[Zawgyi]
💕'ဦးချန်း'💕
Part 2
~°°~" ဆယ်ဟွန်း!... ဟွန်းလေး!
တံခါးဖွင့်ပါအုံး!! "ဒုန်း ဒုန်း ဒုန်း
ဒယ်ဒယ် ဆယ်ဟွန်းနီး အခန်းရှေ့တွင် တံခါးကို တဒုန်းဒုန်း ထုလို့ အခန်းထဲ ဆယ်ဟွန်းနီး ကိုအော်ခေါ်နေလေသည်။
" ဒယ်ဒယ်... ရော့ သော့ပို
ဖွင့်ပြီး မင်းသူငယ်ချင်းလေးကို ဖျောင်းဖျပေးပါ ... "ဒယ်ဒယ် အော်နေတုန်း Mama က အနောက်ကရောက်လာကာ သော့တစ်ချောင်းလက်ထဲထည့်ပေးလို့။ မျက်ရည်များဝေ့နေသည့် မျက်ဝန်းဖြင့် ဒယ်ဒယ့် ကိုတောင်းဆိုနေသည်။
ဒယ်ဒယ် လည်းသော့ကိုယူပြီး တံခါးဖွင့်ကာ အခန်းထဲဝင်သွားသည်။အခန်းထဲရောက်တော့ ဒယ်ဒယ် မြင်လိုက်ရတာက ကုတင်ပေါ်တွင် မှောက်လျက်အိပ်ကာ တစ်ဝကြီးငိုနေသော ဆယ်ဟွန်းနီး...
ဒယ်ဒယ် ဘာမှမပြောနိုင်တော့...
" ဆယ်ဟွန်းနား!!! "
" Mama! "
ဒယ်ဒယ် ရဲ့ ကျယ်လှစွာသောအသံကြောင့် ဆယ်ဟွန်းနီး ခင်မျာ ကုတင်ပေါ်တွင်ထတောင်ထိုင်မိသည်။
" ဒယ်ဒယ် ရာ...
လန့်သွားတာပဲ "" ဆယ်ဟွန်းနား ငိုနေတုန်းလား
မငိုပါနဲ့တော့ တီတီတို့ပြောတဲ့ ပတ်ခ်ချန်းယောလ် ဆိုတဲ့သူက သဘောကောင်းတဲ့ပုံပါပဲ "ဒယ်ဒယ် ဟာ ဆယ်ဟွန်းနီး ဘေးဝင်ထိုင်ပြီး ပုခုံးကိုကိုင်ကာ ပြောပြနေသည်။
ဆယ်ဟွန်းနီး ဟာကျနေဆဲမျက်ရည်တို့ကို သုတ်လို့ ဒယ်ဒယ့် ကိုကြည့်ကာ မေးလိုက်သည်။" ဒယ်ဒယ် မင်းရော အဲ့လူကြီး နဲ့ သဘောတူနေတာလား! "
ဒယ်ဒယ် ဟာခေါင်းကိုခါနေအောင်ရမ်းလို့။
" အာ မဟုတ်ပါဘူး!!
တော်ပါတော့ ဆယ်ဟွန်းရာ မနက်ဖြန်ကိစ္စ မနက်ဖြန်မှ၊ ခုတော့ငါတို့ အင်္ကျီ လဲပြီး ကစားကွင်းသွားရအောင် "
ထိုသို့ ပြောပြီးသည်နှင့် ဆယ်ဟွန်းနီး ဟာရေချိုးခန်းထဲ ပြေးဝင်သွားသည်။
ခဏအကြာ တစ်ယောက်လက် တစ်ယောက်တွဲလို့ လှေကားပေါ်က ခုန်ခုန်ပြီးဆင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်။
ဆယ်ဟွန်းနီး ဟာ ခုနက သူမဟုတ်သည့်အတိုင်းပင်၊ ပြုံးရယ်လို့။
ဒယ်ဒယ် ကတော့ လှေကားထောင့်က Mama ကိုလက်မလေး မသိမသာ ထောင်ပြသွားလေရဲ့။