Part 3

1K 53 0
                                    

ဒဏ်ရာရ  ဦးနှောက်
အပိုင်း (၃)
# ဒဏ်ရာရ  ဦးနှောက်

"သီသီ…."
"ဟမ်…"
"သူဌေး ဖုန်းဆက်တာ နင် ငါ့ကို ဘာလို့ မပြောတာလည်း ဟမ်.."
"ဖုန်းဆက်တယ်…ဘယ်တုန်းကလည်း.."
"မနေ့ကလေ.."
ဆန်းသော် ရှေ့မှာ အူကြောင်ကြောင် လုပ်နေတာကို ဒေါသထွက်လို့ ခုံမှာတောင် ဝင်မထိုင်နိုင်သေး…။
သူဌေးက ငွေလွဲဖို့ ကိစ္စ မနေ့က မင်းမိန်းမကို ပြောထားတယ်လေ ဆိုတော့ ဆန်းသော် ခေါင်းကြီး သွားရသည်..။
မနက်ဖြန်ဆို ဘဏ်ပိတ်မယ်..အခုသွားလွဲလို့လည်း မမှီနိုင်တော့ ကိုယ့်တာဝန် မကျေသလို ခံစားရသည်..။
အလုပ်လုပ်တဲ့ နှစ်တွေမှာ ဒီနေ့ တစ်ရက်တည်းသာ…"ကျွန်တော် မေ့သွားလို့ပါ..သူဌေး…"ဆိုတဲ့ တာဝန်မကျေတဲ့  အကြောင်းပြချက် စကား တစ်ခွန်း ထွက်လိုက်ရတော့သည်..။
တစ်နေ့ကုန် မျက်နှာတွေပူ စိတ်တွေတိုပြိး ကိုယ့်ကိုယ်ကိုလည်း ဒေါသတွေထွက် အိမ်က ဒေါ်လျှာရှည် ဖုန်းကိုင်တာကိုလည်း ကိုင်ဆောင့်ချင်စိတ်တောင် ဖြစ်ရသည်..။
ကိုယ့်ဖုန်းကိုယ် ကိုင်နေတဲ့ ကိစ္စ ဘာမှန်းမသိ ပဲ ယူကိုင် ပြီးရင် တစ်ခုမှ မလည်း အသိမပေး..။
ဒီကိစ္စ နဲ့ စကားများရတာလည်း အတိအကျ ဆို ငါးခါ ရှိနေပြီ..။
အရင် အခေါက်တွေတုန်းက သူငယ်ချင်း အပေါင်းအသင်းတွေ ဖုန်းမို့ အရေးမကြီးသလို ကိုယ်ကလည်း သတိပေးရုံပဲ ပြောခဲ့သည်..။
ဒါကိုလည်း မမှတ်ပါဘူး..အလုပ်တာဝန်ကို အထိအခိုက်မခံနိုင်တဲ့ကိုယ့်အကြောင်း သူ မသိတာလည်း မဟုတ်..။
အရေးကြီး သူဌေးဆီက ဖုန်းကိုမှ ကိုင်လိုက်ပြီး ပြန်အသိမပေးတာ ဒေါသထွက်စရာ မဟုတ်လား..။
"ဟာ..မေးနေတယ်လေ.."
"စဉ်းစားနေတယ်လေ.."
သူက တပြန်  အော်လိုက်တော့ ဆန်းသော် မျက်လုံးစူးစူး ဖြင့် ဆိုက်ကြည့်နေမိသည်…။
"သြော်…မှတ်မိပြီ…ညပိုင်း ဖုန်းလာလို့ ကိုင်လိုက်တာ..အဲ့နေ့တုန်းက နင် ရေချိုးနေတယ်မလား..ပြီးတော့ ဂိမ်းဆော့လိုက်လို့ မေ့သွားတယ်.."
"ဘာ…ဂိမ်းဆော့လို့ မေ့သွားတယ် ဟုတ်လား.."
"အေးလေ…အခု ဘာတွေ ဖြစ်ကုန်လို့လည်း.."
"ဘာဖြစ်ရမှာလည်း..သူဌေးက ငွေလွဲပြီးပြီလားမေးတယ်…ငါ မသိသလို လုပ်နေတော့ မင်းမိန်းမကို ပြောထားတယ်လေတဲ့….ငါ့မှာ တာဝန်ကလည်း မကျေ မေ့နေပါတယ် ဆိုးပြီး မုသားကလည်း သုံးရသေးတယ်…တောက်….သီသီ…နင် အသုံးမကျလှချည်လားဟာ…ဂိမ်းဆော့ဖို့ အတွက်နဲ့ ကိုယ့်တာဝန်ကို ပြီးအောင် မလုပ်နိုင်ဘူး…တောက်.."
"သော်နော်…ဘာတာဝန်လည်း..အခု ဘာတွေ နစ်နာသွားလို့လည်း..သူဌေးက အလုပ်ဖြုတ်မယ် ပြောတာလည်း မဟုတ်ဘူး..သီ မေ့သွားလို့ပါ  ပြောပြီးပြီလေ.."
"တောက်…မေ့တက်ရင် မကိုင်နဲ့…ဘယ်တော့မှ ငါ့ဖုန်းကို မထိနဲ့ မကိုင်နဲ့.."
