"ဘဝဆိုတာမပိုင်ဆိုင်ရခြင်းတဲ့
ဒါဆို....ငါ့ဘဝလို့ခံယူထားတဲ့ မင်းကရော......"________
ကျွန်မနာမည်က Jennie Kim
အသက်17နှစ်ပြည့်ပြီးတဲ့သူ။မွေးကတည်းက ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကိုပဲဦးစားပေးခဲ့ရတယ်။
လိုချင်တာတွေရှိရင်လည်းမြိုသိပ်ခဲ့ရတယ်။
Jisoo Kim ဆိုတဲ့ လူသားလေးကိုတော့ပိုင်ဆိုင်ချင်ခဲ့တယ်။ရှင်တို့ကြားဖူးမှာပါ။ အသက်ဆယ့်ခြောက်နှစ်မှာချစ်ခဲ့ဖူးတဲ့သူကို ဘယ်တော့မှမမေ့ဘူးဆိုတာလေ။
အဲ့တာကတကယ်ကြီးနော်။ မယုံမရှိနဲ့။
အခုမှ ကျွန်မက ဆယ့်ခုနစ်ပဲရှိသေးတာကို ဆိုပြီးမတွေးလိုက်နဲ့။
ကျွန်မ တစ်နှစ်တာလုံး သူ့စိတ်နဲ့ရူးခဲ့တာ။Onlineပေါ်မှာ စကားနည်းနည်းပါးပါးပြောဖူးတယ်။
အပြင်မှာလည်းထိုနည်းတိုင်းပါပဲ။
ကျွန်မဘက်ကသာ အရမ်းကိုမျှော်လင့်ပြီးစည်းတွေကျော်ခဲ့တာ။
သူ့ဘက်ကတော့ သူငယ်ချင်းဆိုတာထက်မပိုခဲ့ဘူး။မျှော်လင့်ချက်တွေအထားခံရတာတကယ်ပင်ပန်းတယ်။
ဒါပေမဲ့လည်း...စောက်သုံးမကျတဲ့ ကျွန်မက နေအနောက်ဘက်ကထွက်ပြီး Blackpink မှာ full albumရှိချင်ရှိသွားမယ်.....
သူ့စိတ်နဲ့ပဲ ဆက်ရူးသွားဖို့ဆုံးဖြတ်ခဲ့တယ်။လူတွေစိတ်ကနားလည်ဖို့အရမ်းခက်တယ်။
ကျွန်မလက်လျှော့ချင်လာပြီဆို ကျွန်မရဲ့အချစ်ဦးလေးက ပြန်ဆွဲထားပြန်ရော။
အရင်လိုကျွန်မသူ့နားပြန်ကပ်တော့ အေးတိအေးစက်ဖြစ်သွားပြန်ရော။ကျွန်မရဲ့အချစ်ဦးလေးက ကျွန်မကိုကစားရတာကြိုက်တယ်ဆိုရင်လည်း ကျွန်မက ပျော်ပျော်ပါးပါးကြီးနာကျင်ခံစားပေးရမှာပေါ့။
ကျွန်မပျော်ရွှင်မှုက သူမနဲ့တိုက်ရိုက်အချိုးကျပါတယ်။
ကျွန်မကိုငြင်းပြီးအဆက်အသွယ်ဖြတ်လိုက်တဲ့နောက်ပိုင်း ရူးမလိုပဲ။
သနားလို့လား။ နာကျင်စေချင်လို့လားမသိပေမဲ့ ကျွန်မရဲ့ Instagramကိုတော့ မblockခဲ့ဘူး။
နေ့တိုင်း accထဲဝင်ကြည့်ခဲ့တယ်။