I'm sure you know the meaning of Tulip

130 11 4
                                    

#Unicode

Christmas dream
2010 December 25
"ကိုကို....ညီ့ကိုသကြားလုံး​ကျွေး​လေ"
ပါး​ဖောင်း​​ဖောင်း​​လေး​​တွေနဲ့မှိုလုံးပုံစံဆံပင်​ပွ​ယောင်း​ယောင်း​လေးနဲ့ ဆွယ်တာလက်ရှည်အနီ​​လေးက နို့နှစ်​ရောင် အသားရည် နဲ့ ပနံတင့်စွာ ချစ်စဖွယ် အတိဖြစ်​နေခဲ့​သော ထိုက​လေးငယ် ...
​အ​တော်ကြာတဲ့အထိ သူ့ကိုသကြားလုံးမ​ပေးဘဲ
ပြုံးကြည့်​နေတဲ့ ကျွန်​တော့်ကိုစိတ်မရှည်​တော့သည်ထင် နီ​​စွေး​စွေး နှုတ်ခမ်းပါး​လေးက ​​​​​​ရှေ့ကို စူထွက်လာကာ မျက်​စောင်း​လေး​တွေကပါ အစစ်​ပေး​နေ​တော့
"ညီ​က သကြားလုံး လိုချင်တာလား "
"အွန်း "
ကျွန်​တော် အနီ​ရောင် ​ရောင်ပြန်အိတ်​လေးနဲ့ လှပစွာထုပ်ပိုးထားတဲ့ သကြားလုံး​လေး ငါးလုံး ညီ့လက်​သေး​သေးထဲထည့်​ပေးလိုက်သည်
လိုချင်တာရ​သွား​သောက​လေးများရဲ့ထုံးစံအတိုင်း
ညီ့အပြုံး​လေး​တွေက ပါးချိုင့်​လေး​တွေကို တာ၀န်​ပေးလိုက်​သည်
"ဒါဆို ညီက သကြားလုံးရပြီဆို​တော့ ကိုကို့ ​မွေး​နေ့လက်​​ဆောင်မယူ​တော့ဘူးလား"
ကြည်လဲ့​နေတဲ့ မျက်၀န်းမှာမျက်​တောင်စိပ်စိပ်​လေး​တွေတဖျတ်ဖျတ်ခတ်ရင်း
"ညီ့အတွက် ​မွေး​နေ့လက်​​ဆောင်ပါတယ် ကိုကိုမ​မေ့ဘူး​ပေါ့"
"​မေ့စရာလား Christmas ​​နေ့မှာ​မွေးတဲ့ ညီ ကို ​မေ့စရာအ​ကြောင်းမရှိဘူး​လေ Christmas ​ရောက်တိုင်း ညီ့ကိုသတိရ​နေမှာ "
ညီလက်ထဲကို ညီလိုချင်တဲ့ ဂိမ်းစက်​လေး ထည့်​ပေးရင်း
"Happy Birthday ညီ အသက်၁၂နှစ်ပြည့်​မွေး​​​နေ့မှသည် ​နောင်နှစ်များစွာထိ ကိုကို့​​​​​ မေတ္တာ နဲ့​ပေးတဲ့
မွေး​နေ့ဆု​မွန်​တောင်း​တိုင်းပြည့်၀​ပါစေ က​လေးငယ်"
ညီ့​ခေါင်း​လေးကိုခပ်ဖွဖွ​လေးပွတ်ရင်း နှစ်စဥ်​​တောင်းဆုပြု​သော ဤ​မွေး​နေ့ဆု​တောင်းကို ၁၂ကြိမ်​မြောက် ​ဆု​တောင်း​ပေးခဲ့သည်....
ညီထက် ၆နှစ်ကြီး​သောကျွန်​တော်က ညီ့အတွက် ညီ့မိဘ​တွေပြီးလျှင် အားကိုးရာ ချစ်ခင်ရာ အစ်ကိုတစ်​ယောက် သူငယ်ချင်းတစ်​ယောက်အ​နေနဲ့အမြဲ​ရှိ​နေခဲ့သည်မှာ ညီ​မွေးသည့်တစ်​နေ့​သော Christmas က စတင်ခဲ့သည်
တစ်ဦးတည်း​သောသားဖြစ်သည့်ကျွန်​တော်သည် ညီ​မွေးသည့်​နေ့မှစ၍ကိုယ့်ကိုကိုယ် အစ်ကို တစ်​ယောက်လို့ ခံယူခဲ့သည်က စမည်ထင် ညီသည်လည်းတစ်ဦးတည်း​သောသားဖြစ်သည်ကြောင့်လည်းညီ့ကို ဆုံးမစရာရှိဆုံးမတတ်​ပေမယ့် အလိုလိုက်​သော ကျွန်​တော့်ကို အတွယ်တာဆုံးဖြစ်​နေခဲ့သည်
တစ်ခါတစ်​လေ ညီဆိုးတာ​လေးကိုပင်
"မင်းအလိုလိုက်ထားလို့ ဆိုး​နေရတာ"ဟူ၍​မေ​မေနဲ့ ညီ့​မေ​မေ (​မေ​လေး)ဆီကပါ ​​ပြောခံ​နေရသည် အထိ ညီ့မျက်နှာ အပျက်မခံရဲ ဘဲ အလိုလိုက်တာ ကျွန်​တော်ပါ ....

Christmas DreamWhere stories live. Discover now