Breathe for you

2.7K 149 43
                                    

Unicode Version

ပြာလဲ့လဲ့ကောင်းကင်ကိုကြည့်ရင်း ရွှယ်ယမ် ကြည်နူးစွာပြုံးလိုက်သည်…

ဒီနေ့က ချစ်ရသူပြန်လာမည့်နေ့မဟုတ်ပါလား…

စင်ကာပူဆိုတာ သိပ်ဝေးလှတဲ့ နိုင်ငံလို့
မဆိုနိုင်ပေမဲ့…ချစ်ရသူနဲ့ ၅လတာ ခွဲရတဲ့ကာလကတော့ ရှည်ကြာလွန်းတယ်…

"ဟူး…လွမ်းလိုက်တာ  ရှင်းချန်ရာ"

သူပြန်လာရင် တခါတည်း လက်ထပ်ခွင့်တောင်းလိုက်ဖို့ ရွှယ်ယမ်စီစဉ်ထားသည်…

couple rings လေးတွေထည့်ထားတဲ့ အဖြူရောင် ကတ္တီပါ ဘူးလေးဆီလှမ်းကြည့်ကာအံ့ဩသွားမည့် ချစ်ရသူရဲ့ မျက်နှာလေးကို ပုံဖော်ရင်း ကြည်နူးစွာ ပြုံးမိပြန်သည်…

~ကဲ……ဘယ်ကစပြင်ရင်ကောင်းမလဲ…~

အရင်ဆုံး အဖြူသန့်သန့်အရောင်လေးကြိုက်တတ်တဲ့ ရှင်းချန်အတွက် ခန်းစီးလိုက်ကာအဟောင်းလေးတွေကိုဖြုတ်..
လျှော်ပြီးသား အဖြူရောင်လိုက်ကာ အ
သစ်လေးတွေလဲလိုက်သည်…

အိမ်ခန်းတစ်ခုလုံးကိုလဲ အဖြူရောင်နှင်းဆီများဖြင့် ပြည့်နှက်စေသည်…

ချစ်ရသူရောက်လာတဲ့အခါ အဖြူရောင်နှင်းဆီကို အဓိပ္ပါယ်ဖွင့်ပြရင်း လက်ထပ်ခွင့်တောင်းဖို့ ရင်ထဲမှာ စကားလုံးတွေ စီထားပြီးပြီ……

အဖြူရောင်နှင်းဆီဆိုတာ သန့်စင်ခြင်း ။အဖြူရောင်နှင်းဆီဆိုတာ ရိုးသားခြင်း။နောက်ပြီး အချစ်စစ်ရဲ့ သကေ်တ
လို့ ရှေးကတည်းက မှတ်ယူခဲ့ကြတယ်..

"ရှင်းချန်ရေ…ကိုယ်တော့ မင်းအံ့ဩသွားမယ့် မျက်နှာလေးကို မြင်ချင်လှ​ြပီကွာ…"

Ring Ring

အတွေးနဲ့ ကြည်နူးနေတုန်း ph ဝင်လာတာမို့…

"hello"

"……"

"အော်  ဟုတ်ကဲ့…delivery ယူမှာပါ…"

"……"

"ဟုတ်ကဲ့…လိပ်စာက ×±®±÷"

"……"

"ဟုတ်ကဲ့ပါ"

တီ!

ရှင်းချန်ကြိုက်တဲ့ vanilla cake လေးလဲ ကိုယ်တိုင် ပုံစံဆွဲပြီး order မှာထားပါ၏…

Breathe for you (completed)Tahanan ng mga kuwento. Tumuklas ngayon