[Zawgyi]
တခါတုန်းက နှင်းငွေ့ငွေ့ဝေနေတဲ့ တောင်ပေါ်မြို့လေးတစ်မြို့မှာ နွေးထွေးတဲ့
ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးတယ်..."Café de loto"
.
.
.
"ရှောင်းကျန့်ရေ ! Mochaရပြီ"
ကောင်တာနောက်ဖက်က ကျန်းချန်ဆိုတဲ့လူငယ်လေးရဲ့ လှမ်းခေါ်သံအဆုံး ပြေးပြေးလွှားလွှား စားပွဲထိုးနေတဲ့ လူငယ်လေးတစ်ယောက်က ခေါင်းလေးကို ဆတ်ခနဲငြိမ့်လို့ အဝေးကနေ သွက်သွက်လေး ပြေးလာတယ်
"ဖြည်းဖြည်းလုပ်ကွ....ခလုတ်တိုက်မယ်"
သူ့ရဲ့ခရမ်းနုရောင် အေပရွန်လေးကို ဖုတ်ဖက်ခါ လက်သုတ်ပြီး ကော်ဖီခွက်ကို လှမ်းယူတော့ ကျန်းချန်က ထအော်ရင်း သူ့လက်ကို ဖြတ်ကနဲ ရိုက်ချပစ်လိုက်တယ်. ပြီးတော့ အငွေ့တလူလူနဲ့ Mochaကော်ဖီနှစ်ခွက်ကို ဗန်းလေးထဲ ထည့်ပေးတယ်....
"အပူလောင်မှာစိုးလို့ ဗန်းထဲထည့်သယ်ပါဆိုတာ မင်းကို ဘယ်နှစ်ခါပြောရမလဲ စောက်ရူးရဲ့
နည်းနည်းမှ အမှတ်သညာကိုမရှိဘူး""ကျန့်ကျန့်က လောနေလို့နေမှာပါကွာ"
နောက်က မုန့်ဖုတ်ခန်းလေးထဲကနေ ဖခင်ဖြစ်သူ ကျန်းဖုန်းမြင့်ရဲ့ အသံပေါ်လာတယ်....
"အဖေတို့က အဲ့လိုပဲ.. ပြောလိုက်ရင် အားကျန့်ဘက်ကပဲ ကာဆီးကာဆီးနဲ့..."
"အေးပါကွာ.... လူတွေများနေတာ မင်းလည်းမြင်သားနဲ့ဟာ... ကျန့်ကျန့်ရေ
ခဏနေရင် မုန့်လာစားချည်! မနက်စာမစားရသေးဘူးမလား ဒီမှာ မင်းကြိုက်တဲ့မုန့်လေး ချန်ထားတယ်ဟေ့"ဦးလေးဖြစ်သူက မုန့်ဖုတ်ခန်းထဲနေ Croissant မုန့်လေးတစ်ခု ထောင်ပြတော့ ရှောင်းကျန့်ဆိုတဲ့ ကောင်လေးကမျက်လုံးလေး အဝိုင်းသားနဲ့ ပြုံးရယ်လို့...
"ဟေ့ကောင် ဘာကြည့်နေတာလဲ မြန်မြန်ယူသွားတော့လေ!"
ကျန်းချန်ရဲ့ မနာလိုမှုတစ်သိန်းနဲ့ ဆောင့်အော်လိုက်တော့မှ ရှောင်းကျန့်ခမျာ လန့်ပြီး ပါးစပ်လေးဟောင်းလောင်းနဲ့ ကော်ဖီဗန်းကို မနိုင့်တနိုင် သယ်သွားတော့တယ်.....
YOU ARE READING
Wildest Dream
Fanfictionဘဝကို သူသိပ်ချစ်တာပဲ... ဆောင်းရာသီကို သူချစ်သလိုမျိုး... အမွေးပွပွအကောင်လေးတွေကို သူချစ်သလိုမျိုး... အာလူးကြော်စားရတာ သူချစ်သလိုမျိုးပေါ့... . . . ".... ပထမဆုံး ဆုံတွေ့မှုက ဆောင်းတွင်းအိပ်မက်လိုပဲ... ဂယောက်ဂယက်ရယ်..." . [A/N : အဲ့ဒီလူသား၂ယောက်ကို...