ဆန်းသော် အဝတ်အစားမလဲတော့ပဲ ပြန်ထွက်လာတော့ တံခါး ဆောင့်ပိတ်သံကို ကြားလိုက်ရသေးသည်..။
သူ့အိမ် သူ့နေရာ ပဲလေ…တံခါး ဆောင့်ပိတ်သံကလည်း ကိုယ့်ကို မနေချင် ဆင်းသွားလို့ ပြောနေသလိုလို ပါပဲ…။
သူငယ်ချင်း တစ်ယောက် အိမ်ကို ရောက်သွားတော့ သူ့မိဘတွေ ခရီးထွက်သွားလို့ ညကျရင် ပွဲလုပ်မယ်ဆိုပြီး အတင်းဆွဲထားတော့သည်..။
အမြဲတမ်း ခုနှစ်နာရီထက် ကျော်ပြီး အပြင်မှာ မနေတက်သည့်မို့ အိမ်မပြန်တာ တစ်ခုခု လိုနေသလို ဖြစ်နေသည်..။
သီသီ က ကြောက်တက် လန့်တက်တဲ့ မိန်းကလေးမျိုး မဟုတ်တာ သိပါသည်..။
သူတစ်ယောက်တည်း တိုက်ခန်းမှာ နေတာ ဆန်းသော်နဲ့ မသိခင် နှစ်နှစ်ကတည်းကလေ…။
အကြောက်တရား မရှိလွန်းလို့ တစ်ခါတလေ စကားများရပေါင်းလည်း မနည်း..။
ဟိုဘက်တိုက်မှာ ဆွဲကြိုးချသေတယ်ဆိုလည်း သီသီ တို့ ပြေးကြည့်လိုက်တာပဲ..။
အောက်မှာ ကားတိုက်သွားပြီဆိုလည်း ထွက်ကြည့်လိုက်ရမှ…။
နောက်လမ်းကြား သရဲခြောက်တယ် ဆိုရင်တောင် သရဲ ဘယ်အချိန် ထွက်မလည်း တိုင်တွက်နေတက်သည့် အထူးအဆန်းမိန်းမလေ…။
အိမ်မှာ ရှိတဲ့ ပြတင်းပေါက် တွေကို လိုက်ပိတ်ဖို့က ဆန်းသော် တာဝန်သာ ဖြစ်သည်..။
"ဘာလို့ပိတ်မှာလည်း သော်ရယ်.."
"ညအိပ်မှာလေကွာ..ပြတင်းပေါက်တွေ ဖွင့်ထားတော့ ကောင်းမလား.."
"သံတိုင်တွေ ရှိရဲ့သားနဲ့ .."
"ရှိ…ရှိ….ပိတ်…"
ဆန်းသော် က ဘုပြောဖြင့် တံခါးပိတ်ဖို့ အမိန့်ထုတ်ပေမဲ့ မိုးလင်းတာနဲ့ တံခါး ကို ပြန်ဖွင့် ဖို့ ကြိုးစားပြန်သည်..။
နေ့တိုင်း သူကဖွင့် ကိုယ်က ပိတ်နဲ့ တစ်နေ့ တစ်နေ့ သံသယာလည်နေတာ..။
သူ့ တာဝန်က ဖွင့်ဖို့ နဲ့ ကိုယ့်တာဝန်က ပိတ်ဖို့ ပင်ဖြစ်နေသည်…။
အိပ်ခန်းထဲက ပြတင်းပေါက်ကိုတော့ ဖွင့်လို့မရအောင် တံခါး ကြပ်နေတာကို ဘာမှ မပြုပြင်ပဲ ထားလိုက်လို့ တော်ပါသေးသည်..။
အခုလည်း ပြတင်းပေါက် ပိတ်ပြီး အိပ်ယာထဲ ဝင်ငိုနေမယ်များ စိတ်ကူးတောင် မယဉ်ဝံ့ပါဘူး..။
ဖုန်းကို မြှောက်လိုက် မုန့်စားလိုက်ဖြင့် ဂိမ်း ဆော့နေမှာ မြင်ယောင်ပါသေးသည်..။
"သော်သော်…သောက်လေကွာ.."
"ဟအေး…"
"ဘာလည်း..မိန်းမကို လွမ်းလို့လား.."
"မဟုတ်ပါဘူးကွာ…"
"မင်းတို့ နှစ်ဝက်လောက်ရှိပြီနော်…ဘယ်လိုလည်း အခြေအနေ…"
"အချဉ်ဘက်ကို ကူးလာပြီ.."
"ဟား..ဟား..မင်းစကားကြီးကလည်း ကွာ…ကြက်သီးတောင် ထပြီး ပါးတောင်ကျိန်းတယ်.."
"ဟား…ဟား…"
သူငယ်ချင်း နှစ်ယောက်က ပိုကာ ဆွဲရင်း ဟာသ လုပ်နေပေမဲ့ ဆန်းသော်က စိတ်ခံစားချက် အမှန်ကို ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်..။
ချစ်သူဖြစ်စ အချိန်မှာ ချစ်လွန်းလို့ အာခံတွင်းထဲ ထည့်၍ ငုံ့ထားချင်ပေမဲ့ အခုတော့ ချဉ်လွန်းလို့ ကြည့်ရ မြင်ရတောင် ပါးတွေ ကျိန်းနေပါပြီ..။
စွန့်ပစ်ဖို့ ကျတော့လည်း အခါးဓာတ်ဘက် မကူးသေးတော့ ကြိတ်မှိတ်ခံရမှာပေါ့လေ…။
"ဘယ်မှာ အိပ်ရမှာလည်းကွာ.."
