Zawgyi
ထိုအချိန်မှစ၍ ကျနော်အတွေးထဲ ကိုသွေးစကားတွေဘဲရှိသည်။အဖြေပေးရမည်ကို တွေဝေနေခြင်းမှာ ကိုသွေးကို မချစ်၍မဟုတ်။သူကို အရုပ်တစ်ရုပ်လို ကစားပြီး ပျင်းသွားမှ ချောင်ထိုးထားခဲ့မည်ကို ကြောက်၍ဖြစ်သည်။
ငယ်ငယ်ကတည်းက တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည့် ကိုသွေးကို အတော်ချစ်သည်။ကြောက်လည်းကြောက်သည်။
ထို့ကြောင့်လည်း အမြဲသည်းခံခဲ့ခြင်းဖြစ်သည်။အရွယ်ရောက်လာသောအခါ ကိုသွေးအပေါ် စိတ်ကစားမိသည်။
သို့သော် ရုပ်ရည်ချောမောပြီး ချမ်းသာကြွယ်ဝသည့် သူဋ္ဌေးသားနှင့် သူဘဝက နှိုင်းယှဉ်၍ မရသည်မို့ ယခုလို ပြောလာလိမ့်မည်ဟု စိတ်ကူးတောင်မယဉ်ဖူးပေ။ဘာလိုလိုနှင့် ကိုသွေးမွေးနေ့ရောက်လာပြီး သက်တံကိုပါ ဖိတ်သည်။အချိန်အကြာကြီး ခေါင်းရှုပ်မခံချင်၍ လက်ဆောင်အဖြစ်နှင့် ယနေ့အဖြေပေးလိုက်မည်ဟု တွေးထားသော်လည်း ထိုကိစ္စနှင့် ပက်သက်၍ မည်သို့စပြောရမည်မှန်း မတွေးရသေးပေ။
မွေးနေ့ပွဲ သွားသည့်အခါ ကိုသွေး၏ အနွေးထည်လေးကိုပါ သေချာလျှော်ဖွပ်ပြီး ယူသွားခဲ့သည်။
ကိုသွေးအဖေက စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တာမို့ ကိုသွေးမွေးနေ့ကို အသိမိတ်ဆွေ အတော်များများ လာကြသည်။လူရှင်းသည့် အချိန်ထိ စောင့်ပြီးမှ
'ကိုသွေး
'အင်း။ပြောလေ။'
'ကိုသွေး အနွေးထည်လေးကျနော် လာပြန်ပေးတာ။'
'မွှေးနေတာဘဲ။သေချာ လျှော်ဖွပ်ထားပုံရတယ်။ကျေးဇူးဘဲနော်။'
'ရပါတယ်။'
'သက်တံမပျော်ဘူးလား။
မျက်နှာကလည်း သုံမှုန်နေတာဘဲ။ ပြောစရာတစ်ခုခုရှိလို့လား။''ဟို....အင်း…မနေ့ညကကိစ္စ…'
သူ ပြော၍ မဆုံးသေးခင် ကိုသွေးက လက်ဆွဲပြီး အခန်းထဲခေါ်သွားသည်။
ထို့နောက် ဆိုဖာခုံပေါ်တွင် ထိုင်စေပြီး'ဒီမှာ အေးဆေးပြောရအောင်။ဒါနဲ့ ကိတ်မုန့်နည်းနည်းကလွဲလို့ ဘာမှစားတာလည်း မတွေ့ဘူးနော်။
အချိုရည်သောက်မလား။'
