အချိန်တွေတဖြည်းဖြည်းပြောင်းလဲလာသည်luတို့လည်းမူလတန်းပြီး၍အလယ်တန်းနောက်ဆုံးနှစ်သို့ရောက်လာကြသည်အထိlu,baek,yeolနဲ့hunတို့တတွဲတွဲပါလုကအတန်းထဲhunတို့မှလွဲ၍မည်သူနှင့်မှစကားမပြောပေ။ထို့ကြောင့်အခြားသူများနှင့်ဆရာမကတောင်luကိုအနေသည်ဟုထင်ကြသည်။ယောကျာင်္းလေးများကလည်းluနှင့်စကားပြောချင်ကြသည်သို့သော်hunနဲ့yeolကိုကြောက်၍မပြောကြပေ။luကများသောအားဖြင့်canteenမသွားဖြစ်ထိုအခါhunကluနဲ့အဖော်နေခဲ့ပေးသည်။ခါတိုင်းလိုပင်luမုန့်ထုပ်လေးယူကာအတန်းပြင် corridorသို့ထွက်လာစဉ်hunပါအနောက်ကလိုက်ခဲ့လေသည်။
Hun:Luနင်ထမင်းချိုင့်မပါဘူးလား
Lu:အင်းငါဒီနေ့ထမင်းချိုင့်မထည့်ဘူးဘာလို့လဲ
Hun:ငါဗိုက်ဆာတယ်ဟာနင့်မုန့်ဘူးထဲကမုန့်ငါ့အရင်ကျွေး
Lu:ဟာနင့်မှာလည်းမုန့်ပါတာကိုhunကလည်းနင်အမြဲတမ်းငါ့ဆီကမုန့်ကိုဘဲစားနေတာဘဲတခြားသူဆီကလည်းစားလေ
Hunကအမြဲluရဲ့မုန့်ကိုဘဲစားသည်ရေလည်းluဆီကဘဲယူသောက်သည်
Hun:ငါကသူများဆီကဆိုရွံလို့
Lu:ငါ့ဆီကမရွံဘူးလား
Hun:မတူဘူးလေနင်က
Lu:ဘာမတူလည်းနင့်ကိုကြိတ်ပိုးနေတဲ့ကောင်မလေးတွေဆီကစားငါ့ကိုမားxiuကနည်းနည်းဘဲထည့်ပေးတာနင်စားတော့ငါဘာပြန်စားရမလဲ
Hun:ငါ့ဆီကစားလေဟာ
Lu:နင်ကသူများစားထားတာရွံတယ်ဆို
Hun:Lu......မင်းကွာ
Hunအော်လိုက်သည့်အတွက်luမျက်ရည်ဝဲလာကာဝမ်းနည်းလာသည်
Hun:luငိုနေတာလားsorryပါဟာငါပြောတာအဲ့အဓိပ္ပါယ်ဖြစ်သွားရင်နင့်ကိုတော့ငါမရွံပါဘူးနင်ကငါ့အချစ်ဆုံးလေ
Hunစကားကြောင့်luမျက်နှာလေးရဲနေသည်
Lu:တော်ပြီဟာနင်စားရင်လည်းစားလိုက်ငါမစားတော့ဘူး
Hun:luစားပါဟာ
ထိုအချိန်အတန်းထဲကအချောဆုံးMinaရောက်လာသည်
Mina:Hun minaအိမ်ကမုန့်လေးhunစားဖို့ယူလာတာhunမုန့်လေးလည်းပြန်ကျွေးပါလား
Hun:အေးစားလေနင်ကြိုက်သလောက်စားတချို့ကစေတနာနဲ့ပြောမှန်းမသိဘူးစားစေချင်တာကို
Hun Luမျက်နှာကိုကြည့်ကာပြောလိုက်သည်
Lu:ငါသွားပြီhunနင်မစားရင်ငါယူသွားပြီနင်တို့နေခဲ့တော့
Luရင်ထဲဝမ်းနည်းစွာဖြင့်အတန်းထဲသို့ရောက်လာသည်မုန့်လည်းမစားဖြစ်တော့
Hunလည်းLuရဲ့ကျောပြင်လေးကိုကြည့်ကာငေးရင်းဝမ်းနည်းလာသည်
Hun pov:ငါနင်နဲ့အတူစားချင်လို့ငါကိုယ်တိုင်မနက်ထဲကနင်ကြိုက်တာလေးတွေလုပ်ထားတာပါဟာနင်ဝမ်းနည်းရင်ငါလည်းမပျော်ဘူးအခုတလောဘာဖြစ်လဲမသိဘူးငါ့စိတ်ကိုနင့်ကိုဘဲတွေးနေမိတယ်