"ဟာ..မိန်းမလွမ်းလို့ ငိုတော့မှာလားကွ.."
"မဟုတ်ပါဘူးကွာ…ငါ မနက်ကတည်းက သီချင်းတိုက်လိုက် အလုပ်လုပ်လိုက် တအား ပင်ပန်းနေပြီ…"
"ခုတင်ပေါ်မှာ အိပ်လေ…မင်းကွာ…မိန်းမဆန်ဆန် အိမ်ရှင်မကောင်းလေး မှ မင်းနဲ့ ဖြစ်မှာလို့ ငါပြောသားပဲ…"
"ဟုတ်တယ်..သော်သော်…မင်း နဲ့ သီသီ က ဘာတွေ မှန်းကို မသိဘူး..ဟိုနေ့က ငါ ပလာဇာရှေ့မှာ တွေ့သေးတယ်..သီသီ နောက်မှာ အထုတ်တွေဆွဲပြီး လိုက်နေရတာကွာ…ငါ က မင်းမှ ဟုတ်ရဲ့လားလို့ ကားရပ်ပြီး ကြည့်ရတယ်.."
"သီသီ ကို လျော့မတွက်နဲ့နော်…မိဘတွေနဲ့ ခွဲပြီး ရန်ကုန်မှာ တစ်ယောက်တည်း နေရဲတဲ့ မိန်းမကွ .. …ပြီးတော့ မင်းတို့က တခမ်းတနား လက်ထပ်ထားတာမှ မဟုတ်ဘူးဆိုပေမဲ့ လင်မယားတွေလေကွာ..နည်းနည်းပါးပါး ပုံစံ ပြောင်းခိုင်းဦး.."
"အင်း..ငါလည်း ပြောင်းခိုင်းတာပဲ…သူက ပြောလိုက်ရင်လည်း နာခံမလိုလို နဲ့ ပြီးရင် ဘာမှကို မပြောင်းဘူး.."
"မင်း က လျော့တာ များနေလို့ နေမှာပေါ့…"
"ဟုတ်တယ်…ဒီကောင်က စကားများများ ပြောချင်တဲ့ကောင်မဟုတ်ဘူး..ပါးစပ်ကပြော လက်ကလုပ်…ငါ့အမေ ပြောတော့ ဟိုနေ့က မင်း ငါးဝယ်နေတယ်ဆို ဟုတ်လား..ဟေ့ကောင်.."
ဆန်းသော် ခေါင်းကို ခပ်လေးလေး ညိတ်ပြလိုက်တော့ ညီမင်း က လက်ထဲက ဖဲချပ်ကို ပစ်ချလိုက်သည်..။
သူငယ်ချင်းတွေ အကုန်လုံး ဆန်းသော်ဘက်က ဆိုတာ သိပေမဲ့ သီသီ ကို အပြစ်မြင်တာမျိုးလည်း မဖြစ်စေချင်ပါ..။
ဒါပေမဲ့..သီသီ နဲ့ သူတို့ကလည်း ကမ္ဘာရန့်ပင်..။
လက်ထပ်ပြီးစ သူငယ်ချင်းတွေနဲ့ မိတ်ဆက် စားသောက်ကတည်းက သီသီက အချေပုံစံ စကားပြောထားသည်မို့ ညီမင်းတို့က အစာမကြေ ဖြစ်နေသည်..။
"အိမ်ရှင်မ တာဝန်တွေ မင်း က ဘာလို့ လိုက်လုပ်နေတာလည်း..ဆန်းသော်…တဖြည်းဖြည်းနဲ့ မင်း တာဝန် ဖြစ်သွားလိမ့်မယ်…ယောင်္ကျားပဲကွာ..ယောင်္ကျားလို နေစမ်းပါ…"
"ဟင်း…ငါ မပြောချင်လို့ လက်က လုပ်ဖြစ်သွားတာပါ…သူက အိပ်ယာထ နည်းနည်းနောက်ကျတော့ ငါပဲ ဈေးသွားလိုက်တာပါ…သီသီ အခုနောက်ပိုင်း ဘာတွေ ဖြစ်နေမှန်းကို မသိဘူး….အကန်တွေချည်းလုပ်နေတာ ရွဲ့နေသလိုပဲ.."
"ပစ်ထားလိုက်ကွာ…မင်း ယောင်္ကျားဆိုတာ သူမေ့နေပြီ…"
"အဲလိုလည်း..မဟုတ်ပါဘူး…"
ဆန်းသော် ကာကွယ်ပြောလိုက်ပေမဲ့ ညီမင်း စကားက အိပ်ယာထဲ အထိ ပါလာတော့သည်..။
သူ့အိမ်မှာ နေလို့ ယောင်္ကျားဆိုတဲ့ဖြစ်တည်မှုကို မေ့သွားတာလား..။
"ကျားကျားရေ…အိပ်နှင့်နော်…ဂိမ်းဆော့လို့ မပြီးသေးဘူး…နောက် ထပ် နာရီဝက်ကြာမှ သူငယ်ချင်းတွေ ဆုံမှာမို့လို့ပါ…"
"မလိုဘူး..ခုချက်ချင်းပိတ်ပြီး..မြန်မြန်လာ…နင် မနက်ကျလည်း စောကြီး ပြန်ထရတာ…လာကွာ..မြန်မြန်.."
