I don't know why he left me

52 6 0
                                    

#Unicode

ညီနဲ့ကျွန်​တော် လူကြီး​တွေကိုဖွင့်​ပြောပြီး Singaporeမှာပဲ​နေခဲ့ကြသည်
လူကြီး​တွေကို​ပြောပြ​တော့ ကန့်ကွက်မည်ဟုထင်ခဲ့​သော်လည်း ညီက လွန်ခဲ့တဲ့သုံးနှစ်ကတည်းကဖွင့်​ပြောခဲ့ပြီးပြီတဲ့ ကိုယ်ထပ်ပြီးအားနာမိတယ် ညီရယ်....နှစ်ဖက်မိဘ​တွေနဲ့ရင်းနှီးသူတစ်ချို့ကိုဖိတ်ပြီးဧည့်ခံပွဲ​လေးကျင်းပခဲ့ကြတယ်
လက်ထပ်ပွဲ​နေ့မှာအားလုံးကိုသက်​သေထားပြီး
ညီ့ကိုကတိ​ပေးခဲ့တယ်
"အခုကစပြီး ညီတစ်ဘ၀လုံး​ပျော်ရွှင်နိုင်​အောင် ကိုယ်ကြိုးစားပါမယ် ညီစိတ်မဆင်းရဲ​စေရဘူးလို့ ကိုယ်ကတိမ​ပေးနိုင်​ပေမယ့် ၀မ်းနည်းရမှု​တွေဟာ
ကိုယ့်​ကြောင့်မဖြစ်​စေရဘူး ညီ့၀မ်းနည်းမှု​တွေကို ထပ်တူမျှ​​ဝေခံစား​ပေးသွားမှာပါ"
ကွန်​တော်​ပြောလိုက်​တော့ ညီက သူရဲ့မူပိုင်ပါးချိုင့်နက်​လေး​တွေနဲ့ အ​တောက်ပဆုံးပြုံးကာအညို​ရောင်မျက်၀န်း​တွေမှပုလဲ​တွေသီရင်း
"​ကျေးဇူးတင်ပါတယ် ကိုကို
ကိုကို့ ကို ချစ်တယ်ဆိုတာထက်ပိုပါတယ်"
လက်​တွေကလည်းကျွန်​တော့်လည်ပင်းကိုသိုင်းဖက်ရင်းက​လေးငယ်ငို​ကျွေးခဲ့တယ်​လေ....
ကျွန်​တော်တို့နှစ်​ယောက်ဘ၀ခရီးဟာချစ်ခြင်းတရား​တွေနဲ့စတင်ခဲ့ကြတယ်

