ပစ္စုပ္ပန်လမ်းခုလတ် (၁)

1.4K 78 2
                                    


" ဒေါက် "

" အား~~~~~ "

ဓားတစ်လက်သည် ကိုယ်သတိမမူမိခင်မှာဘဲ မျက်လုံးရှေ့ကို လေအလျင်လို ဆင်းသက်လာသောကြောင့် ကျောက်ဖိန် က ငယ်သံ
ပါသည်အထိအော်မိသည်။ သူ့မျက်နှာတစ်ခုလုံးကို စားပွဲတစ်ခုပေါ် ၌ ဘေးတစ်စောင်းဖိအပ်ထားကြသည့် လူများကလဲ အားသန်လှ
သည်။ ထိုထက်အားကောင်းသည်က စကားသံတောင် တစ်လုံးမှ
မထွက်လာသေးဘဲ သူ့မျက်လုံးရှေ့က စားပွဲကို ဓားမြောင်နဲ့လှမ်း
ပေါက်လိုက်သော ထိုလူငယ် ။

" ရိုယာနာ ဘယ်ရောက်သွားပြီလဲ "

" မသိ .. "

" ဝှစ် ~~~ဒေါက် "

" အား~~~~~ "

အငြင်းဝါကျပင် ဆုံးအောင်မပြောလိုက်ရ ။ ထိုလူငယ်ဆီက ပါး
လှပ်လှပ်ဓားတစ်စင်းက သူ့နှုတ်ခမ်း ချွန်ချွန်ထူထူ၏ အတော်
နီးနီးတွင် လာစိုက်ပြန်သည်။

" နောက်တစ်ခါ ဓားဘယ်ရောက်ဦးမလဲ သိချင်ရင် ထပ်ငြင်းကြည့်လေ "

ကျောက်ဖိန်သည် စူထော်နေသော နှုတ်ခမ်းသားများကို အတွင်း
ထိ သွင်းထည့်လိုက်သည်။ နောက်တစ်ခါဆို ဒီနှုတ်ခမ်းထော်ထော်
ကို ထုတ်ချင်းပေါက်သွားစေမှာ သူသိသည်။

" ငါ ... ငါ တရုတ်ကနေ ယူလာခဲ့တယ် ~~ "

သူတို့အားလုံး ငြိမ်သက်ကာ နားထောင်နေသည်။ ကျောက်ဖိန်က
တံတွေးတစ်ချက်မြိုချရင်း ထပ်ပြောမယ့်စကားတွေအတွက်
အားယူလိုက်သည်။

" ဒီရောက်တော့မှ ကျားသစ်ဖြူဂိုဏ်းက .... ဈေးကောင်းပေး
တာနဲ့ ငါ ရောင်းလိုက်တယ် "

" ဘာ ... ကျုပ်တို့လာယူမယ်ဆိုတာ ခင်ဗျားသိသိချည်းနဲ့ ကျား
သစ်ဖြူကိုရောင်းလိုက်တယ် ဟုတ်လား  "

" သူတို့က ဒေါ်လာ ၂သန်း ပိုပေးနေလို့ပါ .. မင်းသိတယ်မလား
ပွဲစားဆိုတာ ဈေးပိုပေးတဲ့လူကို ရောင်းတတ်ကြတာပဲလေ "

"သိတယ် ~~ "

" မင်းတို့တွေ သူ့ကို ချုပ်ထားတာ လွှတ်လိုက်တော့ "

လူငယ်လေးက အမိန့်ပေးလိုက်တော့ ကျောက်ဖိန်ရဲ့ခေါင်းကို
စားပွဲနဲ့ဖိအပ်ထားရာက ဖြေလျှော့ပေးလိုက်သည်။ ကျောက်ဖိန်က
တစ်ချိန်လုံး ကိုင်းထားခဲ့ရသော ခါးကို လက်သီးဆုပ်ကလေးနဲ့
ထုကာထုကာ ကျေးဇူးတင်စကားလှမ်းပြောလိုက်သည်။

Nounless Affection Where stories live. Discover now