💞💞
"ရား......Kim Jongin
အခု ထွက်လာခဲ့ ဘယ်မှာလဲ"
ကျနော် အာခေါင်ခြစ်ကာအော်တော့ အိပ်ခန်းတံခါးကြားကနေ
ဖရိုဖရဲ မျက်နှာပိုးနဲ့ ထွက်လာလေသော ထိုငပျင်း"မင်း.....မင်းအခု ဘာလုပ်လိုက်လဲသိကော သိရဲ့လား"
"Hyung ကလည်း ကျနော်မှ မကုန်းတတ်တာကို"
"မင်း....."
ဒေါသထွက်လွန်းလို့ ကျနော် ကိုယ့်နောက်စိကို ပြန်ထိန်းကိုင်လိုက်ရသေးသည်။"မင်း.....မကုန်းတတ်ရင်တောင် တည်ထားသင့်တယ်လို့်
အထင်မိဘူးလား ဟမ် အခု သားဖင်တွေ အကုန်ပေပွကုန်ပြီလေ""Hyung ကလည်း...... hyung အခု သန့်ရှင်းပေးခဲ့ပြီးပြီမလား ကျနော့ကို မဆူတော့ပါနဲ့ နော် နော်"
"Jongin မင်း ရင့်ကျက်သင့်နေပြီ အရင်လိုပဲ
ငါ့ကို အစစအရာရာ ကလေးတစ်ယောက်လို ဗိုလ်ကျချင်တယ်ဆိုလဲ ကလေးမယူခိုင်းခဲ့သင့်ဘူး
အခု ကလေးလဲရနေပြီဆိုတော့ မင်းကလေး တစ်ယောက်လိုမနေသင့်တော့ဘူး တခါတလေ ငါ အရမ်းပင်ပန်းတယ် မင်းသိလား""Hyung ကလည်း...... အ့လို အတည်ကြီးမပြောပါနဲ့
ကျနော် ငိုချင်လာပြီ
ဒီ....ဒီနေ့ တစ်နေ့လုံး hyung ဘာမှ မလုပ်နဲ့တော့လေ နော် ထမင်းချက်တာကော သားလေးကိုထိန်းတာကော သားလေးကိုသိပ်တာကော အိမ်သန့်ရှင်းရေးကော ကျနော် လုပ်လိုက်မယ်လေ နော်""..........."
ကျနော် ပြန်မဖြေမိ အမျိုးသားတစ်ယောက်ဖြစ်တဲ့ ကျနော့အတွက် တခါတရံ ဘာဆိုဘာမှ နားမလည်သေးတဲ့
သားလေး 'Dika´ ကို ထိန်းကျောင်းရတာ ခက်တဲ့အပြင်
သူ ဆိုတဲ့ ကလေးကြီးကိုပါ ထိန်းကျောင်းရတာ တကယ်မလွယ်တဲ့ အရာပါ။"အကျီချွတ် hyung"
တွေ့လား ပြောနေရင်းနဲ့ကို ဖောက်လာပြန်တဲ့ လူသား"ဘာလဲကွာ"
စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိပြန်တော့
မျက်နှာက မန်ကျည်းရွက်လောက်နဲ့
YOU ARE READING
My Choco's so sweet (Z+U) (Completed)
Fanfiction🎶မင်းကြောင့်ဖြစ်တည်လာတဲ့ ငါ့ရဲ့ ရင်ခုန်သံ သံစဉ်တွေဟာ ငါတို့အသက်အရွယ်တွေ ပြောင်းလဲသွားရင်တောင် စည်းချက်လွဲသွားမှာ မဟုတ်သလို 🎶 🏊မင်းအတွက် စီးဆင်းလာတဲ့ ငါ့ရဲ့ ချစ်ခြင်းပင်လယ်ကြီးဟာလည်း ငါတို့တွေ အိုမင်းမစွမ်းတော့ရင...