Extra(Z and U)

2.9K 336 7
                                    

(Zawgyi)

"Merry Christmas "
တချွင်ချွင်နဲ့ ငြိမ့်ညောင်းလှတဲ့ ဂီတသံတွေဟာ ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သံပြိုင်တေးဆိုသံချိုချိုများဟာ လှပတဲ့ဆောင်းရာသီကို ပံ့ပိုးနေသလို ဆောင်းနှင်းကျမှုကလည်း ရက်ရက်စက်စက်ပါပေ။

သတ်မှတ်ရမယ်ဆို ဒီနေ့ နှင်းထူသည်ပေါ့။
Christmas မတိုင်ခင် ကတည်းက ရင်ခုန်နေကြတဲ့ သူတွေက ဒီနေ့ Christmas နေ့မှာတော့ လွတ်လပ်စွာ ပျော်ရွှင်နေကြလေပြီ။ ကျောင်းပိတ်ရက် ရုံးပိတ်ရက်တွေဆို အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေလူစည်တာ မဆန်းလှပေမဲ့ ဒီရက်တော့ ပိုပြီး တိုးတိုးကျိတ်ကျိတ်ရှိလှသည်။

"Jong In... ဟိုကလေးက ဘယ်ရောက်သွားတာလဲ"

"ဘယ်သူလဲ..."

"ဘာ ဘယ်သူလဲ တုန်း မင်းညီပေါ့"

"လျှောက်ကြည့်နေတာ နေမှာပေါ့ အာရုံမနောက်နဲ့ကွာ..ဂိမ်းဆော့နေတာကို"

"ဟိတ်ကောင် မင်း...မင်းညီပျောက်သွားရင် ဘယ်လို လုပ်..."

"ကျန်းရီရှင်း....ဂျောင်းတော့...နားပူတယ်ကွာ..."

Yixingသည် ပါးစပ်သာပိတ်ပြီး သူငယ်ချင်းကိုကျိန်ဆဲလိုက်သည်။ ညီဖြစ်သူ ဘယ်သွားလဲဆိုတာ စိတ်မဝင်စားတဲ့ ချစ်စရာ အစ်ကိုကြီး။

ဒီကလေးကလည်း ဘယ်အချိန်ကများ ဝှစ်ခနဲထွက်သွားတယ်မသိ။
ဒီနေ့ Jong Inနဲ့ ဟိုကလေးရဲ့ အမေတို့က မိဘတွေဆီပြန်ကြတာမို့ ဂိမ်းဆော့ထွက်တုန်း ဟိုကလေးတစ်ယောက်ထဲ ကျန်မနေစေချင်တာကြောင့် ဂိမ်းဆိုင်ထိခေါ်လာတာပင်။

လက်ထဲမှာ ဝတ္ထုစာအုပ်တစ်အုပ်ကိုင်လို့ လိုက်လာတဲ့ကောင်လေးက စောစောကအထိ သူ့ဘေးခုံမှာထိုင်ပြီး စာအုပ်ထိုင်ဖတ်နေသေးတာကို ခုတော့ ဘယ်ရောက်သွားတယ်မသိ။

Yixingတို့ ဂိမ်းဆော့နေကျဆိုင်က ဈေးကြီးရဲ့ အနီးမှာရှိတာမို့ ဒီနေ့လို ညမှာဆို ဈေးဆိုင်တွေနဲ့ စည်ကားနေတတ်သည်။ ကြည့်ရတာ လျှောက်များပတ်ကြည့်နေသလားမသိ။

ခုံအပြာလေးရဲ့ နောက်မှီမှာတင်ထားတဲ့ မာဖလာအဖြူလေးကိုမြင်တော့ သက်ပြင်းတိုးတိုးချလိုက်မိသည်။
"အအေးမိအုန်းမယ် ဂရုမစိုက်ဖူး"

Obsession(COMPLETED)Where stories live. Discover now