Singto: ''ဟယ်လို မမလား ''
Rose:'' မောင်ဘယ်သွားနေတာလည်း မမဖုန်းဆက်တာလည်းမကိုင်ဘူး ဟိုတစ်နေ့က ပြန်လာမယ်ဆိုပြီးတော့လည်း ပြန်မလာဘူး မမကစောင့်နေတာ''
Singto: ''ကျွန်တော်တောင်းပန်ပါတယ်မမ ကျွန်တော်ပြန်လာတော့မှာ အဲ့ဒါဧည့်သည်ပါလာမှာမမ သူက ကျွန်တော့်အတွက်အရမ်းအရေးကြီးတယ် မမကို အကူအညီတစ်ခုတောင်းချင်လို့''
Rose: ''ပြောလေ မောင်ရဲ့ မမကကူညီမှာပေါ့ အရေးကြီးတဲ့ ဧည့်သည်ဆိုတော့ လုပ်ငန်းကိစ္စလား''
Singto: ''အင်းဟုတ်တယ် မမ သူကကျွန်တော့်အိမ်မှာလိုက်နေမှာဆိုတော့အဲ့ဒါအခန်းရှင်းပေးထားပါ့လား ဒေါ်ကြီးကလည်းမရှိဘူးဆိုတော့လေ မမ မလုပ်နိုင်ဘူးဆိုရင်လည်းရပါတယ်''
Rose: ''ရပါတယ်မောင်ရယ် မမကူညီပါ့မယ်''
Singto: ''ကျေးဇူးတင်ပါတယ် မမ မနက်ဖြန်ကျွန်တော်ပြန်လာတော့မှာ ဒါဘဲနော်''
Rose: ''အေးအေး''
Rose: ဟိုလူကိုသတင်းပေးရမယ်
~~~~~~~~~~~
Krist: ဒီမှာ P'singto ခင်ဗျား ပါးစပ်ကနေ မမ မမဆိုတာ ဘယ်တော့မှချမှာလည်း
Singto: ဟာ kitကလည်း ကိုယ်သူ့ကိုပညာပေးချင်သေးလို့ပါ
Krist: တော်ပါပြီPရာ ကျွန်တော်အဲ့လိုအမုန်းတရားတွေ မထားချင်တော့ဘူး နောက်ပြီးPလည်းမှားခဲ့တာဘဲလေ
Singto: မှန်တယ် kit ကိုယ်လည်းမှားခဲ့တယ် ဒါပေမဲ့ သူဘာလို့အဲ့လို လုပ်ရတာလည်း ကိုယ်က kitနဲ့လက်ထပ်ထားတာလေ သူနားလည်ပေးသင့်တာပေါ့ ကိုယ်သူ့ကိုအမတစ်ယောက်လိုဘဲဆက်ဆံတယ် အရင်တုန်းက လိုဘဲသူပြောသမျှစကားကိုယ်ယုံကြည်ပေးခဲ့တယ် ဒါပေမဲ့ သူကကိုယ့်ယုံကြည်မှုကိုအလွှဲသုံးစားလုပ်တယ် သူ့ကိုယုံကြည်ခဲ့လို့ kitကိုတောင်ကွာရှင်းပြီးသူနဲ့ လက်ထပ်မယ်လို့ပြောခဲ့တယ် ကိုယ်အရမ်းမိုက်မဲတာဘဲ
Krist: တော်ပါတော့Pရယ် Pစိတ်ကြိုက်တာလုပ်တော့ သဘောဘဲ
Singto: အင်း P'sunကိုသွားနှုက်ဆက်ရအောင်မနက်ဖြန်မနက်စောစောလောက်ပြန်မယ်
Krist: ဟုတ်
Singto: p'sun မနက်ဖြန် ကျွန်တော်တို့ပြန်တော့မယ်
ŞİMDİ OKUDUĞUN
Blunderful (Completed )
Hayran KurguSingto "ငါမုန်းတယ်" Krist "တစ်နေ့နေ့တော့ငါ့ဘက်လှည့်ကြည့်လာမှာပါ" (Zaw/uni)