Chapter 1

14.5K 546 17
                                    

Zawgyi
------------

သူ့အားသူရဲကောင်းတစ်ယောက်ကဲ့သို့ ဆက်ခံနေကြသည်ကိုငြီးငွေ့လာပြီ။ သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည့်လူများကိုလည်းစိတ်ကုန်နေပြီ။ သူအလိုရှိသမျှအရာအားလုံးကိုကိုယ်တိုင်မကြိုးစားရဘဲ အဆင်သင့်ရနေသည်ကိုလဲသဘောမကျတော့။ ရှုပ်ယှက်ခတ်သောလမ်းမထက်တွင် သူ၏နာမည်ကိုခေါ်သံကြားတိုင်း မှော်တုတ်တံကိုအရင်လက်လှမ်းမိနေသည်ကလဲ အလွန်ဆိုးဝါးလှသည်။ ဒီအိပ်မက်ဆိုးများထံမှ သူလွတ်မြောက်ချင်သည်။ သို့သော် အသက်18နှစ်အရွယ်ကောင်လေးတစ်ယောက်အတွက် လွတ်မြောက်ဖို့ကြိုးစားတိုင်း အချည်းနှီးဖြစ်ရသည်ချည်း။ နောက်ဆုံး "သွားသေလိုက်ကြ" ဟူသည့်စကားတစ်ခွန်းပြောပြီး သူရဲကောင်းဟယ်ရီပေါ်တာသည် muggleများနေထိုင်ရာ လန်ဒန်မြို့ Grimmauld placeရှိ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွေ့လာတော့သည်။

သူ့အားသူရဲကောင်းတစ်ယောက်ကဲ့သို့ ဆက်ခံနေကြသည်ကိုငြီးငွေ့လာပြီ။ သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည့်လူများကိုလည်းစိတ်ကုန်နေပြီ။ သူအလိုရှိသမျှအရာအားလုံးကိုကိုယ်တိုင်မကြိုးစားရဘဲ အဆင်သင့်ရနေသည်ကိုလဲသဘောမကျတော့။ ရှုပ်ယှက်ခတ်သောလမ်းမထက်တွင် သူ၏နာမည...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pic - Grimmauld Place

လန်ဒန်တွင် သူ့ကိုသိသောလူမရှိ။ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ ရိုးရှင်းသောအလုပ်များအတွက် မှော်ပညာကိုအသုံးမပြုလျှင် သူ့အားလှောင်ပြောင်မည့်သူမရှိ။ လမ်းမပေါ်တွင် အမှတ်တရစာရေးပေးရန် သူ့နာမည်ကိုအော်ခေါ်မည့်သူလဲမရှိ။ သူအပြင်ထွက်မည့်အချိန်ကိုစောင့်ပြီး သူ့ရှေ့ရေးအကြောင်းလာရောက်မေးမြန်းကြသည့် သတင်းထောက်များကိုလဲမတွေ့ရချေ။

သူကြိုက်သလောက်အမှားလုပ်နိုင်သည်။ မနက်၃နာရီအချိန်တွင် မုန့်ကြွပ်နှင့်နွားနို့ဝယ်ရန် ကုန်စုံဆိုင်သို့ ညအိပ်ဝတ်ဖြင့်ထသွားလျှင်လည်း "သူကျပ်ရောပြည့်ရဲ့လား" ဟူသည့်မေးခွန်းများကို မည်သူမှမေးမည်မဟုတ်။ သူ၏ကိုယ်ပိုင်laptopနှင့်phoneကိုလဲ အသုံးပြုနိုင်သည်။ ထိုနေရာတွင် မှော်ပညာနှင့်ပတ်သက်သည့်အရာမှာ သူကိုယ်တိုင်ကလွဲပြီး အခြားမရှိ။

I'm so Tired (Myanmar Translation)Where stories live. Discover now