Part 8 🚨🚨

6.5K 255 6
                                    

Unicode

🚨🚨🚨 Warning!

နည်းနည်းပါးပါး Warning ပါပါမယ်အသဲနှလုံးလေးတို့🌚🌚🌚🌚

'Zhan Zhan ရာသွားရအောင်ပါဟာ။ နော့်နော်။လာပါ'

'ငါမသွားချင်နေဘူး Zhou Cheng ရာ။ နောက်တပတ်ဆိုပြိုင်ပွဲရောက်ပြီ။ ငါနောက်ရက်တွေနားရတော့မှာမဟုတ်ဘူး။ '

'မင်းကလဲ။ အရင်နှစ်တွေကျတက်ပြီး၊ ငါအဖော်မရှိလို့ပါဟာနော့်နော်။ Welcome မှာ ဖူးစာဖက် fresher ညီမလေးလေးဘာလေးတွေ့လိုတွေ့ငြားပေါ့။ လုပ်ပါ။ နော်....လို့....'

'အေး...အေး...မင်းဆိုသည်မှာလည်း..အားရင်ဒါပဲစဥ်းစားနေ'

'လုပ်ပါ Zhan Zhan ရယ်...ချစ်တယ်လေ'

'လာလုပ်ပြမနေနဲ့ရုပ်ကြမ်းရီးနဲ့ဝေါ့'

'မင်းမလိုက်ရင်ငါ...အာဘွားပေးမှာနော်'

'အာဘွားတော့မပေးလိုက်ပါနဲ့...ဟင်း...သွားကွာ'

Zhan Zhan တို့နှစ်ယောက်သားပွဲထဲသို့၀င်လာကြသည်။ Zhou Cheng တယောက်ဇွတ်ငြင်းနေလို့သာသူလိုက်လာခဲ့ရခြင်းဖြစ်လေသည်။ လူရှုပ်တဲ့နေရာရှောင်လေ့မရှိပေမယ့်ဒီနေ့တော့သူတကယ်ကိုနားချင်နေတာဖြစ်သည်။ သူတို့ရောက်ချိန်တွင်ပြဇာတ်များကပြဖျော်ဖြေနေကြသည်။ တဖန် အဆို၊အက များဖြင့်။ Zhan Zhan တယောက်အနည်းငယ်စိတ်ကြည်လာသည်။ သို့သော်လည်း

'Zhou Cheng er နေ့တစ်ပိုင်းအစီအစဥ်ပြီးရင်ငါတို့ပြန်ရအောင်လေနော်'

'ဟာ..မင်းကလဲ King....Queen ရွေးတာကြည့်ပြီးမှပြန်မယ်လေ'

'မင်းဘာ့သာမင်းကြည့်'

'ဟေ့ရောင်ရေ...မင်းရဲ့ room-mate ကမဲအများဆုံးရထားတယ်တဲ့ငါ EC တွေနားကတစ်စွန်းတစ်စသိရတာ'

'အဲ့တော့....?'

'အဲ့တော့မင်းသူ့ကိုအားပေးသင့်တာပေါ့'

Xiao Zhan '........'

'အခုကမှာက X boys ဆိုတော့ Yubin တို့မလား'

Zhou Cheng ပြောလို့သူစင်ပေါ်တစ်ချက်လှမ်းကြည့်လိုက်သည်။ အလယ်မှာကနေသောကောင်လေးမှလွဲ၍တခြားသူများမှာမျက်နှာဖုံးမတပ်ထားပါ။ သူတို့ကနေသည်မှာအတော်လေးအပေးအယူလဲမျှကြ၍တော်တော်လေးကိုမိုက်သည်။

The passionate lovers { Uni+Zawgyi }Where stories live. Discover now