွေ့ဆုံပုံကိုပြန်ပြောပြရင်ဘယ်သူမှယုံမယ်လို့မထင်။ Christmasမရောက်ခင်တစ်ရက်အလို ညဘက်....

ကို့ရိုးကားယား ​သားမွှေးအဖြူအနားကွပ်ထားတဲ့အနီရောင်ဝမ်းဆက်ကိုဝတ်ထားတဲ့အပြင် Christmasအချိန်တွေဆို ဆောင်းလေ့ရှိတဲ့ ဦးထုပ်ကိုပါဆောင်းထားတဲ့ကောင်လေးတစ်ယောက် လက်ဆောင်ထုပ်တစ်ပုံတစ်ပင်နဲ့ မီးခိုခေါင်းတိုင်အစား ပြတင်းပေါက်ကနေရှောင်းကျန့်ရဲ့အိမ်ထဲကိုသာမက ဘဝထဲကိုပါ မဖိတ်ခေါ်ဘဲဝင်လာတယ်။

Last Christmas [Completed]Where stories live. Discover now