#Unicode
Christmas dream
2010 December 25
"ကိုကို....ညီ့ကိုသကြားလုံးကျွေးလေ"
ပါးဖောင်းဖောင်းလေးတွေနဲ့မှိုလုံးပုံစံဆံပင်ပွယောင်းယောင်းလေးနဲ့ ဆွယ်တာလက်ရှည်အနီလေးက နို့နှစ်ရောင် အသားရည် နဲ့ ပနံတင့်စွာ ချစ်စဖွယ် အတိဖြစ်နေခဲ့သော ထိုကလေးငယ် ...
အတော်ကြာတဲ့အထိ သူ့ကိုသကြားလုံးမပေးဘဲ
ပြုံးကြည့်နေတဲ့ ကျွန်တော့်ကိုစိတ်မရှည်တော့သည်ထင် နီစွေးစွေး နှုတ်ခမ်းပါးလေးက ရှေ့ကို စူထွက်လာကာ မျက်စောင်းလေးတွေကပါ အစစ်ပေးနေတော့
"ညီက သကြားလုံး လိုချင်တာလား "
"အွန်း "
ကျွန်တော် အနီရောင် ရောင်ပြန်အိတ်လေးနဲ့ လှပစွာထုပ်ပိုးထားတဲ့ သကြားလုံးလေး ငါးလုံး ညီ့လက်သေးသေးထဲထည့်ပေးလိုက်သည်
လိုချင်တာရသွားသောကလေးများရဲ့ထုံးစံအတိုင်း
ညီ့အပြုံးလေးတွေက ပါးချိုင့်လေးတွေကို တာ၀န်ပေးလိုက်သည်
"ဒါဆို ညီက သကြားလုံးရပြီဆိုတော့ ကိုကို့ မွေးနေ့လက်ဆောင်မယူတော့ဘူးလား"
ကြည်လဲ့နေတဲ့ မျက်၀န်းမှာမျက်တောင်စိပ်စိပ်လေးတွေတဖျတ်ဖျတ်ခတ်ရင်း
"ညီ့အတွက် မွေးနေ့လက်ဆောင်ပါတယ် ကိုကိုမမေ့ဘူးပေါ့"
"မေ့စရာလား Christmas နေ့မှာမွေးတဲ့ ညီ ကို မေ့စရာအကြောင်းမရှိဘူးလေ Christmas ရောက်တိုင်း ညီ့ကိုသတိရနေမှာ "
ညီလက်ထဲကို ညီလိုချင်တဲ့ ဂိမ်းစက်လေး ထည့်ပေးရင်း
"Happy Birthday ညီ အသက်၁၂နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်များစွာထိ ကိုကို့ မေတ္တာ နဲ့ပေးတဲ့
မွေးနေ့ဆုမွန်တောင်းတိုင်းပြည့်၀ပါစေ ကလေးငယ်"
ညီ့ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်ရင်း နှစ်စဥ်တောင်းဆုပြုသော ဤမွေးနေ့ဆုတောင်းကို ၁၂ကြိမ်မြောက် ဆုတောင်းပေးခဲ့သည်....
ညီထက် ၆နှစ်ကြီးသောကျွန်တော်က ညီ့အတွက် ညီ့မိဘတွေပြီးလျှင် အားကိုးရာ ချစ်ခင်ရာ အစ်ကိုတစ်ယောက် သူငယ်ချင်းတစ်ယောက်အနေနဲ့အမြဲရှိနေခဲ့သည်မှာ ညီမွေးသည့်တစ်နေ့သော Christmas က စတင်ခဲ့သည်
တစ်ဦးတည်းသောသားဖြစ်သည့်ကျွန်တော်သည် ညီမွေးသည့်နေ့မှစ၍ကိုယ့်ကိုကိုယ် အစ်ကို တစ်ယောက်လို့ ခံယူခဲ့သည်က စမည်ထင် ညီသည်လည်းတစ်ဦးတည်းသောသားဖြစ်သည်ကြောင့်လည်းညီ့ကို ဆုံးမစရာရှိဆုံးမတတ်ပေမယ့် အလိုလိုက်သော ကျွန်တော့်ကို အတွယ်တာဆုံးဖြစ်နေခဲ့သည်
တစ်ခါတစ်လေ ညီဆိုးတာလေးကိုပင်
"မင်းအလိုလိုက်ထားလို့ ဆိုးနေရတာ"ဟူ၍မေမေနဲ့ ညီ့မေမေ (မေလေး)ဆီကပါ ပြောခံနေရသည် အထိ ညီ့မျက်နှာ အပျက်မခံရဲ ဘဲ အလိုလိုက်တာ ကျွန်တော်ပါ ....
YOU ARE READING
Christmas Dream
Short Storyအဖြူကပဲသန့်စင်တာမဟုတ်ပါဘူး အခြားအရောင်တွေမှာလည်း သန့်စင်မှုတွေရှိတာမို့ ကျွန်တော့်အချစ်က ကိုကိုရဲ့ အဖြူရောင်ချစ်ခြင်းကို အဖြူအတိုင်းအရောင်မပြန်နိုင်ဘဲ ပန်းနုရောင် ချစ်ခြင်း နဲ့ အလင်းပြန်မိတာ အရောင်ဆိုးတာ မဟုတ်ခဲ့ပါဘူး ကိုကို... 🌷🌷...