[Zawgyi]
💕'ဦးချန်း'💕
Part 1
~°°~နေရောင်ခြည်နွေးနွေး မျက်နှာပြင်ပေါ်သို့ ကျရောက်နေသည်။ ရှေ့မှာရှိနေတဲ့ Mama စိုက်ထားတဲ့ ပန်းပေါင်းစုံရနံ့ ဟာလည်း...
ဆယ်ဟွန်းနီး ရဲ့ ကျောင်းမသွားချင်တဲ့ စိတ်ကို ပို၍နှိုးစွနေသလို~
ဆယ်ဟွန်းနီး ဟာ Mama ရဲ့ ပန်းခင်းကြီး အလယ်ရှိ ဇရပ်လေးတွင် မျက်လုံးစုံမှိတ်လျက် လက်နှစ်ဖက်ကို ထိုင်ခုံတွင်ထောက်ပြီး ပြည့်ပြည့်ဝဝ ကို ပန်းရနံ့ များအား မွှေးကြူ နေသည်။" Arr~ မွှေးနေတာပဲ~ "
ဆယ်ဟွန်းနီး ယခုလို နေနေသည်မှာ အချိန်အတော်ကြာနေချေပြီ။ အိပ်ယာက နိုးကတည်းကပေါ့။ ညအိပ်ဝတ်စုံ ကြက်ပေါက် အရုပ်ကလေးများပါသည့် အဝါရောင်ဝမ်းဆက်လေး ဖြင့်သာ နေနေသည်။ ကျောင်းသွားချိန် နီးကပ်လာပေမယ့်လည်း ဆယ်ဟွန်းနီး မှာမထသေး...
ခဏအကြာ ဆယ်ဟွန်းနီး Mama ရဲ့ ပန်းခင်းကြီးထဲ အသံကျယ်စွာ အော်၍ ပြေးဝင်လာသော
ဒယ်ဒယ်..." Yrrr!!!!!!! အို ဆယ် ဟွန်း!!!! "
ဆယ်ဟွန်းနီး ဟာ ချက်ချင်းပင် နားနှစ်ဖက်ကို လက်ဖြင့်အုပ်လို့။
အနားရောက်သည့်အခါ ဆယ်ဟွန်းနီး ခန္ဓာကိုယ်ကို ဆွဲကာလှုပ်ရမ်းလို့...။" ဒယ်ဒယ်ရား... ဖြေး ဖြေး "
အတန်ကြာသည်အထိ လှုပ်ရမ်းပြီးတော့ ဆယ်ဟွန်းနီး ဘေးမှာထိုင်ရင်း ပုခုံးကိုမှီကာ...
" ဟူး... မောလိုက်တာ... "
ပြောပြီးချက်ချင်း ဆယ်ဟွန်းနီး ရှေ့ရပ်ကာ ဆယ်ဟွန်းနီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လို့ ဘယ်ပြန်ညာပြန် ကြည့်လျက်။
တိုးညင်းသော လေသံဖြင့်..." ဆယ်ဟွန်း... ဟွန်းလေး...
ချင်းဂူ... အဟဲ ငါတို့ ဆယ်ဟွန်းလေး လက်ထက်ရတော့မယ်!! "ဒယ်ဒယ် စကားအဆုံး ဆယ်ဟွန်းနီး အောက်မေးပြုတ်သွားသည်။
" ဒယ်ဒယ် ကလည်း နောက်ပြီ "
ဆယ်ဟွန်းနီး ဟာ သူ့မျက်နှာပေါ်က ဒယ်ဒယ် လက်ကိုဖယ်ပြီး အထာသိသည်ဆိုသည့် မျက်ဝန်းများဖြင့်ကြည့်ကာ ပြောသည်။
![](https://img.wattpad.com/cover/208752417-288-k752862.jpg)