ညီမချစ်ရတဲ့ အကို…
အကိုလို့ပဲခေါ်လို့ရတယ်မလား…လူမျိုးခြားတဲ့အကို့ကို အကိုတို့ဘာသာနဲ့လဲမခေါ်ချင်ဘူး…နာမည်လဲမခေါ်ချင်လို့ ညီမကိုယ့်ဟာကိုယ်ပဲ နာမ်စားသုံးပြီး တစ်ယောက်တည်းခေါ်ဖြစ်ခဲ့တယ်…
ဘယ်ကစပြောရမှန်းမသိပေမယ့်…ပြောရရင်တော့…မတွေ့ရတာကြာပြီနော် အကို…နေကောင်းရဲ့လား…အလုပ်ရော အဆင်ပြေရဲ့လား…မြန်မာကိုရော ဘေးကင်း"ပြန်ရောက်လာရဲ့လား…အကို…
အကိုသိရဲ့လား…ဒီလာမယ့် နှစ်လပိုင်း ဆယ့်ရှစ်ရက်နေ့ဆို ညီမတို့စတွေ့တာ တစ်နှစ်တောင်ရှိသွားပြီ…အချိန်တွေက အရမ်းမြန်တယ်နော် အကို…အကိုနဲ့စသိတဲ့ တတိယနှစ်ကောင်မလေးက အခုတော့ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်လာပြီ…အခုလေ နောက်ဆုံးနှစ်က စာတွေခက်တယ် အကို…ကျောင်းတက်ရတာလဲ စိတ်ဖိစီးမှုများနေပြီး မသက်မသာဖြစ်နေတယ်…
အကိုကတော့ အဆင်ပြေပြေနေနေတယ်မလား…ညီမမှ ဝင်မရှုပ်တဲ့နေ့တွေက အကို့အတွက် နေ့တိုင်းသာယာနေမှာပဲနော်…ပျော်အောင်နေပါ အကို…မလိုအပ်တာမှန်ပေမယ့် လိုအပ်တဲ့အခါများရှိလာမလားလို့ ဘေးမှာအမြဲတော့ရှိနေချင်ပါတယ်…ဒါမဲ့ ညီမ အကို့ကို မတွယ်ကပ်ပါဘူး…အကိုလဲ ညီမကြောင့် အလကားသက်သက် ဝန်လေးမှာပေါ့နော်…နောက်ထပ် ဘယ်တော့မှ စိတ်မရှုပ်စေရပါတော့ဘူး…ညီမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသမျှအတွက်လဲ တောင်းပန်ပါတယ်…
ညီမကိုတော့ 좋은 사람,좋은 기억 အနေနဲ့ပဲမှတ်မိနေပေးပါ…ကျန်တာမလိုချင်ပေမယ့် ဒါလေးတစ်ခုပါပဲ…
အစစအရာရာအဆင်ပြေပါစေ အကို…
ချစ်ခြင်းဖြင့်…
အကို့ရဲ့ ဟယ်ရန်းနီး၉ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၉
YOU ARE READING
Letters for Him <'3
Non-Fictionနာမည်လေးနဲ့ လိပ်စာလေးတော့တပ်ထားတယ်... အကို့ဆီတစ်သက်လုံး မပေးပို့ဖြစ်တော့မယ့် စာတွေပေါ့... တစ်ချို့စာတွေက ပေးပို့မှ အဓိပ္ပာယ်ရှိတာမှ မဟုတ်ပဲ... စာအိတ်တစ်အိတ်ထဲမှာ ရည်ရွယ်သူ နာမည်လေးတပ်ပြီး သိမ်းထားရတာလဲ ချစ်ခြင်းရဲ့အနှစ်သာရပါပဲ... စာတွေတော့ရေးဖြစ်တယ...