SML-22(Final)
*အချစ်ဆိုတာ စကြာဝဠာကြီးရဲ့ဗဟိုချက်
လို့ဆိုကြတယ်...ဒါမှန်လားမှားလားကျွန် တော်မသိပေမဲ့ သေချာတာတစ်ခုကတော့ Byun Baekhyun ဟာကျွန်တော့်နှလုံးသားရဲ့ဗဟိုချက်ပဲ**အချစ်ရဲ့အလင်းရောင်ဟာ မျက်မမြင် တစ်ယောက်ကိုပင်လမ်းပြနိုင်တယ်ဆိုတာဖြစ်နိုင်ပါသလား...ကျွန်တော်တော့ အတိကျမပြောတတ်ပါ...ဒါပေမဲ့သေချာ တာကတော့ Oh Sehunဟာကျွန်တော့် ဘဝရဲ့လမ်းပြကြယ်လေးပါပဲ*
Ř❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣❣
(1 month later)
Sehun's POV
တောက်ပတဲ့နေရောင်ခြည်ဖြာကျလာတဲ့မနက်ခင်းဟာအသက်ဝင်လာချေပြီ... သို့သော်ကျွန်တော့်ရဲ့တစ်ဦးတည်းသော ချစ်ရသူကတော့အိပ်ယာကမထသေး ဒီနေ့ဟာသူ့သူငယ်ချင်းJong Daeရဲ့ Wedding Dayမို့ညကတော့သွားဖို့ကိုတက်ကြွနေပြီး ကျွန်တော့်ကိုတောင်ကုမ္ပဏီ
မသွားခိုင်းတဲ့သူကအခုကျတော့အိပ်ယာ ထဲကမထဘူး...။Sehun:
"Babe...မထသေးဘူးလားကွာ ၈နာရီတောင်ခွဲနေပြီ...မင်းလေးသူငယ်ချင်းမင်္ဂလာဆောင်က၁၀နာရီစမှာနော် အခုမထရင်မျက်နှာပြောင်နဲ့သွားရလိမ့်မယ်"Baek:
"ငါကမျက်နှာပြောင်နဲ့လဲချစ်စရာကောင်းပါတယ်နော်"ဟောကြည့်!အိပ်နေတာလဲမဟုတ်ပဲနဲ့ ရစ်လုံးလေးသက်သက်အပျင်းထူနေတာသူ့ကိုဆူရင်လဲနည်းနည်းမှမကြိုက်ဘူး...
နှုတ်ခမ်းဆူပြီးရန်ပြန်တွေ့တတ်သေးတာ။Sehun:
"အင်းပါ မောင်ကဘာပြောလို့လဲ...ထတော့နော် မောင့်Babeကလိမ္မာတယ်"Baek:
"ထပါမယ် ဘာလို့လောနေမှန်းမသိဘူး...သူ့မင်္ဂလာဆောင်လဲမဟုတ်ပဲနဲ့"ဟောဗျာ...ဘာမှလဲမပြောပဲစိတ်ကောက် ရပြန်ပြီ ရေချိူ းခန်းထဲကိုဆောင့်အောင့်ပြီးဝင်သွားတာများ ကြမ်းပြင်တွေအက်ကုန်မှာတောင်ကြောက်ရတယ်။
Baek:
"Oh Sehun...သဘက်လာပေး"Sehun:
"အထဲမှာမရှိဘူးလား"Baek:
"မရှိလို့တောင်းတာပေါ့...ပေးမှာဖြင့်မြန်မြန်လာပေး!"Sehun:
"Okk"ဒီကောင်လေးမူမမှန်ဘူး...ညကထိအကောင်းကြီးကိုအခုဘာလို့စိတ်ကောက်နေ တာလဲ...ငါလဲဘာမှမလုပ်မိပါဘူး သူ့ကို
စောစောမနှိုးလို့များစိတ်ကောက်သွားတာလားမသိဘူး...ပြီးမှပဲသေချာမေးကြည့်တော့မယ်။
YOU ARE READING
Save Me Love(Completed)
General FictionSeBaek,KaiBaek and ChanSoo (Drama,Romance & BDSM)