Part 1

960 8 4
                                    

သီချင်းသံ ငြိမ့်ငြိမ့်လေးကြားမှ ထွက်ပေါ်လာသောအသံ.....
"ဟေ့ကောင် မင်းကလဲကွာ ယောကျာ်းကြီးဖြစ်ပြီး မျက်ရည်ကျရလားကွ"

"ဟာ ယောက်ျားမှာလဲ ခံစားချက်ရှိတယ်လေကွာ.. သူမခံစားရတိုင်း"

"အေးပါကွာ လောကကြီးမှာ သူတစ်ယောက်ထဲ မိန်းကလေးမှ မဟုတ်တာ နောက်တော့ မင်း သူ့ထက် သာတဲ့သူနဲ့ တွေ့မှာပေါ့နော်..တိတ်တော့ ငိုမနေနဲ့"

"သူက ငါ့ကို မချစ်လို့ ပစ်သွားရင် ငါခံသာသေးတယ်လေကွယ် အချိန် အတိုင်းအတာ တစ်ခုယောက်ရင် မေ့သွားမှာပေါ့ ဒါပေမယ့်....အခုဟာကကွာ နှစ်ယောက်လုံးချစ်ရက်နဲ့ဝေးတာကွ!"

"အင်းပါ အားတင်းထားပါဦး နည်းလမ်းတစ်ခုခုတော့ ရှိလာမှာပါ။ မင်းတို့အချစ်စစ်ရင် ပြန်ပေါင်းကြရမှာပေါ့ မဟုတ်ဘူးလား"

ကျွန်တော် ထိုလူငယ်နှစ်ယောက်ကို ကြည့်နေမိသည်......'အချစ်စစ်ရင်.....တစ်ချိန်တော့ ပြန်ပေါင်းရမယ်လား?"........ဒီလိုနဲ့ စောင့်လာခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ရှိသွားပြီ။ ငါမင်းကို သိပ်သတိရတာပဲ....အခုချိန်ထိမင်းပုံရိပ်တွေကို မြင်ယောင်နေတုန်း......ငါအဆင်မပြေဘူး...မင်းကို ချစ်နေတုန်းပဲ......
ကျွန်တော်အတွေးမှာ မျောနေတုန်း   ကျွန်တော့်ကို ခေါ်တဲ့ အသံကြောင့် အနောက်ကို လှည့်ကြည့်မိသည်....

"ဟာ ဆရာ..တစ်ယောက်ထဲလား"
ကျွန်တော့်အသိတစ်ယောက်ပင်။ သူ့အဖေဆေးရုံတက်ရတဲ့အချိန်က ကျွန်တော်နှင့်ရင်းနှီးသွားတာ...

"ဟုတ်ပဗျာ....ဒါနဲ့  ဦးလေးရော ဘယ်လိုနေလဲ အဆင်ပြေတယ်မလား"

"ပြေတာမှ ဒေါင်ဒေါင်ကိုမြည်လို့။ ဆရာ့ကျေးဇူးတွေပါ"

"မဟုတ်ပါဘူးဗျာ ကျွန်တော်က လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲ"

"Aww ဆရာ့နှယ် နှိမ့်ချနေပြန်ပီ။ ကြုံတုန်း ကျွန်တော်နဲ့ တစ်ခွက်လောက် သောက်သွားပါဦး"

"ကျေးဇူးတင်ပါတယ် ဒါပေမယ့် ထပ်သောက်လို့ မဖြစ်တော့ဘူး ကားမောင်းရဦးမှာ... မနက်ကျလဲ duty ရှိသေးလို့ပါ"

"ဟုတ်ပါပီဗျာ ဆရာ့ကို အတင်းမသောက်ခိုင်းတော့ပါဘူး"

"အဲ့တာဆို ကျွန်တော် သွားလိုက်ဦးမယ်နော် အများကြီးလဲ သောက်မနေနဲ့ဦး"

"ဟုတ်ကဲ့ပါ ဆရာရဲ့... သတိထားမောင်းဦးနော်"

အိမ်ရောက်တော့ မီးတောင် မဖွင့်နိုင် အိပ်ရာပေါ်သာ ပစ်လှဲ လိုက်သည်။ ပီတော့ အိပ်ရာဘေးမှ အံဆွယ်ကို ဖွင့်လိုက်ပီး ထိုဆွဲကြိုးလေးကို ကြည့်နေမိသည်.......လက်စွပ်လေးနှစ်ကွင်းကို ပေါင်းစည်းပေးထားသော ဆွဲကြိုးလေးကို ကြည့်ရင် bar ထဲမှာ ထိုလူငယ်၂ ယောက်စကားကို ပြန်စဉ်းစားမိပြန်သည်.....

ငါမင်းကို စောင့်နေသေးတယ်လို့ပြောရင် လွန်ရာကြမလား....မင်းကို ချစ်နေသေးတယ်လို့ပြောရင် ရယ်စရာများကောင်းနေသလား....
မသိတော့ပါဘူး ငါမင်းကို သတိရခွင့်ရော ရှိသလားဆိုတာ......
ငါကိုယ်တိုင်အဆုံးသတ်ခဲ့တဲ့ relationship တစ်ခု ဆိုတော့လဲ ဘယ်သူ့ကို သွားအပြစ်တင်မလဲ.....
ဒါပေမဲ့လေ..........
အတိတ်ကိုသာပြန်သွားခွင့်ရရင်လေ.......

Us.....beautiful mistakeWhere stories live. Discover now