Chapter 10

2K 336 69
                                    

Zawgyi

"စောက်ကျိုးတော့နည်းပြီ"

ဒရေဂို၏ခေါင်းထဲသို့ ဖြတ်ပြေးသွားသောစကားလုံးများ။

သူ့ဘဝကြီးမှာ ဘယ်အချိန်ကစပြီး ဤကဲ့သို့ပြောင်းလဲသွားသည်လဲမသိ။ ယခုမတိုင်ခင်က သူသည် လန်ဒန်တွင် မည်သူနှင့်မျှအဆက်အသွယ်မလုပ်ဘဲ ဘဝကိုအေးအေးချမ်းချမ်းသာ ဖြတ်သန်းနေခဲ့သည်​။ ထို့နောက်တွင်တော့ ဖရိုဖရဲဆံပင်၊ ထူးဆန်းသောအကြည့်၊ အမြင်ကတ်စရာအပြုံးနှင့် ဟယ်ရီပေါ်တာသည် သူ့ရှေ့တွင်ရုတ်တရက်ပေါ်လာပြီး ခွင့်ပြုချက်မရဘဲ သူ့ဘဝထဲသို့ရုတ်ချည်းဝင်ရောက်လာခဲ့သည်။

တစ်ဘဝလုံးဟယ်ရီ​ပေါ်တာထံတွင် အနှိပ်စက်ခံရရန် ဘယ်လိုမကောင်းမှုကိုများ သူလုပ်ခဲ့မိသနည်းဟု တွေးမိသည်။ ဗိုဒါမော့နှင့် ပတ်သက်ခဲ့မိသည်မှာမှန်သော်လည်း ဤသည်မှာ ဆယ်ကျော်သက်အရွယ်တွင် သူရွေးချယ်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာပင်။ လောကကြီးက သူခုနစ်နှစ်တာဒုက္ခခံခဲ့ရသည်ကိုတော့ လုံလောက်သည်ဟုထင်ပုံမရ။

ယခုထိထိုင်ခုံမှမထသေးဘဲ စားနေသောဟယ်ရီကိုကြည့်ပြီး မက်ဖွိုင်း၏စိတ်ထဲတွင် တွေးမိသည်။

"ရွံစရာကောင်းလိုက်တာ"

သူတစ်ယောက်တည်းကြားရရုံမျှသာ တီးတိုးပြောမိသည်။

"ဒါပေမယ့် အခုလူတွေအများကြီးရှေ့မှာသာ သူ့ကိုဖက်နမ်းလို့ရမယ်ဆိုရင် အခွင့်အရေးကိုလက်လွှတ်ခံမှာမဟုတ်ဘူးမလား?"

သစ္စာဖောက်ချင်နေသော သူ၏စိတ်တစ်ခြမ်းက ထိုကဲ့သို့တွေးမိပြန်သည်။

ထိုအတွေးကို သူ့ခေါင်းထဲမှအမြန်ထုတ်ရန်ကြိုးစားလိုက်သော်လည်း နီးကပ်လာသောဟယ်ရီကြောင့် သူ့အခြေအနေမှာ ထွက်ပေါက်ပိတ်နေသော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ဟယ်ရီ၏အသက်ရှူ သံကိုပင် ကြား​နေရပြီး သူ့၏မျက်နှာ နီရဲနေမည်ကို ခံစားမိသောကြောင့် ဖြူလွန်းသောအသားအရည်ကို ပထမဆုံးအကြိမ် စိတ်ထဲမှကြိတ်၍အပြစ်တင်မိသည်။

ဟယ်ရီအား နံရံတွင်ဖိကပ်၍ နမ်းရှုံ့နေရခြင်းမဟုတ်ပါဘဲနှင့် သူ၏မျက်လုံးထဲသို့ ဟယ်ရီစိုက်ကြည့်နေရုံမျှဖြင့်ပင် ပျော်ရွှင်မှုများက တစ်ကိုယ်လုံးသို့ကူးစက်နေသည်။

I'm so Tired (Myanmar Translation)Where stories live. Discover now