[Zawgyi]
ရှန်ဟိုင်းကလွဲရင် ရိပေါ်ပျော်တဲ့နေရာဆိုလို့ ဘယ်မှာမှရှိမနေဘူး...
ဒီလို ခြောက်ကပ်ကပ်နဲ့ နှင်းတွေအုံ့ဆိုင်းနေတဲ့ တောင်ပေါ်မြို့မှာ လူတွေဘယ်လိုများ ရှင်သန်နေကြသလဲ သူအံ့ဩလို့မဆုံးဘူး...
သူလို မြို့မှာမွေး မြို့မှာကြီးလာတဲ့ မြို့သားစစ်စစ်ကတော့ ဒီလိုနေရာမှာ ပျော်စရာအကြောင်းကို မရှိတာ...
အခုကြည့်လေ ညနေစောင်းတော့မယ် ဒီလိုအချိန်ဆို ရှန်ဟိုင်းမှာ လမ်းမီးတွေ လင်းထိန်နေပြီ... လူတွေဆိုတာလည်း ဥဒဟို သွားလာလုပ်ကိုင်လို့ကောင်းတုန်း
စားသောက်ဆိုင်တွေ... ဈေးဆိုင်တန်းတွေဆိုတာ နေ့ရောညပါ တိုးမပေါက်အောင်ပဲ
နာရီသာငုံ့မကြည့်ရင် နေ့နဲ့ညတောင် မှားလောက်အောင်ကိုပဲ...ဒီမြို့မှာတော့ ကြည့်ပါအုံး... ညနေ၅နာရီစွန်းစွန်းကို လမ်းပေါ်မှာ ခွေးတစ်ကောင် ကြောင်တမြီးတောင် မတွေ့ရတော့ဘူး... အဲ့ဒါဘာအထာလဲ...
တောအထာလား...ပါပါးကတော့ ပြောဖူးတယ်... တောရွာတွေမှာ ညနေဆို လူတွေက စောစောစီးစီး အိပ်ရာဝင်ကြတယ်တဲ့... မင်းလို သန်းခေါင်သန်းလွဲ
ဆိုက်ကယ်တစ်စီးနဲ့ လပ်လျားလပ်လျား လုပ်နေတဲ့ကောင်မရှိဘူးတဲ့...
အဲ့တုန်းကတော့ ဖာသားကြီး မသိမသာနဲ့ သူ့အာဘော်တွေကို မိတ္တူပေးတာထင်ပြီး ရိပေါ်က ဂရုမစိုက်ပေါင်...
အခုကိုယ်တွေ့မျက်မြင်ကြုံရတော့မှပဲ ဩချရတော့တယ်...မနေ့ကမှ ပါပါးရုံးအလုပ်နဲ့အတူ
ပြောင်းလာရတာမို့ သူဒီမြို့နဲ့အတော်လေး အသားမကျသေးဘူး... အိမ်ထဲမှာဆက်နေရင် ညနေ၆နာရီလောက်ဆို ဝင်အိပ်ဖို့ပဲ ရှိတော့တာမို့ ပါပါးမသိအောင် အပြင်ခိုးထွက်လာခဲ့တာ...
လက်စွဲတော် ဆိုင်ကယ်လေးခမျာလဲ
ရိပေါ်နဲ့ သေဖော်သေဖက်ညှိပြီး ဆွဲစိခံလာရသေးတယ်...ဘယ့်နှယ့်...
စောစောစီးစီးအိပ်တန်းတက်ရအောင် သူကကျီးကန်းလား...🖋🖋🖋🖋🖋
"ရအောင်ဖမ်းကြစမ်း အဲ့အရူးကို"
ဆိုင်ကယ်လေး တောလမ်းဘေးရပ်ပြီး ဟိုကြည့်သည်ကြည့် လုပ်နေတဲ့ ရိပေါ်...
နားထဲကို ဆူဆူညံညံလူသံတွေ ဝင်လာတယ်...
YOU ARE READING
Wildest Dream
Fanfictionဘဝကို သူသိပ်ချစ်တာပဲ... ဆောင်းရာသီကို သူချစ်သလိုမျိုး... အမွေးပွပွအကောင်လေးတွေကို သူချစ်သလိုမျိုး... အာလူးကြော်စားရတာ သူချစ်သလိုမျိုးပေါ့... . . . ".... ပထမဆုံး ဆုံတွေ့မှုက ဆောင်းတွင်းအိပ်မက်လိုပဲ... ဂယောက်ဂယက်ရယ်..." . [A/N : အဲ့ဒီလူသား၂ယောက်ကို...