အိပ်ခါနီး စိတ်တိုမတိုရတဲ့ နေ့ မအော်ငေါက်မိတဲ့ နေ့ဆို တရေးနိုးလာလည်း သီသီတို့ ဖုန်းနှိပ်နေတုန်းပါပဲ..။
မကြီးမငယ်နဲ့ အခုကျမှ ဂိမ်းအသေအလဲ စွဲနေတာ ဘယ်လို လုပ်ရမှာလည်း..။
ဆန်းသော် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အိပ်ဖို့ နဲ့ သူငယ်ချင်း အိမ်ရောက်နေတယ် ဆိုတာမျိုး အသိပေးဖို့ လိုနေပြီ..။
ကိုယ့်ကြောင့် သူများ စိတ်ပူနေရတာ စောင့်မျှော်နေရတာ ကို လုံး၀ မကြိုက်သည်မို့ ဖုန်းဆက်လိုက်သည်..။
ဖုန်းဝင်ပြီး အချိန်တွေ ကြာသည် အထိ မကိုင်တော့ နာရီကြည့်လိုက်တာ ဆယ်နှစ်နာရီ ခွဲနေပြီ..။
အိပ်ပျော်သွားပြီထင်ပါတယ်…မအိပ်ခင် များငိုနေသေးလား ဆိုတဲ့ စိတ်ကူးယဉ် အတွေးကြောင့် ရင်ပူရပြန်သည်..။
သူလား..ငိုမှာ…။
ဆန်းသော် စိတ်တင်းပြီး ခေါင်းအုံးပေါ် ပစ်လှဲလိုက်ခါ အိပ်ပျော်အောင် မျက်လုံးတွေ ဇွတ်မှိတ်ထားလိုက်သည်..။
.
"ဟင်.."
"………"
"ကျစ်…."
ဆန်းသော် မနက် ခုနှစ်နာရီ အရောက် အိမ်ပြန်လာပေမဲ့ ၇နာရီခွဲကျော်မှ အိမ်ကို ရောက်လာသည်..။
ရောက်လာတော့လည်း တံခါး ဖွင့် ဝင်ကတည်း က အမောစို့ရတော့သည်..။
ဖိနပ် အပါးက မောက်နေတာ တစ်ရံ့…ဒေါက်က လဲကျနေတာ နှစ်ရံ တံခါးနဲ့ ဖိမိပြီး လိမ်သွားလို့ ကပျာကယာ ဆွဲထုတ်ပြီး ပြန်ပြင်ရသည်..။
ဒီအတိုင်းတောင် လကုန်တိုင်း ဖိနပ် နှစ်ရံ့ အနည်းဆုံး ဝယ်နေတာလေ..။
အိမ်ရှေ့ခန်းမှာ ထင်ထားတဲ့ အတိုင်း မုန့်ခွံနဲ့ စားလက်စ မုန့်တွေ ပွအောင်ကြဲနေတော့  ဆန်းသော် သက်ပြင်းချရင်း အချိန် မှီအတွင်း အမြန်ပြန်သိမ်းရသည်..။
ဒါတွေကို ဒီအတိုင်းထားခဲ့လည်း ပြန်လာရင် ကိုယ်ပဲ အမောစို့ရမှာလေ..။
မုန့်ခွံတွေကို ကောက်သိမ်းပြီး အခန်းထဲရောက်တော့လည်း ချွတ်ပြီး ပုံထားတဲ့ အဝတ်အစားတွေ အဖုံးဖွင့်ထားလျက်သား တံခါး၀ ရောက်နေတဲ့ နှုတ်ခမ်းနီတောင့် တွေက ဆီးကြိုနေပြန်သည်..။
လက်က စက် တစ်ခုလို နှုတ်ခမ်းနီကို ကောက်ခါ ခုံပေါ်တင်လိုက် ချွတ်ထားတဲ့ အဝတ်တွေကို ကောက်သိမ်း ရတာ အပြေးအလွှား..။
ရေမချိုးခင် မီးဖိုခန်းကို ဖြတ်ကျော်မိတော့လည်း အဖုံးဖွင့်ထားတဲ့ ချောကလက်ယို ဘူး နဲ့ ချောကလက် ခရင်မ်တွေ ပေနေတဲ့ ဇွန်းကို စားပွဲပေါ် ဒီတိုင်း တင်ထားသည်..။
ဇွန်းကို ယူပြီး ဘေစင်ထဲ ပစ်ထည့်ခါ ပုလင်းကို အဖုံးပိတ်ရင်း ဒေါသက ထွက်လာနေပြီ..။
မယူခင် က မသိဘူးလား…မတွေ့ဘူးလား…။
ဒါကြောင့် သုံးနှစ် သုံးမိုး စောင့်ကြည့်ပါဦးလို့ လူကြီးတွေ ပြောတာ ဖြစ်ပါလိမ့်မည်..။
မျက်နှာလေးက ချစ်ဖို့ကောင်းတဲ့ သီသီ ကို ဒီလို အကျင့်ဆိုးတွေ ရှိလိမ့်မယ်လို့ တကယ် မထင်မိတာ ဆန်းသော် လူကဲခတ်ညံ့လို့သာ ဖြစ်ပါလိမ့်မည်..။
ခုံအောက်ကို ရောက်နေတဲ့ ရေဘူး အဖုံးကို လေးဘက်ထောက် ကောက်လိုက်ပြီး ဘူးမှာ ပြန်တပ်ခါ အမှိုက်ခြင်းထဲ ထည့်ရသည်..။
မဖြစ်ပါဘူး…အလုပ်နောက်ကျတော့မှာမို့…အားလုံးကို ကျောခိုင်းပြီး ရေချိုးခန်းထဲ သာ ဝင်လိုက်ရတော့သည်..။
"ကျစ်.."
