Zaw gyi
'ဘယ်ကပြန်လာတာလဲ။'
'ဟို…'
'မေးနေတယ်လေ…'
သူအော်လိုက်၍ သက်တံကိုယ်လုံးလေး တုန်သွားသည်။ကိုသွေးထိုင်ရာကနေ ထလာပြီး သူဆီသို့ လျှောက်လာသည်။
'ဟိုအကောင်နဲ့ တွေ့ဖို့မလား။'
"ဟင် သူသိနေတာလား။"
အတွေးနဲ့တင် ကြက်သီးတဖြန်းဖြန်း ထသွားသည်။ကိုသွေးဆီမှ အရက်နံ့လည်း ရနေသည်။
'ဘာလဲ လန့်သွားလား။အခုမှတော့ နောက်ကျကုန်ပြီနော်။'
'ဟင် သူ့ကိုဘာမှမလုပ်ပါဘူးနော်။'
'ဖြန်းး'
ရုတ်တရတ်ကြီး ပါးပြင်ပေါ် ကျလာသည့် ရိုက်ချက်က ပြင်းလွန်း၍ နားများပင်အူသွားသည်။
လူလည်းပုံရက်သားလေး လဲကျသွားသည်။'ဘာလို့လဲ။ငါပေးတဲ့ အချစ်တွေက မလုံလောက်လို့လား။'
'မဟုတ်ဘူး။
မထင်မလွဲပါနဲ့။ညီက…'သူစကားမဆုံးသေးခင် လည်ပင်းညစ်ပြီး နံရံသို့ ကိုင်ဆောင့်လိုက်၏။
'အ….'
'ဘာမှလာမရှင်းပြနဲ့။ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ။'
ရင်ဘတ်နှင့်ကျော အောင့်သွား၍ သူစကားပင် မပြောနိုင်တော့ဘဲ ခွေခွေလေး လဲကျသွား၏။
'ငါ့ကို သစ္စာဖောက်ရင် သေတာထပ်ဆိုးတဲ့ အရသာကို ခံစားစေရမယ်။'
ကိုသွေးတစ်ယောက် သူကို ဆံပင်ကနေ ကိုင်ဆွဲပြီး အိပ်ခန်းထဲသို့ ခေါ်သွားသည်။
ခုတင်ပေါ်ပစ်ချလိုက်ပြီးနောက် သူလက်နှစ်ဖက်ကို ခုတင်တိုင်တွင် ကြိုးနှင့်ချည်ထားလိုက်သည်။ထို့နောက် အံဆွဲထဲမှ ဓားတစ်ချောင်းကို ယူလိုက်သည်။'ဒီဓားလေးက ကြည့်ရတာ ထက်မယ့်ပုံဘဲနော်။'
သူ့အပြုအမူ၊အပြောအဆိုတွေကြောင့် သက်တံကြောက်နေမိ၏။
'မလုပ်ပါနဲ့…'
'ဟမ် ဘာပြောတယ်။မကြားလိုက်လို့။'
'မလုပ်ပါနဲ့…'
'မလုပ်ပါနဲ့ ဟုတ်လား။အဲ့လိုပြောမှ ပိုလုပ်ချင်တာ။ဒီလောက်တောင် ခြေမငြိမ်တာ။
ကဲကြာ…'

YOU ARE READING
ခင်ဗျားကို......မုန်းတယ်(ခင်ဗျားကို......မုန်းတယ်)
Non-FictionMyanmar bl(short story)