9

37.8K 3K 74
                                    

ရိပေါ်  စစ်သည်တော်များကို မြင်းရေးလေ့ကျင့်ပေးပြီးခဏ အနားယူနေတုန်း  ကောအကြောင်းတွေးနေမိသည်။

ရိပေါ်လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက  ရှောင်းကျန့်အကြောင်းစုံစမ်းဖို့ ဝမ်နိုင်ငံကိုလူယုံတစ်ယောက်လွှတ်ထားခဲ့တာ
ရှောင်းကျန့်  သူ့အစ်ကိုတော်ဘေးမှာရှိပေမယ့်  ဘာအန္တရာယ်မှမရှိတဲ့အတွက်ဒီအတိုင်း အဝေးကပဲစောင့်ကြည့်နေခဲ့တယ်  စိတ်ပူပေမယ့် အဲ့အချိန်တုန်းကသူဘာမှမတတ်နိုင်ခဲ့
ခဏလေးပဲစောင့်ပေးပါ  ကော
ကျွန်တော်  မျှော်လင့်ထားသလိုဖြစ်လာတော့မှာပါ

"ကောကော  ဘာတွေတွေးနေတာလဲ"

"ဒီလိုပာပဲ  နိုင်ငံရေးအကြောင်းတွေ"

"ဝမ်နိုင်ငံကို  သတိရလို့လား "

"အင်း  ခမည်းတော်တို့ကိုရော အဲ့မှာကောကိုစောင့်နေမယ့် တစ်ယောက်ယောက်ကိုရော"

"အော် ဒါနဲ့ ဒီနေ့ဝမ်ဘုရင် ဒီကိုလာမယ်တဲ့
တကယ် ကောကောထင်ထားတဲ့အတိုင်း ဖြစ်လာတာပဲ 
တကယ်လို့သွားဖြစ်ရင်လီဟွားကောလိုက်မှာနော်"

"ဒီနေ့လား"

"အင်းလေ ရောက်တောင်ရောက်နေပြီလားမသိဘူး"
...............

"ဝမ်ဘုရင်ကြီးကိုယ်တိုင်တောင်ကြွလာတယ်ဆိုတော့  ဘာအရေးတကြီးကိစ္စများရှိလို့လဲမသိဘူး"

"ယန်းနိုင်ငံက စစ်ကြေညာလာတယ်
သိတဲ့အတိုင်း ကျွန်တော့်တို့ဆီမှာလည်း စစ်သည်တော်အင်အားအလုံအလောက်မရှိဘူး
အညံ့ခံရင်လည်း ဝမ်နိုင်ငံကသူများလက်အောက်ရောက်တော့မှာ
အဲ့တော့ချန်နိုင်ငံဆီက စစ်တပ်အင်အား နည်းနည်းဖြည့်ပေးလို့ရမလား"

ချန်ဘုရင်ကြီး ရိပေါ်ပြောခဲ့တာတွေ ပြန်သတိရသွားသည်
ဝမ်ရိပေါ် ဒီကောင်လေးက တယ်ဟုတ်ပါလား
တကယ့်ကို သူပြောတဲ့အတိုင်းဖြစ်လာတာပဲ  လက်ရုံးရည်ပဲထူးချွန်မယ်ထင်ထားတာ တကယ့်ကိုနှလုံးရည်ကော ပညာရည်ကောပြည့်ဝလှပါပေတယ်
အဲ့တာကြောင့်လည်းဝမ်ယွမ်က သူ့ကိုဘုရင်အဖြစ်လျာထားတာနေမှာ

"အပန်းကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူး
ဒါနဲ့ချန်နိုင်ငံအတွက်ရမယ့် အကျိုးအမြတ်ကဘာများလဲ"

A Poem Titled You (Completed)Donde viven las historias. Descúbrelo ahora