ရေချိုးခန်းထဲမှာ ရေစိုထဘီ ပုံလျက်သားနဲ့ လျှော်စရာ ထဘီတွေပါ အပုံလိုက်လုပ်ထားတော့ ခြေထောက်နဲ့ ထိုးခပ်ပြီး အခန်းထောင့်ကို ပို့လိုက်သည်..။
ရေချိုးဖို့ ပြင်ဆင် ပြီးမှ ညနေ ကျလည်း မလျှော်ဖြစ်မှာသိလို့ ကိုယ်တိုင် ဆပ်ပြာတိုက်ပြီး လျှော်စက်ထဲ ထည့်ခါ လျှော်ပေးရပြန်သည်..။
ရေချိုးပြီးလို့ အဝတ်ရေညစ်ပြီးပေမဲ့ မလှန်းတော့မှာ သိနေလို့ တစ်ခါ ထုတ်လှမ်း ရ၏..။
ဟူး….မိန်းမယူခါနီးရင် စဉ်းစားဖို့လိုတယ်…စဉ်းစားဖို့လိုကိုလိုတယ်..။
"ကိုဆန်းသော်..မနေ့က သီချင်းတိုက်ရတယ်ဆို…"
"အင်း.."
ဆန်းသော် ဆိုင်ထဲ ရောက်သွားတာနဲ့ မန်နေဂျာ လက်ထောက်က ဆီးကြိုစစ်ဆေးတော့သည်မို့ ခေါင်းညိတ်ပြလိုက်ရင်း မှန်ဆီကို ရောက်အောင်သွားရသည်..။
ခေါင်းမဖြီးအားလို့ လက်နဲ့ သပ်တင်ပြီး ထွက်လာခဲ့ရတဲ့ ဘဝတွေလေ..။
"မောင်..မနက်စာ ဘာစားချင်လည်း.."
"ချစ်လေး ကြိုက်တာချက်လေ…ကိုယ့်မိန်းမ ဘာချက်ချက် စားကောင်းပြီးသားပဲ.."
သူ့ရာထူးတောင် ကိုယ့်ထက်မြှင့်တော့ ဆန်းသော် နှုတ်ခမ်းမဲ့လို့ ဂုဏ်ပြုလိုက်ရတော့သည်..။
ကလေး နှစ်ယောက်အမေ စိုးစိုး က အခုချိန်ထိ ကလေး နှစ်ယောက်တာဝန် ဆိုင်တာဝန် အပြင် သူ့ကိုယ်သူလည်း အလှမပျက်အောင် ထိန်းသိမ်းနိုင်သလို…မယားဝတ္တရားလည်း ကျေပွန်လွန်းပါသည်..။
"အင့်…ဒီမှာ..စောနက သံပုရာသီး တစ်ခြမ်းပိုလို့ ဖျော်ထားလိုက်တယ်…"
"အင်း…ပေး…ကိုဆန်း သောက်ဦးမလား.."
"ဟအေး.."
ဈေးဝယ် ဝယ်ခြမ်းတဲ့ သူ့တာဝန်တွေ ပြီးသွားတော့ ခုံပေါ်မှာ ထိုင်နေရင်း မိန်းမဖျော်ပေးတဲ့ သံပုရာရည် တစ်ခွက်ကို ဇိမ်ခံသောက်နိုင်သည်..။
ဆန်းသော်တို့ကတော့ ဒီလို ဘဝမျိုး အိမ်မက်တောင် မမက်ဝံ့ပါဘူးလေ..။
ညားခါစတုန်းက အလုပ်က ပြန်ရင် ရေတစ်ခွက်လောက်တော့ တစ်ခါတလေ ခပ်တိုက်ပါသည်..။
အခုလို အချိန်လည်း ရောက်လာရော..။
"သြော်…ကျားကျားပြန်လာပြီလား…ရေဘူးယူပေးပါ…မိန်းမရေဆာနေတာ ကြာပြီ…ဂိမ်းဆော့နေရင်း ထယူရမှာ အဆင်မပြေလို့…"
ယောင်္ကျားထက် ဂိမ်းက အရေးကြီးလာတာ ပုံမှန်မှ မဟုတ်တာပဲ…။
သီသီကို တစ်ခါတလေ ဆိုက်ကို ဖောက်တယ် ထင်ရေလောက်အောင် ဂိမ်းကို စွဲလွန်းပါသည်..။
ဈေးဝယ်ရင်လည်း ဈေးဝယ်ဖို့ပဲ..။
တစ်ခါတလေ အဝတ်တွေ ပုံနေလို့ လျှော်ဖို့ ပြောပြန်တော့လည်း မရှိလည်း ရှာကြံပြီး လျှော်နေတက်ပြန်သည်…။
