Zawgyi
//အရောင်စုံတဲ့ သာလိကာ //
" ဟက်ပီးဘတ်ဒေး တူယူ .. ဟက်ပီးဘက်ဒေး တူယူ .. ဟက်ပီးဘက်ဒေး ဒီးယား မာရီ .. ဟက်ပီဘတ်ဒေး တူယူ "
မွေးနေ့ဆုတောင်းသီချင်းကို သံပြိုင်ရွတ်ဆိုလိုက်ကြပြီး တဖြောင်းဖြောင်းတီးသည့်လက်ခုပ်သံက အုတ်ခံတိုက်အိမ်ကြီး
တစ်ခုလုံးကို ကျယ်ကျယ်လောင်လောင်ပြန့်နှံ့သွားလေသည်။ အား
တစ်သည် ထိုမြင်ကွင်းများကို ချောင်တစ်ခုအကွယ်ကနေသာ ငေး
ကြည့်နေမိသည်။ လှပပြီး သေသပ်နေသော စားပွဲခင်းကြီးပေါ်က
ကိတ်မုန့်ပေါ်က ပါးပါးမျှင်မျှင် ဖယောင်းတိုင်ငယ်လေး သုံးချောင်းရဲ့အလင်းရောင်က သိပ်လဲလင်းလှတယ်ရယ်တော့ မဟုတ်။ ခြေရာပင် မထင်ရအောင် တိုက်ချွတ်ထားသောကြောင့် တဝင်းဝင်းထနေသည့် ကြမ်းခင်းကြီးကိုလဲ အားတစ်မနင်းရဲ ။
အဝေးကနေသာ ပန်းနုရောင်သမ်းနေသည့် ကိတ်မုန့်အဝိုင်းလေး
ကို မျှော်ကြည့်မိသည်။ ထို့နောက် ပြုံးရွှင်နေသည့် ဆရာကတော် ။" ကလေး..ဒီနား လာလေ "
ငေးကြည့်နေသော အားတစ်ကို ဆရာကတော်က မြင်သွားသည်။
အားတစ်သည် ခြံကြီးထဲကနေ ဖေဖေမသိအောင် ခိုးတက်လာရ
သူမို့ သူသာဒီထဲရောက်နေတာသိသွားရင် ဖေဖေက စိတ်ဆိုးလိမ့်
မည်။ .." ဟင့်အင်း "
ခေါင်းကို ယမ်းခါနေရင်း မတုန်မလှုပ် တံခါးနောက်နားလေးမှာပဲ
ပေကပ်ကပ်နဲ့ ထွက်မပြေးဘဲ ငြင်းဆန်နေမိသည်။ ထွက်လဲမပြေး
ချင် ။ ကိုယ်က အမှားလုပ်ထားသူလို့လဲ အားတစ်မယူဆထား။
နောက်ပြီး အားတစ် ထိုပြောင်ပြောင်ဝင်းဝင်းကြမ်းခင်းကြီးများကို
မနင်းရဲပါဘူး ။ တကယ်လို့ မြေဖုတ်တွေ ပေလူးနေတဲ့ သူ့ခြေထောက်တွေကြောင့် အိမ်ကြီးအလှပျက်သွားရင် ဘယ်လို
လုပ်မလဲ ။ ဆရာကတော်က ဆူမှာပေါ့ ။" လာပါ ကလေးရဲ့ .. မဟုတ်ရင်တောင် ဒို့ကမင်းကို လာခေါ်ခိုင်း
တော့မလို့ဘဲ .. လာပါ မင်းဖေဖေ မဆူစေရပါဘူး "အားတစ်သည် မငြင်းတော့ဘဲ ဖြေးဖြေးချင်း ဆရာကတော်နား
တိုးသွားလိုက်သည်။ ကြမ်းခင်းကို ခြေထောက်နဲ့ စနင်းတော့
ချောနေလိုက်တာ ။ မနည်းအားယူပြီးလျှောက်ကြည့်ရသည့်အဖြစ်။
KAMU SEDANG MEMBACA
Nounless Affection
Romansaအကိုက ကျွန်တော့်အတွက်အမည်နာမ တပ်လို့မရတဲ့ ချစ်ခြင်းလေး