Someone pov'
သူတို့ကိုပြုစုစောင့်ရှောက်ပေးတဲ့အဘွားကသူမ မဆုံးခင်
သူတို့ရဲ့မိဘအရင်းတွေအကြောင်းကိုပြောပြပေးခဲ့တယ်သူတို့အဖေတွေကတရုတ်နိုင်ငံရဲ့ထိပ်တန်းမိသားစုလေးစုဖြစ်တဲ့ရှောင်မိသားစု၊လင်းမိသားစု၊ဟောင်းမိသားစု၊ဝမ်မိသားစုရဲ့အမွေဆက်ခံသူတွေ
မိသားစုချင်းသိပ်မတည့်ကြပေမယ့်သူတို့အဖေတွေကတော့အချစ်ဆုံးသူငယ်ချင်းတွေ
လက်ထပ်ကြတော့လည်းတစ်နေ့တည်းမှာလက်ထပ်ကြတယ်
ကလေးတွေမွေးလာတော့လည်းရက်ပိုင်းလပိုင်းလောက်ဘဲကွာတယ်တစ်နေ့မှာမိသားစုတွင်းသတ်ဖြတ်မှုတွေနဲ့လုပ်ကြံမှုတွေကြုံလာရတာကြောင့်သူတို့မိဘတွေအပေါ်ကျေးဇူးကြွေးတင်နေတဲ့အဘွားကသူတို့ကိုခေါ်ပြီးမထင်မရှားပုန်းရေရှောင်နေခဲ့တယ်
အဘွားကသူတို့မိသားစုတွေရဲ့ဆက်ခံသူတံဆိပ်ပါတဲ့လက်စွပ်တွေကိုသူတို့ကိုပေးပြီးဘယ်သူ့ကိုမှမပြဖို့မှာခဲ့တယ်
အဘွားဆုံးတော့သူတို့မိဘမဲ့ဂေဟာရောက်တယ်
အဲ့တုန်းကသူတို့အသက်ကိုးနှစ်
သူတို့ဂေဟာရောက်တော့မမလှလှတစ်ယောက်ကပြောတယ်
သူတို့နဲ့အတူနေရမယ့်အကိုကြီးကသိပ်ကြောက်ဖို့ကောင်းတယ်တဲ့။သူကသူ့ထက်အားနည်းတဲ့လူတွေကိုလည်းအနိုင်ကျင့်တတ်လို့သူနဲ့သွားမပတ်သက်မိစေနဲ့တဲ့
အဲ့တုန်းကအဲ့မမပြောတာကိုယုံပြီးအဲ့အကိုကြီးနဲ့နေရမှာကိုမနှစ်မမြို့ဖြစ်ခဲ့တယ်ဂေဟာမှူးကသူတို့ကိုအဲ့အကိုကြီးဆီခေါ်သွားပြီးသူနဲ့အတူနေရမယ့်သူတွေလို့ပြောပြီးသူတို့ကိုဂရုစိုက်ဖို့ပြောပြီးသူ့ရုံးခန်းကိုပြန်သွားခဲ့တယ်
ဂေဟာမှူးရှိနေစဉ်ကလှည့်တောင်မကြည့်ခဲ့တဲ့ အဲ့အကိုကြီးကဂေဟာမှူးထွက်သွားတာနဲ့သူတို့ဘာမှတောင်မပြောရသေးခင်မှာဘဲ
"ကိုကိုကချောင်ရှင်းယန်ပါ"ဆိုပြီးအရမ်းနွေးထွေးတဲ့အပြုံးတစ်ခုနဲ့အတူသူ့ကိုယ်သူမိတ်ဆက်လာခဲ့တယ်အဲ့အချိန်ကစပြီးကိုကိုကသူတို့နှလုံးသားထဲကိုစပြီးဝင်ရောက်လာခဲ့တယ်
YOU ARE READING
Psycho Husbands(Z±U)
Fantasyချောင်ရှင်းယန်တစ်ယောက်ဝတ္ထုတစ်ပုဒ်ကိုဝေဖန်ရင်း systemတစ်ခုနှင့်မတော်တဆချိတ်ဆက်မိသွားသောအခါ Uni ချောင်ရှင်းယန်တစ်ယောက်ဝတၳုတစ်ပုဒ်ကိုဝေဖန်ရင်း systemတစ်ခုနှင့်မတော်တဆချိတ်ဆက်မိသွားသောအခါ