Part ~ 12

174 14 4
                                    

အချစ်ရဲ့စေညွှန်းရာ

Part ~ 12

အလုပ်စဝင်တဲ့ပထမရက်မှာတင် အလဲလဲအကွဲကွဲ ဖြစ်ခဲ့ရာမှ အခုဆိုရင် Ri တစ်ယောက် YG မှာ အလုပ်ဝင်တာ နှစ်ပတ်ခန့်ရှိသွားပြီဖြစ်သည်။ အရင်ကထက်စာရင် ဌာနကလူတွေနဲ့လဲ ပိုပြီးအဆင်ပြေလာတယ် အလုပ်ကိုလဲသေသေချာချာကြိုးကြိုးစားစားလုပ်ကိုင်လာတယ် ရုံးဆင်းပြီဆိုရင်လဲအိမ်မပြန်ပဲ စာရင်းကိုင်သင်တန်းကိုအ​ပြေးအလွှားတက်သေးတာ အရင်တုန်းကဆိုးသွမ်းခဲ့တဲ့ Seungri ဆိုတာဘယ်ရောက်သွားမှန်းမသိလောက်အောင်ပြောင်းလဲသွားခဲ့တယ်

ဒီနေ့သူများတွေထက်စောပြီးရုံးကိုရောက်နေတယ် Jiyong အတွက် ကော်ဖီနဲ့မုန့်တချို့ဝယ်ပြီး စားပွဲပေါ်မှာတင်ထားလိုက်တယ် သူဒီလို Jiyong အတွက်မနက်စာပြင်ပေးတာ အလုပ်စဝင်ပြီးနောက်နေ့ဆိုထဲကပြင်ဆင်ပေးတာ သူပြင်ဆင်ပေးပေမယ့် Jiyong ကဒီနေ့အထိ လုံးဝမစားခဲ့သလို အသိအမှတ်လဲ မပြုခဲ့ဘူး

~ ကဲ ဒီနေ့လဲကျွန်တော် အစ်ကို့အတွက်မနက်စာ ပြင်ပေးထားတယ်နော်

ရုံးချိန်နီးကပ်လာပြီဖြစ်တဲ့အတွက် ဝန်းထမ်းတချို့နဲ့အတူ Jiyong ပါ ရုံးခန်းထဲဝင်လာတယ်

" ကောင်းသောနံနက်ခင်းပါ စီနီယာတို့ ”

" ဟ Seungri မင်းကအစောကြီးရောက်နေလို့ပါလားကွ ”

" ကျွန်တော်က စီနီယာBobby လို ကိုယ်ပိုင်ကားမှ မရှိတာ အဲ့တော့ စောစောစီးစီး ဝီရိယထားပြီး ပြင်ဆင်ရတာပေါ့ဗျ ”

ဝန်းထမ်းအချင်းချင်းအပြန်အလှန်နှုတ်ဆက်ကြပြီး Jiyong လဲ သူ့နေရာကိုလာလိုက်တော့ အလုပ်စဝင်တဲ့နောက်ရက်ကစပြီးတစ်ရက်မှ မပျက်မကွက်ပဲ ပြင်ဆင်ပေးထားတဲ့ မနက်စာလေးကို သူမြင်လိုက်ရပါပြီ Seungri ပြင်ဆင်ထားတာသိတဲ့အတွက်ကြောင့် သူစိတ်ရှုပ်နေတာတော့အမှန်ပင်

" Bobby ya ”

" ဟုတ်ကဲ့ စီနီယာKwon ဘာခိုင်းမလို့လဲ ”

" ခိုင်းစရာရှိလို့မဟုတ်ပါဘူး ပေးစရာရှိလို့ ဒီမှာ ဘယ်သူမှန်းမသိဘူး ငါ့စားပွဲပေါ်မှာ လာတင်ထားတာ မင်းစားလိုက် ”

အချစ်ရဲ့စေညွှန်းရာ (Zawgyi + Unicode)Where stories live. Discover now