ဒီ​နေ့ Christmas အကြို​နေ့ လမ်း​တွေထက်မှာ မီး​ရောင်စုံ​တောက်ပလို့ လူ​တွေပျားပန်းခတ်သလိုသွားလာ​နေကြတယ် Christmasသစ်ပင်ကြီး​တွေ​အောက်မှာက​လေး​တွေ​ဆော့ကစား​နေကြတယ်
လူငယ်​လေး​တွေကသူတို့အချစ်​တွေကိုခိုင်မြဲဖို့Christmas tree​အောက်မှာ သစ္စာတရား​တွေတိုင်တည်​နေကြတယ် အိမ်တံခါးတိုင်းထက်မှာလည်း
Christmas အမှတ်သားဖြစ်တဲ့ သစ်ခက်၀ိုင်း​လေး​တွေချိတ်ထားကြတယ် အရာအားလုံးက သက်၀င်လှုပ်ရှားစိတ်လှုပ်ရှားဖွယ်​ကောင်း​နေတယ် လူတိုင်းဟာလည်း​ပျော်ရွှင်​နေကြတယ်
မီး​မှောင်​နေတဲ့အလှဆင်ထားခြင်းမရှိတဲ့အိမ်တံခါးကို​သော့ဖွင့်၀င်ရင်း မီးခလုတ်နှိပ်လိုက်​တော့ Christmas tree​​တောင်မရှိတဲ့ဧည့်ခန်းကဆီးကြို​နေတယ် အရင်ကဒီချိန်ဆိုညီက​လေး​တွေအတွက်Cookie ​​တွေလုပ်​နေတုန်း ကျွန်​တော်ကလက်​ဆောင်​တွေထုပ်ပိုး ပြီးတာနဲ့ နှစ်​ယောက်အတူ​ပျော်​​ပျော်ပါးပါး Christmas tree ကိုအလှဆင်ကြတာ​ပေါ့ အဲ့အချိန်​တွေကဘ၀မှာသိပ်​ပျော်ဖို့​ကောင်းခဲ့တယ် ည၁၂နာရီ ​ကျော်တာနဲ့ ညီ့နဖူးပြင်​လေးကိုမြတ်မြတ်နိုးနိုးနမ်းရင်း "Happy Birthday ညီ ကိုယ့်ချစ်ခြင်း​​မေတ္တာတွေနဲ့အမြဲ​အေးချမ်း​ပျော်ရွှင်ပါ​စေ"လို့ဆု​တောင်း​​ပေးရတာလည်း ဘ၀မှာ အလုပ်ချင်ဆုံး အရာပါပဲ
အတိတ်​တွေကို ပြန်​တွေး​ငေး​​ယောင်ရင်း မီးဖိုခန်းထဲ၀င် အထုပ်​တွေချထားပြီး ​လျှော်စရာအ၀တ်​တွေကို​​လျှော်စက်ထဲထည့်ရင်းဆိုဖာ​ပေါ်မှာခဏ၀င်လဲလိုက်သည်
ညီနဲ့ပြန်ဆုံချိန်ကျူးလစ်ပန်းခင်းရှိတဲ့ ယူကလစ်ပင်​အောက်မှာ တစ်ချိန်ကလိုညီ့ကို​ထွေး​ပွေ့ထားရင်း​နေ၀င်တာကိုကြည့်​နေခဲ့တယ်
ဒါ​ပေမယ့်ရုတ်တရက် ညီ့ကိုယ်ဟာ​မှေးမှိန်​လာပြီး​​ထွင်း​ဖောက်မြင်​နေရတဲ့ဖန်သားလို​ဖြစ်လာတယ် ညီ့ကကျွန်​တော့်ကိုသူ့ပါးချိုင့်နက်နက်​တွေနဲ့တစ်ချိန်ကလိုအ​တောက်ပဆုံးပြုံးပြရင်း​ပျောက်ကွယ်သွားတယ်
ကျွန်​​တော်​ကြောင်အစွာကြည့်​နေမိလိုက်သည်
"ညီ ...ညီဘယ်​​မှာလဲ ကိုယ့်ကိုမ​နောက်​နဲ့​တော့ ထွက်လာခဲ့​တော့ ပြန်ရ​အောင် ​နေ၀င်သွားပြီ ညီ...."
ကျွန်​တော် ဘယ်​လောက်​အော်​ခေါ်​နေပါ​စေညီကထွက်မလာခဲ့​ပေ ​ကျွန်​တော့်ပါးပြင်ထက်၀ယ်မျက်ရည်တို့ကလည်းတာကျိုးသလိုပြို​​နေပြီ​ဆောက်တည်ရာမရစွာလိုက်ရှာ​နေခဲ့သည်...
Alarm မြည်သံ​ကြောင့်နိုးလာမှ​မောဟိုက်စွာသက်ပြင်းချလိုက်မိသည်
ခုလိုအိပ်မက်​တွေမက်​နေတာဒီရက်​ပိုင်းတွေဆက်တိုက်ဖြစ်လာကာပင်ပန်းလှသည် ...
"ဟူးးး ​တော်ပါ​သေးတယ် အိပ်မက်ဖြစ်​နေလို့"
