#Unicode
ချစ်သော...Mr.Min
ရှင်က လေပြေလေးဆို ကျွန်မက လေပြေလေးရဲ့ အထိအတွေ့ကိုခံယူချင်တဲ့
ပန်းလေးတစ်ပွင့် !
နူးညံ့တဲ့ပန်းလေးတစ်ပွင့်တော့မဟုတ်ဘူး
အကျည်းတန်ပြီးရိုင်းဆိုင်းတဲ့ပန်းလေးတစ်ပွင့်
အဲ့ပန်းလေးရဲ့ ချစ်ခြင်းဋီကာက
လေပြေလေးဆိုတဲ့ Mr.Min ကစတယ်။~~~~~~~~~~~~~Mr.
Min~~~~~~~~~~~~~မြောက်ပြန်လေ၏ ကျီစားသမှုက နူးညံ့ခြင်းမရှိ။
ဆိုးလ်မြို့တစ်ခုလုံးအား ဝါးမျိုသွားမတတ်။
တိုက်ခတ်လာသည့်လေတို့သည်ကား ကြမ်း
တမ်းသည့်ဘက်သက်ရောက်၏။လမ်းမအလယ်
ပျားပေါင်းလောင်ခတ်ရှုပ်ယှက်ခတ်နေသည့် လူအချို့တို့သည်ကား ပြိုတော့မယောင်ဖြစ်နေ
သည့် မိုးအားကြည့်ကာ ကြောက်ရွံ့တုန်လှုပ်
ဟန်ဖြင့် ခပ်သုတ်သုတ်လျှောက်လို့နေ၏။
ထိုသူတို့နှင့် ဆန့်ကျင်လျှက် အေးအေးလူလူ
လျှောက်နေသည့် လူတစ်ယောက်ရှိနေသလို
ကားမှတ်တိုင်နားရပ်နေသည့် ပေတေတေ
ကောင်မငယ်လေးတစ်ယောက်လဲရှိပေသည်။"" ကျစ် ! မိုးကလဲ ချီးမို့ရွာရတာလဲ?? မုန်းလိုက်
တာ ""အပြင်ထွက်ရမည်ကိုပျင်းသူပီပီ တစ်ပတ်မှာ
တစ်ခါလောက်သာထွက်သည့်အချိန်အခါမှ မိုးက အချိန်အခါမဆိုင်းရွာချလိုက်သည်မို့
သူ စုပ်တစ်ချက်သပ်ရင်း ညည်းညူလိုက်မိ
သည်။လူသူ ရှင်းနေသည့် လမ်းမပေါ် အုံလိုက်
ကျင်းလိုက်ရွာချလိုက်သည့် မိုးတို့အား အ
ကြောင်းအရင်းမရှိပါပဲကြည့်မိသည့်အခါ လူက
အလိုလိုမျက်မှောင်ကြုတ်မိပြီးသား။
ထီးမယူလာတတ်သည့်အပြင် ထီးကိုင်တတ်
သည့်အကျင့်မရှိသည်ကြောင့် မိုးရွာသည့်အချိန်
နှင့်ကြုံတိုင်း သူအမြဲဒုက္ခရောက်တတ်စမြဲ။ခပ်လှမ်းလှမ်းမှ ကားမှတ်တိုင်အားကြည့်မိ
သည့်အခါ မိုးခိုနေပုံပေါ်သည့် ကလေးငယ်မှ
လွဲ တစ်ယောက်မှမရှိသည်မို့ သူခပ်သုတ်သုတ်
ဖြင့်သာ ထိုကားမှတ်တိုင်ဆီ လျှောက်သွား
လိုက်မိသည်။မိုးမိ၍စိုရွှဲနေသည့်ကိုယ်လေးမှာ အချမ်းဒဏ်
အား တောင့်ခံနိုင်မည့်ပုံလဲမပေါ်။ ကြွက်စုတ်
ကလေးသာသာဖြစ်နေသည့်ကလေးလေးအား
မြင်မိသည့်အခါ သူ မျက်မှောင်ကြုတ်လိုက်
မိသည်။