စာလွှာ-၂

6 0 0
                                    

သို့…အကို

အများကြီးတွေးဖြစ်ခဲ့တယ်…အကိုနဲ့ပက်သက်ရင် ခံစားချက်တွေ ထုံကျင်အေးစက်တာမျိုးတွေလဲဖြစ်ခဲ့ပေမယ့်…
တစ်ခုခုဆို အကို့ကို သတိရစိတ်က ပိုတယ်…

ပြန်တွေးမိတိုင်း အကိုက ညီမ‌အပေါ်အရမ်းနွေးထွေးခဲ့တာပဲ…ညီမအတွက်တော့ ညီမနာမည်ကို အကိုရဲ့ခေါ်သံလေးကအစ အကုန် အမှတ်တရပဲ…တော်တော်လေး လွမ်းမိတဲ့အခါမျိုးဆို မျက်ရည်ပါကျရတယ်…

နေရာတကာ အကိုနဲ့ပြည့်နှက်နေသလိုမျိုးလေ…အကိုသိလား…
ဒီနေ့ဆို ခြေထောက်တွေအရမ်းကိုက်လို့ ညီမအိပ်လို့မရဘူး အကို…ဘာတွေးမိလဲဆိုရင် အကို့အကြောင်းပဲပေါ့…ဘန်ကောက်ထိတောင် သွားပြစေချင်တဲ့အထိ ညီမကို စိတ်တွေပူပေးခဲ့တာလေ…တကယ်သဘောကျစရာကောင်းတဲ့ ညီမရဲ့အကို…

ဟယ်ရန်းနီးလို့ နာမည်ခေါ်ပြီး ညီမဆီပြေးလာရင်း ခေါင်းလေးကိုပုတ်ပြီး နှုတ်ဆက်တတ်တဲ့ ညီမချစ်ရတဲ့ အမျိုးသား…ဘယ်သူမှ ညီမခေါင်းကို ချစ်စနိုးနဲ့ မပုတ်ဖူးဘူး အကို…ဘယ်လိုစကားနဲ့ဖော်ပြရမလဲ…သိတောင် မသိတော့ဘူးအကို…

ညီမအသက်တွေကြီးလာတဲ့အခါ …အကို့ရဲ့ဘဝတစ်ကွေ့မှာ ညီမတို့ ပြန်တွေ့ကြမယ်မလား…အဲ့အခါလဲ ဟယ်ရန်းနီးဆိုပြီး မှတ်မိပေးနော်…မှတ်မိပေးမယ်မလား…အခုတော့ ညီမမှာ အကိုနဲ့ပြန်ဆုံဖို့ သတ္တိရော အင်အားရော မရှိဘူးအကို…မတွေ့လဲမတွေ့ရဲဘူး…

ဒီ‌ညတော့ အကို့ကို အရမ်းလွမ်းနေလို့…ချစ်တယ်လို့တော့ ပြောလို့ဖြစ်တယ်မလား…
ㅅㄹㅎ 곽동형~ 잘 지내…

ချစ်ခြင်းဖြင့်…
အကို့ရဲ့ ဟယ်ရန်းနီး

၉ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၉

Letters for Him <'3Where stories live. Discover now