ထိုအခါမျိုး ကျရင် ဆန်းသော်ကို ရွဲ့နေမှန်းသိတော့ ပိုလို့ ဒေါသထွက်ရပြန်ပါသည်..။
သီသီ နဲ့ လက်မထပ်ခင် ကတည်းက ဆန်းသော် လူငယ်ဘဝကတည်းက အိမ်ထောင်ရှင်တွေကိုကြည့်ရင် လင့်ဝတ္တရား မယား ဝတ္တရား ကျေပွန်ပြီး သာယာပျော်ရွှင်ဖို့ ကောင်းတဲ့ အိမ်ထောင်ရေးမျိုးကိုပဲ အားကျခဲ့တာပါ..။
ကိုယ့်မိသားစုမှာ အိမ်ထောင်ရေး ပြဿနာကြောင့် ကလေးဘ၀ စိတ်ညစ်ခဲ့ရပေမဲ့ ကိုယ် အလှည့်ကျရင် သာယာတဲ့ အိမ်ထောင်ရေး စိတ်ချမ်းသာစရာ အိမ်ထောင်ရေးမျိုး ဖြစ်ကို ဖြစ်ရမယ်လို့ စိတ်ကူးခဲ့ဖူးပါသည်..။
အခုတော့….အိမ်ပြန်ရောက်ရင် ဂိမ်းဆော့နေတဲ့ မိန်းမ…။
စားပြီးပြီလား…မစားရသေးဘူးလား…စိတ်မဝင်စား..။
ယောင်္ကျား အိပ်တော့မလား…အိပ်မပျော်ဘူးလား..ဘာမှ မသိ…။
တစ်ခါတလေ မခေါ်ပဲ အနားရောက်လာပြီး..တစ်ခါတလေ ခေါ်လည်း မအားဘူးလို့ တုန့်ပြန်တက်သည်..။
ထမင်းလက်ဆုံစားတိုင်း ကိုယ့်လက်ရာချည်းသာ ဖြစ်သလို…။
ဈေးဝယ်ထွက်ရင်တော့ ကိုယ်က အထမ်းသမား ဖြစ်ပြန်သည်…။
"ငါ့ အထင်တော့ကွာ..သီသီက မင်းထက် ပိုင်ဆိုင်မှု များတယ်လေ…အဲတော့ နှိမ်ချင်တာလည်း ပါမယ် ထင်တယ်.."
သူငယ်ချင်း တစ်ယောက်ရဲ့ စကားကို ကြားရတော့ သူငယ်ချင်းကို ဒေါသထွက်ခဲ့မိပေမဲ့ အခုသေချာ ပြန်တွေးကြည့်ချိန် မှန်နေသလိုလိုပါပဲလေ..။
ယောင်္ကျား မာန..ယောင်္ကျား သိက္ခာတွေကို ထိပါးတာ များလာရင် ငါ့ နင်ကို မချစ်ချင်တော့မှာ စိုးတယ်..သီသီရယ်..။
ငါ နင့်ကို ပဲ ချစ်ပြီး…နင် နဲ့ပဲ ရိုးမြေကျ နေသွားချင်တာ…ငါ့နှလုံးသားရဲ့ ဆန္ဒ တစ်ခုပါဟာ..။
.
နေ့ခင်း ကျောင်းဆင်းချိန် ဆန်းသော်ပဲ မနေနိုင်လို့ ကျောင်းကို လိုက်သွားတော့ ဒေါ်သီသီ တို့ အစားစားရင်း တော်တော်လေးကို ရယ်နေသည်..။
"သီသီ…ဟိုမှာ.."
ဘေးက ဆရာမ တစ်ယောက် လက်ကုတ်လိုက်တော့ လှည့်ကြည့်ပြီး လက်ထောင်ပြတာ ဘာမှ မထူးဆန်းသလိုပင်..။
စားလက်စ ပန်းကန်တွေကို ရှေ့တွန်းပြီး ထိုင်ခုံက ထလာတော့ ဆန်းသော် လှေကားတွေ အနားမှာ ရပ်စောင့်နေလိုက်သည်..။
ဆံထုံးနဲ့ ရင်ဖုံး ထဘီ ဝတ်ထားတဲ့ နိုင်ငံတကာ အဆင့်မြင့်မှီ ကိုယ်ပိုင်ကျောင်းတစ်ခုက ကျောင်းဆရာမ က သူ့လိုမျိုးတဲ့လား..။
"ထမင်းစားပြီးပြီလား.."
"အင်း.."
"ငါတို့တော့ စားနေတုန်း …စားဦးမလား.."
"ဟင့်အင်း.."
"ဒါဆို…ငါ ပြန်စားလိုက်ဦးမယ်…ဘာပြောဦးမလည်း.."
