Part 2

1.3K 98 4
                                    

အပိုင်း ၂

" လမင်းငယ် သားနှလုံးအားနည်းနေတယ်
ဒီချိန်မှာ ပြည့်ပြည့်ဝဝအနားယူရမှာ
သားငယ်လေး ကုမ္ပဏီအလုပ်တွေ
လုပ်နေတုန်းပဲလား "

"ကိုကိုနားမှာနေချင်လို့ပါ
ကျွန်တော်အိမ်ထောင်ပြုလို့မရနိုင်ဘူးလား "

ဦးလေးဆရာဝန်က ကျွန်တော်ကိုသက်ပြင်းချစွာ
ကြည့်နေသည်။

" ကျွန်တော်နားလည်ပါပြီ "

    လမင်းငယ် စိတ်ပျက်စွာ
ဆေးရုံကနေထွက်လာခဲ့လိုက်သည်။

⛪⛪

  ခန့်မဟော်နဲ့ မိုးစက် ညစာစားပြီးအိမ်ပြန်လာတော့
ခြံဝမှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း
ဖုန်းပြောနေတဲ့ ကိုကို့ကိုတွေ့ရသည်

"ဘာဖြစ်တာလဲ မထင် "

    မိုးစက်နဲ့ကိုခန့်ကိုတွေ့လိုက်တော့ ငယ်လေးအိမ်ပြန်ရောက်မလာတဲ့အကြောင်းကို ပြောလိုက်သည်။

" အဲ့ဒါဆိုကိုကိုထမင်းမစားရသေးဘူးပေါ့ "

" ထမင်းကအဓီကလား မိုးစက်
ယုန်ဖြူလေးပျောက်နေတယ်လေ "

ခန့်မဟော်စိတ်ပူစွာပြောလိုက်သည်

"တောင်းပန်ပါတယ်ကိုကို ကျွန်တော့်ပြောဖို့မေ့နေတာ ငယ်လေးက မပျောက်ပါဘူး သူအမေတိုက်ခန်းမှာ ညအိပ်မယ်ပြောတယ် "

"သေချာရဲ့လား "

" သေချာပါတယ် ငယ်လေးကကိုကို့ကို
ဖုန်းမဆက်ဘူးလား "

နေမထင်ခေါင်းရမ်းပြီး အိမ်ထဲဝင်သွားသည်။

"'ကိုခန့်လည်းပြန်တော့လေ "

  အိမ်ထဲဝင်သွားတဲ့ကိုကိုနောက်ကျောပြင်ကို
ငေးကြည့်မိရင်း ကိုခန့်ကိုပြောလိုက်သည်။

"နေမထင်နဲ့ ယုန်ဖြူလေး အခြေအနေက
ဘယ်လိုကြီးတုန်း "

"စပ်စုမနေနဲ့ပြန်တော့
ကိုကို့ကိုညစာစားဖို့လုပ်ပေးရဦးမယ် "

" မိုးစက်လုပ်ပေးစရာမှမလိုတာ
အိမ်မှာအဒေါ်ကြီး ရှီနေတာပဲ "

" ပြန်တော့ဆိုပြန်တော့ "

   ခန့်မဟော်ခေါင်းရမ်းပြီး ကားပေါ်မြန်မြန်တက်ကာ မောင်းထွက်လာခဲ့လိုက်သည်။

အဆုံးအစမရှီသောအချစ်Where stories live. Discover now