#Unicode
မိုးနံ့တို့စင်လာသည့်လေထုကြား မွန်းကြပ်လာ
သည့်သူ၏စိတ်အဆင်သည်လည်းစတင်သက်
ဝင်လာသည်။မသတီစရာအရှေ့ကမြင်ကွင်းကို
ကြည့်ရင်း သူ လက်ထဲကိုင်ထားသည့်ဆေးလိပ်
အားတစ်ချက်ဖွာလိုက်မိသည်။ဆိုးရွားလာသည့်
ရာသီဥတုကြား ပြင်သစ်၏ရာသီဥတုသည်
လည်းဆိုးလ်၏ရာသီဥတုလောက်တောင်အခြေ
အနေမကောင်း။စုဝေးစုဝေးလုပ်နေကြသည့် လူအချို့တို့၏အ
ကြည့်တို့က သူရှိရာဆီဆိုက်ရောက်နေသည်။
မသကာ သူသိနေလို့သာပေါ်တင်မကြည့်ရဲကြ
တာ။သေချာသလောက်သူတို့ရဲ့စိတ်ထဲမှာတော့
သူမက ပြည့်တန်ဆာသာသာလောက်ပဲရှိတဲ့
မိန်းမဆိုပြီးကျိန်ဆဲနေကြမှာ"" ပါး! ဘာလို့သမီးတစ်ယောက်ထဲကိုထားခဲ့ရ
တာလဲ?? သမီးတစ်ယောက်ထဲလူ့လောကထဲမှာ
ဘယ်လိုရှင်သန်ရမှာလဲ ""ငိုကြီးချက်မနဲ့ငိုကျွေးနေသည့်တစ်ယောက်က သူမ၏တရားမဝင်သမီး။ထားသွားသည့်လင်
ယောကျ်ားအတွက်နဲ့သူမ ဘယ်တော့မှပူဆွေး
နေမိမှာမဟုတ်။အဲ့လူကိုသူမက ချစ်လို့ယူခဲ့တာ
မှမဟုတ်ပဲ။သူမချမ်းသာချင်လို့ သူမငွေမက်လို့
သူမနဲ့အသက်တူတဲ့ကောင်မလေးရဲ့အဖေကို
သူမအပိုင်ကြံခဲ့တာ…ပူဆွေးသောကရောက်နေတဲ့သူမရဲ့တရားမဝင်
သမီးလေးကိုကြည့်ပြီးသူမစိတ်ပေါက်ပေါက်နဲ့
စုပ်သပ်လိုက်မိသည်။အပိုလုပ်နေတာတွေတော်
သင့်ပြီမလား??"" မီယာ? ငိုနေတာရပ်ပြီးပြန်ကြရအောင်မိုးက
ရွာတော့မှာ သမီးမိုးမိလို့မဖြစ်ဘူးမလား?? ""နှာဖျားထိပ်လေးတွေနီရဲနေသည်က သူမအချိန်
တစ်ခုကြာသည်အထိငိုထားမှန်းသိပ်သိသာ
သည်။ဂျီယွန်း ငိုတဲ့သူတွေသိပ်မုန်းသည်။အမြဲ
တမ်းအားနည်းပြီး ရောဂါသည်လိုဖြစ်နေသည့်
မီယာဆိုသည့် သူမ၏တရားမဝင်သမီးကိုလည်း
သိပ်မုန်းသည်။ဘာကြောင့်မုန်းသလဲဆို သူမ၏
ချစ်လှစွာသော Mr.Min နှင့်ပတ်သက်နေလို့
ကိုမုန်းသည်။"" ဒီမှာလက်မှတ်ထိုးပြီးရင်ကိစ္စတွေအကုန်ပြတ်
ပြီပေါ့ okလေ ဒါဆို ဒီညပဲကျွန်မတို့ ဆိုးလ်ကို
ပြန်ကြတာပေါ့ ""