''P'khon''
''အကို မသွားဘဲဘာရပ်လုပ်နေတာလည်း''
''sida''
sida သူ့နာမည်ခေါ်တာနဲ့ကြည့်လိုက်တော့ watiဖြစ်နေတယ် တစ်ခါတုန်းက သူဒုက္ခပေးခဲ့တဲ့သူ တစ်နည်းအားဖြင့် အကို့ရဲ့အရင်မိန်းမ
''wati''
wati ထွက်သွားမယ်လုပ်တော့ sidaကလက်ကိုလှမ်းဆွဲလိုက်တယ်
''မသွားပါနဲ့ စကားခဏလောက်ပြောရအောင် ခဏလေးပါဘဲ''
sidaကိုကြည့်လိုက်တော့ မျက်လုံးမှာတောင်းဆိုမှုတွေထင်ဟပ်နေတယ်
''အင်း''
watiသူ့ရှေ့က လူနှစ်ယောက်ကိုကြည့်ပြီး အနည်းငယ်မနေတက်သလိုဖြစ်နေတယ် ကိုယ်ပြောမလို့ရှိသေးတယ် sidaကအသံထွက်လာတာနဲ့ဒီအတိုင်းငြိမ်နေလိုက်တယ်
''အမ ကျွန်မတောင်းပန်ပါတယ်''
''ဘာအတွက်လည်း''
''အရင်တုန်းကအမတို့မိသားစုကိုဖျက်စီးခဲ့တဲ့အတွက်ပါ''
''တောင်းပန်လို့ပြန်ရတော့မယ့်ဟာတွေမှမဟုတ်တာ''
''ကျွန်မသိပါတယ် နောက်တစ်ခုက အဲ့တုန်းက အကိုကအမပေါ်ဖောက်ပြန်ခဲ့တာမဟုတ်ပါဘူး ကျွန်မကသာအောက်တန်းကျတဲ့လုပ်ရပ်နဲ့အကို့ကိုရယူခဲ့ပြီး မိသားစုဘဝလေးကိုပျက်စီးအောင်လုပ်ခဲ့တာပါ''
''sida''
p'khonက sidaနာမည်ကိုခေါ်ပြီး ခေါင်းခါပြလိုက်တာကိုကျွန်မမြင်လိုပ်တယ် အော်p'khonတောင်သူ့ကိုတကယ်ချစ်မိသွားပြီဘဲ
''ကျွန်မကြောင့်မို့ singtoလည်း မိဘနဲ့ပျော်ရွှင်စွာမနေခဲ့ရတာပါ ကျွန်မကြောင့်မို့ ကလေးက နာကျည်းချက်တွေနဲ့ရှင်သန်ခဲ့ရတာပါ ကျွန်မတောင်းပန်ပါတယ် အဲ့တုန်းကတော့ကိုယ်ချစ်တာကိုဘဲသိခဲ့ပြီး သူများမိသားစုပျက်စီးသွားမှာကိုလုံးဝကိုမတွေးခဲ့ဘူး ကိုယ့်အတ္တတစ်ခုတည်းဘဲရှေ့တန်းတင်ခဲ့မိတာပါ ''
''အရာအားလုံးအတွက်စိတ်ရင်းနဲ့တကယ်တောင်းပန်ပါတယ်''
sidaလည်းပြောပြီးရော အခန်းထဲတိတ်ဆိတ်သွားခဲ့တယ် ခဏလောက်ကြာမှ watiက
YOU ARE READING
Blunderful (Completed )
FanfictionSingto "ငါမုန်းတယ်" Krist "တစ်နေ့နေ့တော့ငါ့ဘက်လှည့်ကြည့်လာမှာပါ" (Zaw/uni)