Part 3

3.9K 298 7
                                    

Uni ::

နှိုးးစက်မြည်သံကြောင့် အအိပ်ဆတ်သူ Yibo တယောက်နိုးလာလေသည်။ သူကအခုထိ Zhan Zhan ရင်ခွင်ထဲတွင်သာရှိနေသေးသည်။ Zhan Zhan ကလည်းမျက်လုံးမဖွင့်သေးပဲထုံးစံအတိုင်းခေါင်းရင်းကနှိုးစက်ကိုပိတ်ရန်လက်လှမ်းလိုက်သည်။ အချိန်အတော်ကြာရှာနေသည်ထိသူမစမ်းမိသဖြင့်ပျင်းသော်ငြားမျက်လုံးဖွင့်ကာကြည့်မိတော့ ရင်ခွင်ထဲကကောင်လေးကသူ့အားမလှုပ်မယှက်ကြည့်နေလေသည်။

'နိုးပြီလားကောင်လေး... sorry ကွာ အကိုကအိပ်ပုတ်ကြီးတော့မနက်တိုင်းနှိုးစက်မြည်မှထတာ။ ဝါး 💤💤ညကကောင်လေးလာအိပ်တာကို အကိုနှိုးစက်မပိတ်လိုက်မိဘူး။'

Yibo'......'

'ကောင်လေး... နေလို့ကောင်းပါတယ်နော်'

Xiao Zhan တယောက်လက်ချောင်းလေးများဖြင့် Yibo နဖူးကိုစမ်းကြည့်မိသည်။ ထိုအခါမှ Yibo ကသူ့ရင်ခွင်ထဲမှကုန်းထလိုက်ကာဘာစကားတစ်ခွန်းမှမဆိုပဲခုတင်ပေါ်ကဆင်းသွားလေသည်။ Zhan Zhan စိတ်ထဲတွင်တော့ "အဲ့ကောင်လေး...ညကများမိုးတွေခြိမ်းနေတော့ကြောက်ပြီးဖက်ထားလိုက်တာများ။ မနက်ရောက်တာနဲ့ cool guy လေးပြန်ဖြစ်သွားရော။ ကျေးဇူးလေးတောင်လှမ်းမတင်သွားဘူး"

ယနေ့ညတွင်တော့ကျောင်းသားသစ်ကြိုဆိုပွဲရှိလေသည်။ ကျောင်းသားအသစ်၊အဟောင်းအားလုံးကပျော်ပျော်ရွှင်ရွှင်စားကြသောက်ကြသည့်အပြင်ကစားနည်းမျိုးစုံကိုလဲကစားကြသေးသည်။ သူတို့က သီချင်းစာသားလေးတွေမဲလိပ်နှိုက်စေပြီးနှစ်ယောက်တစ်ဖွဲ့တွဲစေသည်။ဤပွဲတွင်တစ်ကျောင်းလုံးပါ၀င်ဆင်နွှဲကြရာသီချင်းစာသားတစ်စုံရသူတိုင်းကတစ်ဖွဲ့ဖြစ်လေသည်။

တစ်ဖွဲ့တစ်ဖွဲ့နှင့်တွဲပြီးသွားတော့ Xiao Zhan အလှည့်ရောက်လာလေသည်။

'Xiao Zhan မင်းမဲလိပ်ထဲကသီချင်းဘာလဲ'

Yubin ကလှမ်းမေးလိုက်သည်။ Yubin က EC ဖြစ်ပြီးဒီကစားနည်းများကိုစီစဥ်သူထဲကတစ်ဦးလဲဖြစ်ပေသည်။ Xiao Zhan မှာကျောင်းရောက်ပြီးအသစ်သောသူငယ်ချင်းဆိုလို့ Yubin တယောက်သာရှိလေသည်။

The passionate lovers { Uni+Zawgyi }Wo Geschichten leben. Entdecke jetzt