Part~ 1
” သားရယ် အဲ့လိုစိတ်လိုက်မာန်မာတွေမလုပ်ပါနဲ့ သားအခုလိုကျောင်းမသွားပဲ ဖအေကိုအရွဲ့တိုက်နေလို့ဘာထူးမှာလဲ သားက လိမ္မာပါတယ် သွားလိုက်နော် မေမေသားကျောင်းသွားဖို့အကုန်ပြင်ဆင်ပြီးပြီ”
” ဘာလဲ မာမီကသားကိုကျောင်းအတင်းသွားခိုင်းပြီး ဒယ်ဒီနဲ့ကွာရှင်းဖို့အကြောင်းပဲပြောဦးမှာမလား”
” အဲ့လိုမဟုတ်ပါဘူးသားရယ် မေမေတို့က အကောင်းဆုံးဖြစ်မယ့်အရာကိုရွေးချယ်နေကြတာပါ ”
” တော်စမ်းပါဗျာ မာမီတို့ကမချစ်ပဲနဲ့ ဘွားဘွားက အတင်းပေးစားလို့ဒယ်ဒီနဲ့ ယူလိုက်ရတာမလား သားကိုရောမလိုချင်ပဲမွေးခဲ့ရတာမလား ”
” တိတ်စမ်း Seungri ဒီလိုစကားမျိုးတွေဘယ်ကနေ တတ်လာတာလဲ ငါကအမေဟဲ့ ကိုယ့်သားသမီးကို မချစ်ပဲနေမလား ”
” တော်ပါတော့ဗျာ တော်ပါတော့ ဘာမှမကြားချင်တော့ဘူး အခုမာမီဖြစ်စေချင်တာက သားကို ကျောင်းသွားခိုင်းတာမလား အဲ့တာဆို ကျောင်းသွားပြီ မာမီတို့ဘာသာ လုပ်ချင်တာလုပ် ဖြစ်ချင်တာသာ ဖြစ်ပြီးနေခဲ့တော့ ”
” နေဦး ဒါရိုက်ဘာချွဲကို လိုက်ပို့ခိုင်းလိုက်မယ် ”
” မလိုဘူး bus နဲ့ပဲသွားမယ် ကားအကောင်းစားကြီးနဲ့လိုက်ပို့လို့လဲ ကျွန်တော့်ဘဝက လူအများအမြင်မှာ သူဌေးသားတစ်ယောက်အပြင်မပိုပါဘူး ”
” မင်း ဘာလို့ဂျစ်ကန်ကန်တွေပြန်ပြောနေတာလဲ မလိုချင်ဘူး လိုက်ပို့ခိုင်းလိုက်မယ် ထမင်းဘူးယူပြီး အိမ်ရှေ့မှာသွားစောင့်နေ သွား ”
_သူ့အမေရဲ့ အမိန့်ဆန်တဲ့စကားတွေကို ဘာမှပြန်တုံ့ပြန်ခြင်းမရှိပဲ လွယ်အိတ်လွယ် ထမင်းဘူးယူပြီး အိမ်ရှေ့ထွက်ပြီး လိုက်ပို့မယ်ကားကိုစောင့်နေလိုက်တယ်..........................
” ကျွန်တော် ဒီလိုဘဝကြီးကိုမုန်းလိုက်တာ အသက်ရှင်နေရတာ ပင်ပန်းလိုက်တာ လွတ်မြောက်ချင်ပါပြီကွာ ”
_အတွေးပေါင်းစုံနဲ့ ခေါင်းငိုက်စိုက်ကျပြီးရပ်နေတဲ့ Ri အနားကို ကားရပ်လိုက်ပြီး ဒါရိုက်ဘာချွဲ ကားပေါ်က ဆင်းလာလိုက်တယ်