အပြန်လမ်းတွင်တော့ တစ်နေကုန် ပင်ပန်းလာကြသောကြောင့် တစ်ကားလုံး ငိုက်ကြလေတော့သည်.......
Ray တို့ငိုက်သည်များ ထိန်းမနိုင်.... ကားပြတင်းပေါက်မှန်နဲ့ ခေါင်းနဲ့တိုက်လိုက်တာဆိုတာ...တဒုန်းဒုန်းနှင့်ပင်......
Li Xingကတော့ ပြတင်းပေါက်ကိုသွားသွားဆောင့်နေတဲ့ Ray ရဲ့ခေါင်းလေးကို သူ့ပုခုံးပေါ်ပြောင်းတင်ထားလိုက်ရင်း......
"မင်းခေါင်းကွဲရင်ကွဲ မကွဲရင်တော့ အဲ့မှန်ကွဲနိုင်တယ်" ဟုရေရွတ်ကား ပြုံးပြုံးကြီး ထိုင်လိုက်လာတော့သည်။"Ray...Rayရေ ထတော့ ရောက်ပြီ" သူ့ပါးလေးကို ဖွဖွလေးကိုင်းပြီးနိုးလိုက်သည်......
Rayကတော့ ကမန်းကတန်းနှင့် နိုးလာလာခြင်း မေးလိုက်သည်က
"ဘယ်နှစ် နာရီရှိပီလဲ""၆း၃၀ လေ"
"ဟာသွားပါပီ.... နောက်ကျနေပီ"
"ဘာကိုနောက်ကျတာလဲ ၆:၃၀ ပဲရှိသေးတာကို"
"မဟုတ်ဘူး ငါက အချိန်ပိုင်းအလုပ်ရှိသေးတယ် ၇:၀၀ ဝင်ရမှာ"
"ဘယ်က အချိန်ပိုင်း အလုပ်ကပေါ်လာတာလဲ အရင်နေ့တွေက သွားတာလဲ မတွေ့ပါဘူး"
"ငါသွားပီနော် နောက်ကျနေလို့ မင်းမေးစရာရှိရင်ပြန်လာမှပဲမေးတော့"
............................................................
တစ်နေကုန် ရွာကလေးမှာပင်ပန်းလာရတဲ့အထဲ အချိန်ပိုင်းအလုပ်ကိုပါ ဆက်သွားရတော့ Ray တစ်ယောက် လူကိုကိုင်ရိုက်ထားသလို တစ်ကိုယ်လုံး ကိုက်ခဲနေသောကြောင့် အဆောင်ကိုသာအမြန်ပြန်ပီး အိပ်ပစ်ချင်တော့သည်။
"ဟင်....၁၂:၀၀တောင်ထိုးတော့မှာပဲ အိပ်ရာလေးရေ...မင်းကိုလွမ်းလိုက်တာ....."
အခန်းထဲရောက်တော့ အခန်းမီးဖွင့်လိုက်တဲ့ပခါ.....
"အမလေး!!!! ငုတ်တုတ်ကြီး... ဘာလုပ်နေတာလဲ မအိပ်သေးပဲနဲ့......"
Li Xingက သူ့အိပ်ရာပေါ်မှာ လက်ပိုက်ပီးထိုင်လျက်နှင့်ပင်....
"ဘယ်တွေသွားနေတာလဲ.....ဘာလို့ခုမှပြန်လာတာလဲ? ဘယ်အချိန်ရှိပီလဲ မင်းမသိဘူးလား???"'အမလေး အကြည့်နဲ့လူသတ်နိုင်တယ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာ..... မျက်လုံးကနေ လေဆာတွေထွက်နေသလိုပဲ....အသက်တောင်ဘာနဲ့ရှူရမှန်းမသိတော့ဘူး'
"ဟိုဟာလေ..... အချိန်ပိုင်းအလုပ်ကပြန်လာတာပါ.... ငါမင်းကိုတောင်ပြောလိုက်သေးတယ်လေ""သိတယ်လေ.....ဘယ်လိုအချိန်ပိုင်းအလုပ်ကများ ဒီချိန်မှ ပြန်လွှတ်တာလဲ"
"စားသောက်ဆိုင်တစ်ခုမှာပါ....ဆိုင်က ၁၁:၀၀ မှသိမ်းတာဆိုတော့ ပီးရင် လိုအပ်တာလေး ကူလုပ်ပေးရတာနဲ့ပဲ ဒီချိန်ဖြစ်သွားတာပါ......ငါဘယ်မှမသွားပါဘူး"
Xingကတော့ ခေါင်းလေးငုံ့ကာ သူ့ကို အစအဆုံးရှင်းပြနေသည့် သူ့ရှေ့က အကောင်ပေါက်လေးကို အသည်းယားနေတော့သည်....
"နောက်နေ့တွေရော ဒီလိုပဲလား"
"အင်း"
"အဲ့ဆိုင်က ဘယ်နားမှာလဲ"
"ဟင်....ဟို....Heaven Square နားမှာ"
"ဟုတ်ပီလေ....နောက်နေ့တွေငါလာကြိုမယ်"
"ရပါတယ် မကြိုပါနဲ့ မင်းဟာမင်းအေးအေးဆေးဆေးအိပ်ပါ."
"ညသန်းခေါင်ကြီး တစ်ယောက်ထဲ ဆိုအဆင်မပြေဘူး ငါလာခဲ့မယ်"
"ရပါတယ် ငါကယောကျာ်းလေးပဲ...ဘာမှမဖြစ်ဘူး"
"မင်းရလဲ ငါမရလို့ဟေ့....."
Ray ကတော့ ဆောင့်ဆောင့်အောင့်နှင့် ကုတင်ပေါ်တက်သွားတဲ့ Xing ကိုနားမလည်စွာနှင့်........
'ဒီလိုကြတော့လဲ Li Xingက ကိုယ့်အခန်းဖော်ကို စိတ်ပူတတ်တာပဲ.....'