Lu pov:Hunအခုတလောluကိုအရမ်းအော်တယ်သူအော်ရင်luဝမ်းနည်းတယ်
ခဏကြာတော့အတန်းထဲသို့hunမုန့်ဘူးလေးကိုင်ကာပြန်ဝင်လာသည်
Hun:Luluငါဗိုက်ဆာတယ်....Luငါ့ကိုကြည့်ဦးဟာ
Lu:နင်ခုနကminaကျွေးတာမစားလာခဲ့ဘူးလား
Hun:ငါပြောသားဘဲသူများတကာအစားအစာမစားဘူးရွံတယ်ငါစားချင်တာနင်ယူလာတဲ့မုန့်ဘဲ
Lu:တကယ်လားစားလေဒါဆို
Luမုန့်ဘူးလေးhunထံပေးလိုက်သည်
Hun:Luငါ့မုန့်လေးပြန်စားနော်
Lu:အင်းပါဟာနင်မရွံရင်စားမယ်
HunရောLuပါမုန့်ဘူးကိုယ်စီဖွင့်ကြည့်လိုက်သည်
Hun & Lu:ဟာအသားပေါင်းနဲ့ပဲပေါက်စီ
၂ယောက်လုံးယူလာတာတူသည်၂ယောက်လုံးကလည်းအကြိုက်တူလေသည်
တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာရယ်လိုက်ရင်းပြောလေသည်
Hun & Lu:ဒါငါကိုယ်တိုင်လုပ်လာတာ
Hun:ဟာတကယ်လားငါလည်းငါကိုယ်တိုင်လုပ်လာတာ
Lu:ငါရောဘဲဟုဆိုကာမနက်ကအကြောင်းအရာများပြန်တွေးနေသည်
At morning:
Luတစ်ယောက်အသားပေါင်းနဲ့ပဲပေါက်စီကိုကိုယ်တိုင်လုပ်နေစဉ်မားxiuနိုးလာသည်
Xiu:မြေးရေဘာတွေလုပ်နေတာလည်း
Lu:မြေးတို့သူင်ါချင်းတွေစားဖို့ကာမားxiu
Xiu:မြေးမားကူပေးရမလား
Lu:ရတယ်မားxiuမြေးကိုယ်တိုင်လုပ်ချင်လို့
ပြောရင်းသီချင်းလေးတအေးအေးနဲ့လုပ်ကိုင်နေသောမြေးမလေးကိုကြည့်ကာxiuငယ်စဉ်ကအကြောင်းကိုပြန်တွေးနေမိသည်။xiuငယ်စဉ်ကလည်းchenအတွက်ဒီလိုလုပ်ပေးခဲ့ဖူးပါသည်။မြေးလေးပျော်ရွှင်နေသည့်ပုံကိုကြည့်ရင်းပျော်ရွှင်နေပါသည်
At ptesent:
Luလည်းHunစားနေသည်ကိုကြည့်ကာ
Lu:Hunကောင်းလား
Hun:ကောင်းတာပေါ့ငါလုပ်ထားတာရောကောင်းလား
Lu:အင်းအကောင်းဆုံးဘဲ
တစ်ယောက်ကိုတစ်ယောက်ခွံ့ကျွေးကာပြုံးပျော်နေကြသည်
Hun pov:နင်ပျော်ရင်ငါပျော်တယ်နောက်ပိုင်းအဲ့လိုဘဲအမြဲပြုံးနေပါlu
ထိုနေ့လေးက၂ယောက်လုံးရင်ထဲဖြူစင်သောအချစ်များနှင့်အမှတ်တရလေးများကနောင်တချိန်ဝေးကွာတဲ့အခါပြန်ပြောင်းတွေးဖို့ကောင်းမွန်တဲ့အမှတ်တရလေးဖြစ်ခဲ့ပါတယ်
PS.ဝေဖန်ပေးကြပါနော်
YOU ARE READING
ချစ်သူမသိလိုက်သောအချစ်
Romansငါ့ရဲ့ဖြစ်တည်မှုငါ့ရဲ့တည်ရှိနေမှုကိုပါမေ့ပျောက်ချင်တယ်တဲ့လားဟာ..... By Luhan အဲ့လိုပြောလိုက်တဲ့ဒီကောင်ရဲ့ရင်ဘက်ကဘယ်လောက်ထိဗလောင်ဆူနေသလဲဆိုတာရော..... By Sehun ကိုယ်နဲ့ကိုယ့်ရဲ့တည်ရှိမှုကိုလစ်လျူရှုထားသူတစ်ယောက်အကြောင်းကိုယ...