💞💞
"Hyung
ကျနော့ကို အဖြေပေးတော့ဗျာ""ဟင်.....ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး"
"Hyung ပဲ ဘွဲ့ရရင်အဖြေပေးမယ်ဆို"
"အင်းလေ မင်းက အခု ရမှမရသေးတာ ဘာလို့လာတောင်းနေတာလဲ"
"ဟာ အခု final exam ပြီးပြီဆိုတော့ ဘွဲ့ရပြီလေ
အတူတူပေါ့""Haha......အ့လိုပြောရအောင် မင်းက စာမေးပွဲက အောင်မှာမို့လို့လား"
"Hyung ဗျာ မညစ်ပတ်နဲ့ "
"ဟာ မညစ်ဘူးလေ ငါပြောတာ မဟုတ်လို့လား မင်းက စာလည်းတစ်လုံးမှ မကျက်ပဲဖြေထားတာ ကျသွားရင် ငါက ပေးလိုက်ရကျိုးဘယ်နပ်တော့မလဲ"
"ဟာဗျာ အောင်မှာလို့ စာမေးပွဲက ပြီးတော့ ကျနော် စောင့်ခဲ့ရတာ ၅ နှစ်တောင် ကျော်နေပြီ ပေးတော့ဗျာ"
"ဘာလဲ မင်းက မစောင့်ချင်တော့တဲ့သဘောလား
တခြားအသစ်တစ်ယောက် တွေ့နေလို့ ငါ့ကို စိတ်မရှည်တော့တာလား""အ့လိုမဟုတ်ဘူးလေ hyung ကလဲ
ကျနော်က အတင်းလိုချင်နေတယ်ဆိုတာက
ခုလိုကြီး မနေချင်တော့လို့လေ""ခုလိုမနေတော့ ဘယ်လိုနေချင်လို့လဲ
ဘာလဲ ဒီခုံပေါ်ထိုင်ရတာ သဘောမကျလို့လား""Hyung......သိရက်နဲ့ ရစ်နေတာ
ကျနော် အူယားလာပြီနော်
ရေထဲ ခုန်ချပစ်လိုက်မယ်"ပြောပြောဆိုဆို ထသွားသော Jongin ကို စချင်သေးတာနဲ့
"ခုန်ချလေ အဲ့တော့ ငါ့အချစ်ကိုမရလို့ မင်း ရေထဲခုန်ချသွားတယ်ဆိုပြီး ငါ Internet ပေါ်တင်လိုက်ရင် cele ဖြစ်သွားပြီ မိုက်တယ် "
"ခင်များဗျာ တကယ်လွန်တယ်"
ရုတ်တရက် ရေကန်ထဲကို ဝုန်းခနဲ ခုန်ချသွားသော ဂျစ်တူး
"ဟာ......Jongin ဘာလုပ်တာလဲ
ဟေ့ကောင်လေး ....... ရား......"ငယ်ငယ်တည်းက ရေစော့နေကျမို့ မနစ်နိုင်ဘူးထင်ထားပေမယ့်
တဖြေးဖြေး သူ့တစ်ကိုယ်လုံး ရေအောက်ရောက်သွားပြီး
ခေါင်းပါ နစ်မြုပ်သွားချိန်
YOU ARE READING
My Choco's so sweet (Z+U) (Completed)
Fanfiction🎶မင်းကြောင့်ဖြစ်တည်လာတဲ့ ငါ့ရဲ့ ရင်ခုန်သံ သံစဉ်တွေဟာ ငါတို့အသက်အရွယ်တွေ ပြောင်းလဲသွားရင်တောင် စည်းချက်လွဲသွားမှာ မဟုတ်သလို 🎶 🏊မင်းအတွက် စီးဆင်းလာတဲ့ ငါ့ရဲ့ ချစ်ခြင်းပင်လယ်ကြီးဟာလည်း ငါတို့တွေ အိုမင်းမစွမ်းတော့ရင...