ဆန်းသော် စိတ်ထဲ အောင့်သပ်သပ် ဖြင့် ခေါင်းရမ်းခါ ကျောခိုင်းထွက်လာပေမဲ့ ရင်ထဲမှာ အစိုင်အခဲ သေးသေးတွေ စုနေတာ ပိုများခဲ့ပြီလေ…။
ယောင်္ကျား တစ်ယောက် အိမ်ပြန်မအိပ်တာ ဘာကြောင့်လည်း ဘာဖြစ်လို့လည်း…ဘာအပြစ်ကြောင့်လည်း..ဘာတွေ မှားခဲ့လို့လည်း..ဆိုတဲ့ အတွေးမျိုး မရှိပါဘူး..။
သီသီ ဟာ မိန်းမမဆန်တဲ့ မိန်းမ တစ်ယောက်..။
ယောင်္ကျား တစ်ယောက်ကို အသုံးချခံ အဖြစ် ပတ်သက်တက်တဲ့ မိန်းမ တစ်ယောက်ပါပဲလေ..။
ဆန်းသော် အလုပ်ကို ပြန်ရောက်ပြီး စာရင်းကိစ္စ နဲ့ မီးဖိုချောင် ပြင်ဆင် စရိတ်တွေ မထည့်ရသေးလို့ စာရင်း ထိုင်လုပ်နေလိုက်သည်..။
စိုးစိုး ကတော့ သူ့.ယောင်္ကျား အတွက် ဖွယ်ဖွယ်ရာရာ ထမင်းခုးကျွေးရင်း ဆန်းသော်ကိုပါ တစ်ခါတည်း ဝင်စားဖို့ ဖိတ်ခေါ်သည်..။
စားပြီးပြီ ဆိုတဲ့ အကြောင်းပြချက် အငြင်းမှာ ရင်ထဲက အောင့်သလိုလို ရှိနေသည်..။
"ကိုဆန်းသော်…အိမ်မပြန်သေးဘူးလား..ဒီနေ့ နောက်ကျတယ်နော်.."
"အင်း..စာရင်း မပြီးသေးလို့.."
နေဝင်သွားတာ သိပေမဲ့ ရေးုပြီးသား စာရင်းတွေကို မလိုအပ်ပဲ ကွန်ပျူတာထဲကိုပါ ကူးထည့်ရင်း အလုပ်ရှာနေမိသည်..။
အိမ်….တစ်ချိန်က လင်မယား နှစ်ယောက်ရဲ့ သာယာကြည်နူးစရာ ကောင်းတဲ့ အိမ်…။
မိန်းမ ဖြစ်သူ ပိုင်ဆိုင်တဲ့ အိမ်….ယောင်္ကျား အိမ်ပြန်ရင် ကြိုဆိုမှု မရိှိတဲ့ အိမ်..။
အမြင်မတော်စရာ အလုပ်တွေ ကို  ဘယ်လောက်ပြုပြင်ပေးပါစေ.. စိတ်ချမ်းသာစရာမရှိတဲ့ အိမ်..။
သက်ပြင်းနဲ့ ဒေါသတွေ ခိုကပ်နေတဲ့ စိတ်မွန်းကြပ်စရာ အိမ်…။
"တီ….တီ….တီ…."
ဖုန်းသံကို အသံမျိုးစုံ မထားတက်တာမို့ ရိုးရှင်းတဲ့ ဖုန်းသံ မြည်လာတော့ ဆန်းသော် ဆွဲကိုင်လိုက်တာ မိန်းမ ဆိုတဲ့ စာတန်းလေး ပေါ်နေသည်..။
အိမ်ပြန်နောက်ကျလို့ ဖုန်းဆက်တာ များလား..။
မဖြစ်နိုင်ပါဘူး…ဘယ်တော့ဖြစ်ဖြစ် ဂရုစိုက် အလေးထားတာ မဟုတ်ပါဘူး..။
"ကလင်…ကလင်…ကလင်…"
ဆန်းသော် ဖုန်းချလိုက်ပြီး ခဏ ကြာတာနဲ့ ကောင်တာ ခုံက ဖုန်းမြည်လာတော့ အနားမှာ ရှိတဲ့ ကျော်သူက ကောက်ကိုင်လိုက်သည်..။
"ဟလို…"
"မသိဘူး ခင်ဗျ…ဘာဖြစ်လို့လည်း မသိဘူး…"
"ဗျာ….ဟုတ်..ဟုတ်….အကို…အကို…"
"ဟင်.."
ဆန်းသော် ကွန်ပျူတာကနေ့ မျက်မှောင်ကြုတ်၍ အကြည့်ရွေ့လိုက်တော့ ကျော်သူက ဖုန်းကိုထိုးပြပြီး…မျက်လုံး ပြူးပြနေသည်..။
"ဘာလည်း.."
"ဟို..ဟို…အကို့ မိန်းမ မှတ်တိုင် မှာ လဲနေလို့တဲ့.."
"ဟမ်…"
ဆန်းသော် ခုံကနေ ဝုန်းခနဲ့ ထရပ်လိုက်ချိန် တစ်ကိုယ်လုံး ပူထူပြီး ဖုန်းကို ဆွဲယူခါ ကောင်တာ ခုံဆီကို ပြေးသွားမိသည်..။
"ဟလို…ဟလို..ဘယ်သူလည်း မသိဘူး..ကျွန်တော့် မိန်းမ…ဘာဖြစ်တာလည်း..ခင်ဗျာ…ဘယ်မှာလည်း.."
"ဟုတ်ကဲ့..ဟုတ်ကဲ့..ကျွန်တော်..အခုလာခဲ့ပါမယ်…ခဏစောင့်ကြည့်ပေးပါဗျာ…ဟုတ်ကဲ့…"
စားသောက်ဆိုင်က ကားကို ယူပြီး အရှိန်တင်ခါ ရောက်လိုစော နဲ့ အမြန်မောင်းသွားလိုက်ရသည်..။
ကားကို တုန့်ခနဲ့ ရပ်ပြီး ဆင်းပြေးသွားတော့ ထိုင်ခုံမှာ ထိုင်နေပြီး..ဘေးမှာ လူသုံးယောက် လောက် ရှိသည်..။
"ဟင်…သော်…"
"ဘာ…ဘာဖြစ်တာလည်း..သီသီ…"
"မူးလို့..ဒီက အကိုနဲ့ အစ်မ တွေ့ပြီး နှာနပ်ထားတာလေ.."
