Unicode

411 32 0
                                        

တစ်စုံတစ်ယောက်ကများ'မလွမ်းဘူးလား'လို့မေးလာရင်'လွမ်းတယ်'လို့မဆိုင်းမတွဖြေမိမှာပါ။

ကျွန်တော့်အလွမ်းတွေထဲမှာလိုအပ်ခြင်းတောင့်တခြင်းပူလောင်ခြင်းစသည့်သူ့အတွက်အနှောင့်အယှက်ဖြစ်စေမည့်ခံစားချက်တစ်ခုမှမပါဝင်နေဘူးဆိုတာကျွန်တော်တိတိကျကျပြောနိုင်ပါသည်။

သို့ပေမယ့်။

တစ်စုံတစ်ယောက်။

မေးခွန်းထုတ်လာသည့်တစ်စုံတစ်ယောက်ကကျွန်တော့်သားကိုယ်တိုင်ဖြစ်နေသည့်အခါလိမ်ညာခြင်းဆိုသည့်ပြစ်မှုကိုကျူးလွန်မိတော့သည်။

"မလွမ်းဘူး...သား..ဖေဖေသူ့ကိုမလွမ်းဘူး"

"ဖေဖေညာနေတာပဲ . . . ထားပါ၊ဒါဆိုသားမေးခွန်းကိုပြန်ပြောင်းမယ်...ဖေဖေသူ့ကိုဘယ်အချိန်တွေမှာသတိရ လဲ....ဥပမာ...မေမေ့မွေးနေ့လုပ်တဲ့အခါမျိုးတို့ . ."

ကျွန်တော်ပြုံးလိုက်မိတော့သားကသေချာစိုက်ကြည့်နေသည်။

သားပုံစံကကျွန်တော့်ကိုအကဲခတ်သည်ဆိုတာထက်တော့ပိုပါသည်။

ကျွန်တော့်မျက်လုံးတွေထဲကနေခံစားချက်တစ်မျိုးတစ်မည်တွေ့လိုတွေ့ငြားလိုက်ရှာနေပုံရသည်။

"ညဥ့်နက်နေပြီသား . .မနက်ဖြန်ကျောင်းပိတ်ပေမယ့်ကျောင်းအုပ်ကြီးနဲ့လိုက်သွားပေးဖို့ရှိတယ် ဖေဖေအိပ်တော့မယ် "

"ok!ဒီနေ့အတွက်လဲမေးခွန်းတွေအရမ်းများနေပါပြီ . စောစောကမေးခွန်းကိုတော့မနက်ဖြန်ညဖြေပေးမယ်မ ဟုတ်လား?"

"ဖြေမှာပေါ့"

"ကောင်းသောညပါ"

အိပ်ယာပေါ်လှဲအိပ်ရင်းသားရဲ့မေးခွန်းကိုသေချာခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။

သားကဘယ်လိုအဖြေမျိုးထွက်လာစေချင်လို့သည်လိုမေးခွန်းထုတ်လာသလဲ။

ကျွန်တော်မှန်းဆခဲ့တာထက်သားကပါးနပ်လွန်းပြီးခံစားလွယ်လှသည်။

ကျွန်တော်ကနှစ်(၂၀)လောက်ဖုံးဖိသိုဝှက်လာသည့်အရာကိုသားကတစ်ညတည်းနဲ့အမြစ်ကလှန်ပြီးထုတ်ဖော်ဖို့ကြိုးစားခဲ့သည်မဟုတ်လား။

I Need Your LoveWhere stories live. Discover now