နောက်ဘဝသာရှိရင် မင်းငုံထားမတတ် သေမတ်ချစ်ရတဲ့ကောင်မလေးဖြစ်ချင်တယ် Lili
ပျော်နေလား အချစ်?
Chaeထက်အရင် liliအချစ်ကိုပိုင်ဆိုင်ခွင့်ရသွားတဲ့ကောင်မလေးကို အရမ်းအားကျမိတယ်။ မနာလိုဖြစ်မိတဲ့အချိန်လည်းရှိတာပေါ့လေ။
အချစ်..အင်း..Chaeရဲ့ အချစ်ဦးလေး။ အချစ်လို့ကိုယ့်ဘာသာခေါ်နေပေမယ့် အဲ့နာမည်လေးကို ကိုယ်တိုင်ပါးစပ်ကနေခေါ် နိုင်ခွင့်က နောက်ဘဝမှရနိုင်မယ်ထင်ပါရဲ့။
အခုတော့ စိတ်ထဲကပဲ တိတ်တခိုးလေးပဲခေါ်ခွင့်ပြုပါ။ အချစ်ရယ်အချစ်ရေ...မှတ်မိသေးလား။ Chaeတို့ပထမဆုံးစကားပြောဖြစ်တဲ့ညကိုလေ။ မှတ်မိမယ်မထင်ပါဘူးလေ။ ရပါတယ် အချစ်မှတ်မိမိ မမိမိ Chaeမှတ်မိနေရင်ပဲကျေနပ်တယ်။
အဲ့တုန်းကဆိုရင် Chaeမှာ liliနဲ့စကားပြောချင်လွန်းလို့ကိုဘာမဟုတ်တဲ့ကိစ္စတွေရော စာအကြောင်းတွေရော...မျိုးစုံပါပဲ လာပြောမိခဲ့တယ်နော် အခုတော့အဲ့အချိန်လေးတွေကအမှတ်တရအဖြစ်နဲ့ပဲကျန်နေခဲ့ပြီပေါ့။
Liliမသိဘူး။
အချစ်နဲ့စကားပြောရတိုင်း ဘယ်လောက်တောင်ပျော်ခဲ့လဲဆိုတာ..Liliမသိဘူး။
မိုးမိလို့နှာစေးတာတို့ ဖျားတာတို့ဖြစ်ရင် Chaeဘယ်လောက်စိတ်ပူခဲ့ရတယ်ဆိုတာကို....Chaeရဲ့typeကအေးအေးဆေးဆေးနေတတ်တာမျိုးပါ။ အဲ့လိုမျိုးကောင်မလေးက liliဆိုတဲ့ ကောင်မလေးကြောင့် ဘယ်တော့မှ တစ်ယောက်ယောက်ကိုစကားစမပြောတတ်တဲ့သူက liliလိုင်းပေါ်တက်လာရင် ဘယ်လိုစကားတွေပြောမယ် ဘာတွေပြောမယ် ဘယ်လိုဟာသတွေပြောပြီးliliကိုပျော်အောင်လုပ်ပေးမယ်လို့ စဉ်းစားခဲ့တာတွေကို liliတစ်ယောက်သိမှသိပါလေစ။
Liliအထင်သေးခဲ့မှာပေါ့နော်။ ပြီးတော့ Chaeရဲ့ကွယ်ရာမှာ လှောင်ရယ်ခဲ့မှာပေါ့နော်။ မိန်းကလေးအချင်းချင်းကို အရှက်မရှိလာပြီးဖွင့်ပြောခဲ့တယ်ဆိုတာကို...
ထားပါတော့လေ...Chaeအတွက်အဲ့ချိန်ကလုံးဝကိုပျော်ရွှင်ကြည်နူးခဲ့ရတဲ့အချိန်လေးတွေပါ။ညဘက်7နာရီဆိုလိုင်းပေါ်တက်ပြီး liliကိုစောင့်နေခဲ့တယ်။ liliဘက်ကreplyကြာတဲ့ချိန်ဆို Chaeမကြိုက်ပေမဲ့ ဘာမှမပြောခဲ့ဘူး။ဘာလို့ဆို liliရဲ့အရာရာတိုင်းကChaeအတွက်အပြစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းခဲ့တယ်။