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ် ခင်ဗျာ…ကျေးဇူးတင်ပါတယ်…"
ဆန်းသော် ကျေးဇူးတင်နေချိန် အဖော် စောင့်ပေးနေတဲ့ နှစ်ယောက်က ဖုန်းနဲ့ ပိုက်ဆံအိတ်ကို လှမ်းပေးပြီး ကားပေါ် တက်သွားကြပြီ..။
"ပွေ့ရမလား.."
"ရပါတယ်…"
"ကျစ်..ဆေးရုံ တန်းသွားမယ်.."
"မလိုပါဘူး..ယောင်္ကျားရယ်…သီ..ဖြစ်တာ..သီသိပါတယ်.."
လက်မောင်းကို ချိတ်ပြီး ခေါင်းစောင်းမှီခါ ဖြည်းဖြည်းချင်း လျှောက်နေပေမဲ့ ဆန်းသော်မှာတော့ နှလုံးခုန်နှုန်းတွေက ပုံမှန် ပြန်မဖြစ်နိုင်သေး..။
"ဆိုင်က ကားကို ယူလာတာလား.."
"အင်း.."
"မိုက်သား..ယောင်္ကျား ကားမောင်းတက်တာပဲ..မိန်းမ တို့ တစ်စီးလောက် ဝယ်ရအောင်လေ…"
"ဘာဖြစ်နေတာလည်း သီသီ..နင် အခုပဲ မှတ်တိုင်မှာ မူးလဲတယ်….ငါဘယ်လောက် စိုးရိမ်ပြီး ပြေးလာရလည်း သိလား.."
"အင်း..မိန်းမလည်း မဖြစ်ချင်ပါဘူး.."
"ထပ်မပြောနဲ့ ဆေးခန်း ပြရမယ်..မဖြစ်ဘူး..ဒေါက်တာ မိုးေ၀ နဲ့ ပဲ ပြရမယ်.."
"အမလေး…ငါ ခေါင်းမူးတာ အိပ်ချင်လို့ဟဲ့….အိပ်ချင်လို့ဟ…"
"ဘာ…"
"နင့်ကြောင့် ညတုန်းက ငါ တစ်ညလုံး မအိပ်ရဘူး.."
ဆန်းသော် အထင်လွဲမိတာတွေ နောင်တရရင်း ကားကို အရှိန်လျော့ခါ သီသီ ဘက်ကို ငေးကြည့်နေမိသည်..။
သီသီ ကလည်း ပြန်ငေးကြည့်ပြီး ပြုံးပြရင်း…သူ့ပိုက်ဆံအိတ်ကို ဆွဲယူခါဖုန်းကို ထုတ်သည်..။
"မူးတယ်ဆို…ဂိမ်း မစဉ်းစားနဲ့နော်…"
"သိပါတယ်…ငါ့ သူငယ်ချင်းတွေကို ဒီနေ့ မဆော့နိုင်ဘူး ပြောမလို့ပါ…"
"နင် ငါ့ကို စိတ်ပူပြီး အိပ်မပျော် ဖြစ်ရတာ ဆောရီး ပါ…ငါ မနေ့က ညဏ်လင်းတို့ အိမ်မှာ သူငယ်ချင်းတွေ တွေ့ရင်း ဝင်သောက်လိုက်မိတယ်…"
"အဟား..နင့်ကို စိတ်ပူတာ မဟုတ်ဘူး..…ငါ တစ်ညလုံး ဂိမ်းဆော့ပြီး မအိပ်ရသေးပဲ ကျောင်းကို ဆက်သွားလိုက်ရလို့ပါ…နင့်ကြောင့် ဆိုတာ နင်သာ ရှိရင် ဆူငေါက်ပြီး အိပ်ခိုင်းမှာလေ…လွတ်လပ်တိုင်း မကောင်းဘူး ဆိုတာ ငါတော့ ယုံသွားပြီ…ကျားကျား ရဲ့ ဆူငေါက်နေတာ…သီအတွက်ပေါ့နော်.."
ဆန်းသော် မျက်လုံးပြူး၍ နားထောင်နေရင်း ရင်ထဲ အသည်းထဲ အထိ ရှက်စိတ်တွေ မွှန်ထူသွားရသည်..။
ယောင်္ကျား ပြန်မလာလို့ စိတ်ပူပြီး အိပ်မပျော်ဖြစ်ခဲ့တယ် အထင်နဲ့ တောင်းပန်မိတာ..။
အခုတော့ မျက်နှာကို ရိုက်ချလိုက်သလိုပါပဲလေ…။
ကားကို ထိန်းချုပ် မောင်းနှင်နေတဲ့ ခြေထောက်ကို ပိုဖိ၍ အိမ်ဆိုတဲ့ ထောင်ကို ရောက် အောင်သာ စိတ်စောနေမိသည်…။
ဘာတွေကို မျှော်လင့်မိတာလည်း အရူးကောင် ဆန်းသော်ရာ…။

ˋˏ✄┈┈┈┈┈┈┈┈┈┈┈┈┈✧

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

ဒဏ်ရာရဦးနှောက်Where stories live. Discover now