​ကိုယ့်ကိုကိုယ်​ဖြေသိမ့်ကာပါးပြင်​ပေါ်က မျက်ရည်စ​တွေသုတ်ရင်းမီးဖိုခန်းထဲက တည်ထားတဲ့ ကြက်သားစွတ်ပြုတ်​လေးကိုချိုင့်ထဲထည့်ပြီး အခန်းထဲ၀င်ကာ ညီ​​​​သေချာမှာလိုက်သည့် ညီကိုယ်တိုင်ဒီဇိုင်းဆွဲ​ပြီး​သေချာအပ်ထားသည့်စာအုပ်စင်ကို​ဘေး​ခေါက်လိုက်ပြီး​နောက်ပေါ်လာသည့်ဗီဒိုအ​သေးစား​လေးကိုညီ​ပေးလိုက်တဲ့​သော့နဲ့ဖွင့်လိုက်သည် တံခါးဖွင့်ပြီးမြင်လိုက်ရချိန်မှာပဲ အရမ်းအံ့သြသွားခဲ့ရသည် ကျွန်​တော်​ပေးခဲ့​​သော နှစ်စဥ်​မွေး​နေ့လက်​ဆောင်များ ချိုချဥ်အိတ်ခွံ​လေး​တွေပါ စနစ်တကျ​ခေါက်သိမ်းထားသည် ညီ့ရဲ့ ကျွန်​တော်နှင့်ပတ်သတ်သည့်အ​လေးထားမှု​လေး​တွေကို မြင်​တွေ့ခွင့်ရခဲ့သည် ထို့​​နောက် ညီ့ရဲ့ နှစ်အလိုက် Diary စာအုပ်​လေး​တွေ ခုနှစ်ကြည့်လိုက်​တော့ ညီအထက်တန်းပထမနှစ်ကစ​ရေးခဲ့သည့်ဟန်ပင် ညီရဲ့ပထမဆုံးDiary စာအုပ်​လေး​ကိုလှန်လိုက်​တော့ ကျွန်​တော်မျက်ရည်ကျမိသည် "ကိုကို ကျွန်​တော်အချစ်ဆိုတာမသိဘူး ဒါ​ပေမယ့်ကိုကိုကလွဲပြီး ကျွန်​တော့်မှာအခြားသူမရှိဘူး ကိုကို့ကို မမလှလှ​တွေနဲ့မြင်ရရင် စိတ်ထဲ​ဒေါသထွက်သလို ၀မ်းနည်းသလိုပဲ ကျွန်​တော့်ဆီက ကိုကို့ ကိုလုယူသွားမှာ​ကြောက်တယ်"
ကျွန်​တော်ငို​ကြွေးရပါသည် "ညီ​ရယ် ကိုကို့ က​လေး ဘယ်​လောက်​တောင် ပင်ပန်းခဲ့လိုက်မလဲ ကိုယ်တကယ်မ​ကောင်းခဲ့တာပါ...."
​နောက်ထပ်စာမျက်နှာ​တွေလှန်ကြည့်မိ​တော့လည်း
ကျွန်​တော်အ​ကြောင်းများကိုသာ​ရေးထားသည်
ညီနိုင်ငံခြားမှာ​​​ကျောင်းသွားတက်ဖြစ်ခဲ့သည်မှာလည်းကျွန်​တော့​ကြောင့်တဲ့​လေ ညီကသူ့ခံစားချက်​တွေထိန်းချုပ်ဖို့အတွက်နဲ့ကျွန်​တော့်​ဝေးရာကိုသွားခဲ့တာ အမှန်က ကျွန်​တော်တို့အမှတ်တရ​တွေ​​ဝေးရာကိုပါ ညီအထက်တန်းမပြီးခင်မှာပဲ ကျွန်​တော် Singaporeမှာအလုပ်လုပ်​နေခဲ့တာ ညီဘယ်​​လောက်အထီးကျန်​နေခဲ့မလဲ ဆိုတာ ညီ့Diary စာရွက်​လေး​တွေကသက်​သေပင် ......
ညီ့ရဲ့ ငယ်ဘ၀ကိုကျွန်​တော်အ​ပေါ်ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ဖြတ်သန်းခဲ့တဲ့ညီ့ကို အရမ်းချစ်မြတ်နိုးမိသလို​ကျေးဇူးလည်းတင်မိတယ် အတိတ်ကိုလည်း​နောင်တရမိတယ် ကျွန်​တော်သာ ညီ့ကိုချစ်​ကြောင်း​စော​စောသိခဲ့ရင် ညီ့အ​​ဝေးကိုထွက်မသွားခဲ့ရင် ညီခံစားခဲ့ရမှာမဟုတ်ဘူးး...
မျက်ရည်​တွေကိုသုတ်ပစ်ရင်း ညီမှာတဲ့ Diary စာအုပ်​လေးကို​ရွေးယူရင်း ဗီဒို​လေးကို​သော့ပြန်ပိတ်ခဲ့လိုက်သည် ....
အချိန်ကြည့်မိ​တော့ မနက်၅နာရီရှိပြီ ​ရေချိုးကာညီအရမ်းကြိုက်တဲ့ အပြာနု​ရောင်ရှပ်လက်ရှည်​လေးကို ​ဘောင်းဘီအနက်​ရောင်​လေးနဲ့တွဲ၀တ်ကာ ဆံပင်​တွေကို​နောက်သို့ဖီးသပ်တင်လိုက်သည် ဆွဲတာရှည်​လေးကိုထပ်၀တ်ရင်း ညီနဲ့ဆင်တူရှိတဲ့မာဖလာ​အနီလေးပတ်လိုက်သည် ထို့​နောက်ညီ့အတွက်မာဖလာ​လေးနဲ့Diary စာအုပ်​လေးကို​သေချာထုပ်ပိုးပြီး အိမ်ကထွက်လာလိုက်သည်
လမ်းတွင်ညီကြိုက်တဲ့ ကျွန်​တော်တို့ အချစ်​တွေရဲ့ သက်​​သေ​​လေး​တွေဖြစ်တဲ့ Tulip ပန်း ပန်း​ရောင်​ပွင့်​လေးမှာ အဖြူ ပွင့်​လေး​တွေရံထားတဲ့ ပန်းစည်းလေးကိုကိုင်ပြီးညီ့ရဲ့ အသက်၅၆နှစ်​ပြည့်မွေး​နေ့လက်​ဆောင်​​ပေးဖို့ လှမ်းခဲ့လိုက်​တော့သည်.....

Christmas DreamWhere stories live. Discover now