"ဖေးချောင် မင်း ဟိုကောင်မသားကိုလက်ဆောင်သွားပေးတယ်ဆို"
ဖေးချောင် အခန်းထဲသို့ ဝင်ဝင်ချင်း သူ့မယ်မယ်၏ အသံက ဒေါသထွက်စွာ ဆီးကြိုသည်။
"မယ်မယ် ရောက်နေတာပါလား"
"ငါမေးတာပဲဖြေ ဘာကိစ္စနဲ့ ကိုယ့်ရန်သူကို လက်ဆောင်သွားပေးရတာလဲ"
ဖေးချောင် သူ့မိခင်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
"သားတော်ကယုံကြည်မှုသွားယူတာပါ မယ်မယ်ရဲ့
သူ သားကိုယုံသွားတော့ မယ်မယ့်အစီအစဉ်တွေ လုပ်ရတာ ပိုလွယ်သွားတာပေါ့
ပြီးတော့ ကိုယ့်ညီတော် ၁၆နှစ်ပြည့်တာကို သွားဂုဏ်မပြုရင် သားတော်ကို နန်းတွင်းမှာ ဘယ်လိုပြောကြမလဲ""အေး ငါပြောချင်တာအဲ့တာ
မင်းရဲ့ညီတော်မောင်ဆိုတဲ့ မင်းရဲ့ရန်သူက ၁၆နှစ်တောင် ပြည့်ပြီ
မင်းအဖေ ဘုရင်ဆိုတဲ့ ဟာကြီးကလည်း
မင်းအသက် ၂၄နှစ်အထိ ထီးနန်းနဲ့ပတ်သက်လို့ တစ်ခွန်းမှမဟဘူး
သူ့စိတ်ထဲမှာဘာတွေရှိနေလဲဆိုတာ မီးထွန်းကြည့်စရာတောင်မလိုဘူး
အဲ့တာကိုမင်းက အေးဆေးနေနိုင်သေးတယ်လား""နန်းတွင်းတစ်ခုလုံးမှာ သားယောက်ျားလေးနှစ်ပါးတည်းပဲ ဖွားမြင်တာပါမယ်မယ်ရာ
ပြီးတော့ ကျွန်တော်က မိဖုရားခေါင်ကြီးဖြစ်တဲ့ မယ်မယ့်ရဲ့ သားကြီး
ခမည်းတော် ရိပေါ်ကို ထီးနန်းလွှဲပေးချင်ရင်တောင် နန်းတွင်းစည်းကမ်းတွေကိုဘယ်လိုလုပ်လွန်ဆန်နိုင်မှာလဲ"မိဖုရားခေါင်ကြီး ခေါင်းခါရင်း သက်ပြင်းချသည်။
"မင်းမသိသေးလို့သားတော်
ဝမ်ယွမ်ဆိုတဲ့ ကောင်ကြီးက ဘာမဟုတ်တဲ့ ရပ်ကွက်အစုတ်ကကောင်မကို တောင် အနောက်နန်းဆောင်ပေးချင်လို့ဆိုပြီး
နန်းတွင်းတစ်ခုလုံးနဲ့အတိုက်အခံလုပ်ထားထားတာ
နောက်တော့လည်း အကုန်လုံးလက်ခံလိုက်ရတာပဲ
မယ်မယ် မင်းကိုအဲ့လိုဖြစ်သွားမှာစိုးရိမ်တယ်
ဝမ်ယွမ်လုပ်ချင်ရင် ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး"ပြောရင်း မောသွားသည်ထင်
ရေနွေးခွက်ထဲတွင် အသင့်ထည့်ထားသော ရေကိုမော့သောက်လိုက်သည်